စာချုပ်သက်တမ်းကုန်ရန် နောက်ဆုံး (၁၂)လအတွင်း ဝင်ရောက်လာသည့် ပေါ့ဘာကို တစ်ပတ်ပေါင် (၄)သိန်းနှင့် နှစ်ရှည်သက်တမ်းတိုးရန် မန်ယူစီစဉ်

စာချုပ်သက်တမ်းကုန်ရန် နောက်ဆုံး (၁၂)လအတွင်း ဝင်ရောက်လာသည့် ပေါ့ဘာကို တစ်ပတ်ပေါင် (၄)သိန်းနှင့် နှစ်ရှည်သက်တမ်းတိုးရန် မန်ယူစီစဉ်
Photo: Getty Images
Photo: Getty Images
Published 21 June 2021

မန်ယူအသင်းသည် စာချုပ်သက်တမ်းကုန်ရန် နောက်ဆုံး (၁၂)လအတွင်းသို့ ဝင်ရောက်လာပြီဖြစ်သည့် ပေါ့ဘာအား တစ်ပတ်လုပ်ခ ပေါင် (၄၀၀၀၀၀) နှင့် နှစ်ရှည်စာချုပ်သက်တမ်းတိုးရန် စီစဉ်နေကြောင်း သိရှိရသည်။

ပေါ့ဘာသည် လက်ရှိအချိန်တွင် မန်ယူအသင်း၌ တစ်ပတ်ပေါင် (၃)သိန်းရရှိနေသူဖြစ်ပြီး ယခုတစ်ကြိမ်ဆွေးနွေးမှုသာ  အဆင်မပြေခဲ့ပါက မန်ယူအသင်းသည် ၎င်းကို  လာမည့်ရာသီကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပေးရတော့မည်ဖြစ်သည်။

ယင်းအတွက် ပေါ့ဘာအား တစ်ပတ်ပေါင် (၃)သိန်း ရရှိနေရာမှ ပေါင် (၄) သိန်းအထိ တိုးမြှင့်ပေးမည်ဖြစ်သလို၊ နောက်ထပ်မက်လုံးတစ်ခုအဖြစ် (၅)နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွားရန်ပါ စီစဉ်နေခြင်းလည်းဖြစ်သည်။

ယင်းအတွက်ကြောင့် ပေါ့ဘာ၏ စာချုပ်တန်ဖိုးမှာ အပိုဆုကြေးများမပါလျှင်ပင် ပေါင်သန်း (၁၀၀)အထိ တန်ဖိုးရှိနေမည်ဖြစ်ပြီး ပေါ့ဘာသည် တစ်နှစ်လုပ်ခအနေဖြင့်လည်း ပရီးမီးယားလိဂ်၏လစာငွေအများဆုံးရရှိသည့် ကစားသမားဖြစ်လာမည်ဖြစ်သည်။

ပေါ့ဘာသည် မကြာသေးမီက မန်ယူအသင်းနှင့် စာချုပ်ကိစ္စအပေါ် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာ၌     ''ကျွန်တော်က မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း (၁)နှစ် ကျန်နေသေးပြီး ဒါကို အားလုံးလည်း သိပါတယ်။ အခုအချိန်အထိလည်း သက်တမ်းတိုးဖို့ကိစ္စနဲ့ ပတ်သက်ပြီး အပြီးသတ်သဘောတူညီမှု လုံးဝမရသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်က အခုအချိန်မှာ မန်ယူကစားသမားအဖြစ်ပဲ ရှိနေပါသေးတယ်။ ဘောလုံးရာသီပြီးတာနဲ့ ကျွန်တော်ခရီးထွက်ခဲ့ပြီး အဲ့ဒီနောက်ပိုင်းလည်း အသင်းတာဝန်ရှိသူတွေရော၊ မန်နေဂျာနဲ့ရော ဘယ်သူနဲ့မှ စကားမပြောခဲ့ပါဘူး။ ကျွန်တော် ယူရိုပြိုင်ပွဲကိုပဲ အာရုံစိုက်ထားပါတယ်။ ပြိုင်ပွဲကာလအတွင်းလည်း ဒီကိစ္စကို စဉ်းစားဦးမှာမဟုတ်ပါဘူး''ဟု ဆိုခဲ့သည်။ 

Most Read

Most Recent