မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများကို အလွန်စိုးရိမ်ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီ ထုတ်ပြန်

မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများကို အလွန်စိုးရိမ်ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီ ထုတ်ပြန်
Published 11 November 2021
Ref: AFP

၂၀၂၁ ခုနှစ် နိုဝင်ဘာ လအတွင်းပြုလုပ်သည့် လုံခြုံရေးကောင်စီအစည်းအဝေးတစ်ရပ်အား တွေ့ရစဉ် (Photo: UN)

 

မြန်မာနိုင်ငံတွင် မကြာသေးခင်က ဖြစ်ပွားခဲ့သော မငြိမ်သက်မှုကို အလွန်စိုးရိမ်သည်ဟု နိုဝင်ဘာ ၁၀ ရက်တွင် လုံခြုံရေး ကောင်စီက ထုတ်ပြန်လိုက်ပြီး အကြမ်းဖက်မှု ချက်ချင်းရပ်ရန်၊ အရပ်သားများ ထိခိုက်မှု မရှိစေအတွက် အားထုတ်ကြိုးပမ်းမှုများ လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။

တပ်မတော်နှင့် ရခိုင်ပြည်နယ်ရှိ ကြီးမားသောလက်နက်ကိုင်အုပ်စုတို့အကြား တိုက်ပွဲများဖြစ်ပွားသည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့သောကြောင့် ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင် လုံခြုံရေးကောင်စီက        

“မကြာသေးခင်က ဖြစ်ပေါ်တိုးတက်မှုများသည် ဘင်္ဂါလီများ ဘေးကင်းစွာပြန်လာနိုင်ရေး၊ ဂုဏ်သိက္ခာရှိရှိပြန်လာနိုင်ရေး၊ ဘေး ကင်းစွာ ပြန်လာနိုင်ရေး၊ ဆန္ဒအလျောက် ပြန်လာနိုင်ရေးအတွက် လေးနက်သော စိန် ခေါ်မှုများကို ဖြစ်ပေါ်စေသည်” ဟု ဖော်ပြခဲ့သည်။

လက်နက်ကိုင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိ သူက ပြောကြားသော တိုက်ပွဲများသည် ဖေ ဖော်ဝါရီလတွင် တပ်မတော်က အာဏာလွှဲ ပြောင်းယူခဲ့ပြီးနောက်ပိုင်း အနောက်ပိုင်း ဒေသ၌ ငြိမ်းချမ်းရေးကို ထိန်းထားသော အပစ်ရပ်စဲမှုကို ချိုးဖောက်ခဲ့သည်။

ဖေဖော်ဝါရီလတွင် တပ်မတော်က နိုင်ငံတော်အာဏာကိုလွှဲပြောင်းရယူခဲ့ပြီးနောက်ပိုင်း အစိုးရဆန့်ကျင်ရေးဖြိုခွင်းမှုများ၊ လက်နက်ကိုင်တိုင်းရင်းသာအဖွဲ့များပါဝင်သည့် နယ်စပ်ဒေသ၌ များပြားလာသောတိုက်ပွဲများ ဖြင့် မြန်မာနိုင်ငံသည် ဖရိုဖရဲဖြစ်လျက်ရှိ သည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများကို မျှမျှတတ၊ ဘေးကင်းကင်းနှင့် အတားအဆီးမဲ့ ပေးပို့ခြင်းနှင့် ဖြန့်ဝေခြင်းတို့ကို လုပ် ဆောင်ရန် လုံံခြုံရေးကောင်စီအဖွဲ့ဝင်များက တောင်းဆိုခဲ့ပြီး အကူအညီလိုအပ်နေသော ပြည်သူအားလုံးထံ ဘေးကင်း၍ အတား အဆီးမရှိသော လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ခွင့်ပြုရေးကိုလည်း တောင်းဆိုခဲ့ ကြသည်။

“ကာကွယ်ဆေးတွေ အားလုံးထံ ရောက် ဖို့နဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ရရှိစေဖို့၊ အဲဒီ ကာကွယ်ဆေးတွေကို မြန်မြန်ဆန်ဆန်ဖြန့် ပေးနိုင်ရေးအတွက် ပိုမိုကြီးမားတဲ့နိုင်ငံတကာ ထောက်ပံ့မှုကိုလည်း တောင်းဆိုပါတယ်လိုလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက မီးမောင်း ထိုးပြခဲ့ပါတယ် ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီတွင် နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် မြန်မာတပ်မတော်သည် AA နှင့် အပစ်ရပ်ရေးကို ဆောင်ရွက်မည်ဟု ထပ် လောင်းပြောကြားခဲ့သည်။

ယင်းသို့ AA နှင့် အပစ်ရပ်ထားခြင်းကြောင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ခိုက်ရာတွင် တပ်မတော် အနေဖြင့် စစ်သည်အင်အားပိုမိုရရှိလာခဲ့သည်။

ရခိုင်သို့ မြန်မာတပ်မတော်ဝင်ရောက်လာခဲ့ပြီးနောက် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု နိုဝင်ဘာ ၁၀ ရက်တွင် AA ပြော ခွင့်ရသူက AFP သတင်းဌာနကို ပြောကြားခဲ့သည်။

 

Most Read

Most Recent