ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌအသစ်အဖြစ် ခူဦးရယ် ရွေးချယ်ခန့်အပ်ခံရ

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌအသစ်အဖြစ် ခူဦးရယ် ရွေးချယ်ခန့်အပ်ခံရ
Published 4 January 2022

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌအသစ်အဖြစ် ခူဦးရယ်ကို ရွေးချယ်ခန့်အပ်လိုက်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ ၁၄ ကြိမ်မြောက် ပါတီကွန်ကရက်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။

၁၄ ကြိမ်မြောက် ပါတီကွန်ကရက်တွင် ပါတီဥက္ကဋ္ဌတစ်ဦး၊ ပါတီဗဟိုကော်မတီဝင် ၁၈ ဦး၊ ပါတီအရံ ဗဟိုကော်မတီဝင် ခုနစ်ဦးတို့ကို ပါတီဝင်များ၏ လျှိူ့ဝှက်မဲဖြင့် ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့ကြခြင်း ဖြစ်သည်။

ပါတီကွန်ကရက်မှ ပါတီဗဟိုကော်မတီများ၊ ပါတီအရံဗဟိုကော်မတီများ ရွေးချယ်တင်မြှောက်ပြီးနောက် ပထမဦးဆုံးအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေးတွင် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီအား ကိုးဦးဖြင့် ဖွဲ့စည်းအတည်ပြုခဲ့ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ပါတီ၏ ဥက္ကဋ္ဌအဖြစ် ခူဦးရယ်၊ ပါတီ ဒုတိယဥက္ကဋ္ဌအဖြစ် အေဘယ်တွိဒ်၊ အထွေထွေအတွင်းရေးမှူးအဖြစ် ခူပလူးရယ်၊ အတွင်းရေးမှူး(၁)အဖြစ် ခူဒယ်နီယာ၊ အတွင်းရေးမှူး (၂)အဖြစ် အောင်ဆန်းမြင့်တို့ကို အသီးသီးရွေးချယ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များအဖြစ် စောခဲလေ၊ ခူတော်ရယ်(အက်စ်)၊ ခူညေးရယ်နှင့် စောလုသာသန်းတို့ကို ရွေးချယ်ခန့်အပ်ခဲ့သည်။