Hwasa သီဆိုထားသည့် “Maria” သီချင်း Views သန်း ၂၀၀ ပြည့်သွား 

Hwasa သီဆိုထားသည့် “Maria” သီချင်း Views သန်း ၂၀၀ ပြည့်သွား 
Photo:The Biaslist
Photo:The Biaslist
Published 29 July 2021

တောင်ကိုရီးယား မိန်းကလေး အဆိုတော်အဖွဲ့ MAMAMOO မှအဖွဲ့ဝင် Hwasa သီဆိုထားသည့် “Maria” သီချင်းသည် Youtube တွင် ဇူလိုင် ၂၈ ရက် ကိုရီးယားဒေသစံတော်ချိန် ည ၈ နာရီ ၄ မိနစ်ခန့်တွင် ကြည့်ရှုမှုအကြိမ်ရေ သန်း၂၀၀ ပြည့်သွားပြီ ဖြစ်သည်။

Hwasa ၏သီချင်းများထဲ “Maria” သီချင်းက သန်း၂၀၀ ပြည့်ခဲ့သည့် ပထမဆုံး တစ်ကိုယ်တော် မြူးဇစ်ဗီဒီယိုလည်း ဖြစ်သည်။

ထိုသီချင်းသည် ၂၀၂၀ ခုနှစ် ဇွန် ၂၉ ရက်တွင် ထွက်ရှိထားခြင်းဖြစ်သည့်အတွက် ယခုလို View သန်း၂၀၀ အောင်မြင်မှုရရန် အချိန်အားဖြင့် တစ်နှစ်နှင့် တစ်လနီးပါး ယူလိုက်ရသည်။

Mamamoo အဖွဲ့ကို ၂၀၁၄ ခုနှစ်တွင် RBW ဖျော်ဖြေရေးကုမ္ပဏီက ဖွဲ့စည်းခဲ့ပြီး Solar ၊ Moonbyul ၊ Wheein နှင့် Hwasa အဖွဲ့ဝင်လေးဦးရှိကာ ၂၀၁၄ ခုနှစ် ဇွန် ၁၈ ရက်တွင် “Mr.Ambiguous” အမည်ဖြင့်  ပွဲဦးထွက်သီချင်း ထွက်ရှိလာခဲ့သည်။

Most Read

Most Recent