■ ကာလာဖီအိုရီအတွက် အာဆင်နယ်အသင်း၏ ပေါင်သန်း (၄၀) တန် ကမ်းလှမ်းမှုကို ဘိုလော့ဂ်နာအသင်း ပယ်ချ     

■ ကာလာဖီအိုရီအတွက် အာဆင်နယ်အသင်း၏ ပေါင်သန်း (၄၀) တန် ကမ်းလှမ်းမှုကို ဘိုလော့ဂ်နာအသင်း ပယ်ချ     
Photo: Getty Images
Photo: Getty Images
Published 5 July 2024

အီတလီစီးရီးအေကလပ် အ သင်းတစ်သင်းဖြစ်သည့် ဘိုလော့ဂ်နာအသင်းသည် ၎င်းင်းတို့အသင်း၏ အီတလီလက်ရွေးစင်နောက်ခံလူ ကာလာ ဖီအိုရီအတွက် အာဆင်နယ်အသင်း၏ ပေါင် သန်း (၄၀) တန်ကမ်းလှမ်းမှု ကို ပယ်ချခဲ့ကြောင်း သိရသည်။

    

ကာလာဖီအိုရီသည် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် အီတလီအသင်းအတွက် ကိုယ်စားပြုကစားခဲ့ပြီး အီတလီအသင်း ရှုံးထွက်အဆင့်မှ လှည့်ပြန်ခဲ့ ရသော်လည်း ပုံစံကောင်း ပြသနိုင်ခဲ့သူဖြစ်သည်။ 

၎င်း၏ ကစားပုံကြောင့် ဥရောပထိပ်တန်းအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကိုခံခဲ့ရပြီး ယခုအချိန်တွင် အာဆင်နယ်အသင်းက ပထမ ဆုံးအကြိမ် တရားဝင်ချိတ်ဆက်ကမ်းလှမ်းခဲ့ခြင်းလည်းဖြစ်သည်။ 

သို့ရာတွင် ဘိုလော့ဂ်နာအသင်းကမူ အသက် (၂၂) နှစ်သာ ရှိသေးသည့် ၎င်းတို့အသင်း၏ နောက်ခံလူအတွက် ပေါင်သန်း (၄၀) တန် ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ခြင်းဖြစ်ပြီး အာဆင်နယ်အသင်းအနေဖြင့်ကြေးတိုးမြှင့် ကမ်းလှမ်းရန် လိုအပ်နေသည်။ 

လက်ရှိအချိန်တွင် ၎င်းအား ချယ်လ်ဆီးအသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရှိရသည်။

Most Read

Most Recent