ဒီဘားလားကိုခေါ်ယူရန် စိတ်ဝင်စားသည့် ထိပ်တန်းကလပ်အသင်းများစွာရှိနေ

ဒီဘားလားကိုခေါ်ယူရန် စိတ်ဝင်စားသည့် ထိပ်တန်းကလပ်အသင်းများစွာရှိနေ
Photo: Getty Images
Photo: Getty Images
Published 11 August 2021

 

ဂျူဗင်တပ်စ်တိုက်စစ်ကစားသမား ဒီဘားလားကိုခေါ်ယူရန် စိတ်ဝင်စားနေသည့် ထိပ်တန်းကလပ်အသင်းများစွာရှိနေသည်ဟု သတင်းများက ဖော်ပြခဲ့သည်။

"ဒီဘားလားနဲ့ ကျွန်တော် စကားပြောပြီးပါပြီ။ ဂျူဗင်တပ်စ်မှာပဲ သူဆက်နေအောင် ကျွန်တော်တို့ ဆွေးနွေးနေပါတယ်။ သူအသင်းမှာ ဆက်ရှိနေမယ်လို့ ကျွန်တော် ယုံကြည်မျှော်လင့်ထားပါတယ်"ဟု ဂျူဗင်တပ်စ် နည်းပြ အယ်လီဂရီက ဒီဘားလား၏အနာ ဂတ်နှင့်ပတ်သက်၍ ပြီးခဲ့သည့်ရက်ပိုင်းက အတည်ပြုပြောကြားခဲ့သည်။ 

သို့သော် ဒီဘားလားအား စာချုပ်သက်တမ်းတိုးရန်ကိစ္စမှာ ကြန့်ကြာမှုများရှိနေသဖြင့် အက်သလက်တီကို၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ အင်တာမီလန်အသင်းများက ကစားသမားနှင့်အသင်းအကြားအခြေအနေကို စောင့်ကြည့်နေလျက် ရှိကြောင်း သိရသည်။

 

Most Read

Most Recent