မော်လမြိုင်မြို့တွင် ကျပ် ၅၀၀ တန် ထမင်းဆိုင် စတင်ဖွင့်လှစ်

မော်လမြိုင်မြို့တွင် ကျပ် ၅၀၀ တန် ထမင်းဆိုင် စတင်ဖွင့်လှစ်
Published 12 December 2021

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အဝစား ကျပ် ၅၀၀ ထမင်းဆိုင်ကို သီရိမင်္ဂလာရပ် ဓမ္မာရုံ၌  ဒီဇင်ဘာ ၁၂ ရက်က ဒံပေါက်ဖြင့် စတင်ဖွင့်လှစ်ရောင်းချရာ စားသုံးသူများပြားခဲ့ကြောင်း သိရသည်။

“အဝစားငါးရာကို ဖွင့်ပွဲအနေနဲ့ ဒံပေါက်၊ ကြက်နဲ့ ရောင်းပေးတယ်။ ပွဲ ၄၀၀ စာ ပြင်ထားတယ်။ နောက်နေ့မှာ ကြက်တစ်မယ်၊ ဝက်တစ်မယ် ပုံမှန်ရောင်းသွားမယ်။ ဘယ်လောက်ကြာကြာ ရောင်းမလဲဆိုတာ အလှူရှင်ပံ့ပိုးမှုပေါ် မူတည်တယ်။ ဒံပေါက်ဆို ၇၀၀ အရှုံးရှိတယ်။ကိုယ်က ၅၀၀ တာဝန်ယူပြီး လိုတာပံ့ပိုးပေးတဲ့ သဘောပါ”ဟု မနောဖြူညီနောင်တော်များအဖွဲ့တာဝန်ရှိသူက ပြောကြားသည်။

 “ဒီရပ်ကွက်သားပဲ။ မိသားစုလေးယောက် ဆို ၂၀၀၀ ကျတယ်။ အပြင်မှာ ဒံပေါက်တစ်ပွဲ က ၄၀၀၀၊ အခု ၂၀၀၀ နဲ့ လေးယောက်က ဒံပေါက်စားရတော့ တန်တယ်”ဟု လာရောက် စားသူတစ်ဦးက ပြောကြားသည်။

ယခင်က မော်လမြိုင်မြို့ ကမ်းနားလမ်း တွင် Food Box ထားကာ ပိုသူလှူ လိုသူယူ အစီစဉ်ရှိခဲ့သော်လည်း ရေရှည်မရပ်တည်နိုင်ကြောင်း၊ ကိုယ်တိုင်အားဖြည့် တစ်ဖက်က ကူညီမည့်သူများပါဝင်သည့် ကျပ် ၅၀၀ တန် ထမင်းဆိုင်များ ကိုဗစ်ကာလအလုပ်အကိုင် ခက်ခဲချိန်တွင် ဒေသအနှံ့ရှိသင့်ကြောင်း မြို့ခံ တစ်ဦးက ပြေကြားသည်။

 

Most Read

Most Recent