ဟာရီကိန်းအတွက် ပေါင်သန်း(၁၀၀)နှင့် ကစားသမားအလိုက်ပေး၍ မန်စီးတီး ကမ်းလှမ်း

ဟာရီကိန်းအတွက် ပေါင်သန်း(၁၀၀)နှင့် ကစားသမားအလိုက်ပေး၍ မန်စီးတီး ကမ်းလှမ်း
Photo: Getty Images
Photo: Getty Images
Published 22 June 2021

မန်စီးတီးအသင်းသည် စပါးအသင်းမှ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းကို ပေါင်သန်း(၁၀၀)နှင့် ကစားသမားအလိုက်ပေး၍ ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

မန်စီးတီးအသင်းသည် ဟာရီကိန်းကို ယခုနွေရာသီတွင် အရခေါ်ယူရန် ပစ်မှတ်ထားနေပြီး ပထမဆုံးတရားဝင်ကမ်းလှမ်းမှုအဖြစ် ပေါင်သန်း(၁၀၀)နှင့်အတူ စတာလင်၊ လာပေါ့တ်၊ ဂျေးဇူးတို့ထဲမှ တစ်ဦးဦးကို အလိုက်ပေးမည်ဟု ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စပါးအသင်းဥက္ကဋ္ဌ လီဗီသည် ဟာရီကိန်းအတွက် အနည်းဆုံးပေါင်သန်း(၁၅၀)ရရှိပါက ရောင်းထုတ်ရန် စဉ်းစားမည်ဟု ဆိုထားသော်လည်း  တတ်နိုင်သမျှ အသင်းတွင် ဆက်ထိန်းထားရန် လိုလားနေသည်။

ထို့ကြောင့် မန်စီးတီးအသင်း၏ ကမ်းလှမ်းမှုကို လက်ခံဖွယ်မရှိကြောင်းလည်း သိရသည်။

ဟာရီကိန်းသည် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ခြေစွမ်းပြနိုင်ခြင်းမရှိသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသော်လည်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက နွေရာသီ နံပါတ်(၁)ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ယခုကမ်းလှမ်းမှု ငြင်းပယ်ခံရပါကလည်း ထပ်မံကမ်းလှမ်းသွားရန် စီစဉ်ထားကြောင်း သိရသည်။

စပါးအသင်းသည် ဟာရီကိန်းအပါအဝင် အဓိကကစားသမားများကို ရောင်းထုတ်လိုခြင်းမရှိသော်လည်း လက်ရှိအချိန်အထိ နည်းပြသစ် ခန့်အပ်နိုင်မှု မရှိသေးခြင်းနှင့် ချန်ပီယံလိဂ်ဝင်ခွင့် မရရှိသည့် အခြေအနေတို့ကြောင့် ကစားသမားအချို့က အသင်းပြောင်းရွှေ့ရန် လိုလားနေကြောင်းလည်း သိရသည်။

ဟာရီကိန်းကမူ ဆုဖလားအောင်ပွဲ ရရှိနိုင်မည့်အသင်းထံ ပြောင်းရွှေ့ရန် ဆန္ဒရှိနေပြီး သင့်တော်သည့် ကမ်းလှမ်းမှု ရရှိခဲ့ပါက လက်ခံစဉ်းစားပေးရန် အသင်းတာဝန်ရှိသူများထံ တောင်းဆိုထားကြောင်း သိရသည်။

Most Read

Most Recent