ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် PR စနစ် ကျင့်သုံးနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေး

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် PR စနစ် ကျင့်သုံးနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေး
Published 21 May 2021

နေပြည်တော်ရှိ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံးတွင် မေ ၂၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ၏ ဒုတိယ အကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် လာမည့်ရွေး ကောက်ပွဲတွင် PR စနစ် (အချိုးကျကိုယ်စား ပြုမှုစနစ်) ကျင့်သုံးနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“အဲဒီတော့ ကျွန်တော်တို့ ဒုတိယအကြိမ် အစည်းအဝေးဆွေးနွေးပွဲမှာတော့ နိုင်ငံ ရေးပါတီတွေကနေပြီးတော့ PR နဲ့ပတ်သက် လို့ ဘယ်လိုလုပ်ရင် PR ဒီဇိုင်းကို ဘယ်လိုလုပ် ရင် ကောင်းမလဲဆိုတာ ဆွေးနွေးပါ။ နောက် တစ်ခါ ရတဲ့ဟာတွေအပေါ်မှာ မူတည်ပြီး တော့ ဘယ်လိုဟာ ကောင်းတယ်ဆိုတဲ့ဟာအ ပေါ်မှာလည်း ကျွန်တော်တို့ ယူပါ့မယ်။ ဒီ ထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ချင်ရင် PR နဲ့ပတ်သက်လို့ နိုင်ငံရေးပါတီတွေက ဒီလို ဒီဇိုင်းရှိတယ်ဆိုတာရေး၊ ရေးတဲ့ဟာရယ်၊ ကျွန် တော်တို့ဆီကလည်း ပြုစုတာ တော်တော်များ ပါတယ်။ အဲဒါတွေရယ်၊ တတ်သိပညာရှင်၊ ရန်ကုန်တက္ကသိုလ် ဥပဒေဌာန၊ စသည်ဖြင့် တတ်သိပညာရှင်တွေနဲ့ ခေါ်ပြီးတော့ ကျွန် တော်တို့ Siminar လုပ်ပေးမယ်။  Siminar လုပ်ပြီးတော့ ဒီဟာ ဒီလို ဒီဇိုင်းဆိုရင် ကျွန် တော်တို့နိုင်ငံနဲ့ ဘယ်လိုသင့်တော်ရင် ကောင်းမလဲဆိုတာ သေချာဆွေးနွေးချင်တယ်။ အဲဒီတော့ အခုအချိန်မှာ နိုင်ငံရေးပါ တီများမှာလည်း ဒီဟာတွေက လေ့လာထား တာတွေလည်းရှိတော့ ဘယ်ဒီဇိုင်းလေးတော့ သင့်တော်တယ်ဆိုတာ အမြင်လေးတွေ ပြော ကြားပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက အစည်းအဝေးအဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

နေပြည်တော်ရှိ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံး၌ ဒုတိယအကြိမ်ပြု လုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲသို့ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ၊ ဇိုမီးဒီမိုက ရေစီအဖွဲ့ချုပ်၊ လီဆူအမျိုးသားဖွံ့ဖြို့တိုးတက် ရေးပါတီ (ဒူးလေးပါတီ)၊ အမျိုးသမီးပါတီ (မွန်)၊ ရခိုင့်ဦးဆောင်ပါတီ၊ “၀” အမျိုးသား ပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွှတ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၅၉ ပါတီ တက် ရောက်ခဲ့ကြောင်း သိရသည်။

UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက “ဒီမှာ နိုင်ငံ ရေးပါတီ ၉၃ ပါတီပေါ့။ ရှိတဲ့အခါကျတော့ ပါတီတွေက တစ်ချို့ပါတီတွေက ဓနအင်အား များတယ်။ များတဲ့အတွက် သူ့မှာ အင်အား များများ စုဆောင်းနိုင်တဲ့အနေအထားမျိုးရှိ တယ်။ တစ်ချို့ပါတီတွေကျတော့ အရည်အ ချင်းရှိတယ်။ သို့သော်လည်းပဲ သူ့မှာက ဓန အင်အားက နည်းတဲ့အခါကျတော့ စည်းရုံး ရေးအားက ကိုယ့်ရဲ့ ငွေအား အပေါ်လည်း မူတည်တယ်။ အဲဒီတော့ နောင်မှာ PR လုပ် တဲ့အခါမှာ ဥပမာ မြို့နယ် ၁၀ မြို့နယ်ရှိတဲ့နေ ရာကို မဲဆန္ဒနယ် တစ်နေရာသတ်မှတ်မယ်ဆို လို့ရှိရင် ကိုယ့်ရဲ့ စည်းရုံးရေးအားက နဂိုတုန်းက သုံးမြို့နယ်လောက် စည်းရုံးနိုင်တဲ့ ပါတဲ့ဟာမျိုး၊ ရပ်တည်လို့ဟာမျိုး မဟုတ်ဘူး။ ၁၀ မြို့နယ်က အနည်းဆုံး ခင်ဗျားတို့ အနည်းဆုံး စည်းလုံးရမယ်။ အဲဒီအတွက် ပါတီတွေက ကျွန်တော်ရဲ့ အကြံဉာဏ် ပြုချင်တာက ပါတီတွေက ကိုယ်နဲ့ သဘောထားတူတယ်။ လုပ် တာကိုင်တာ ညီတဲ့ပါတီတွေ စုကြည့်လိုက်ပါ။ စုပြီးတော့ ပြိုင်လို့ရှိရင် ကျန်တဲ့ပါတီကြီးတွေ အားလုံးကို ခင်ဗျားတို့ ယှဉ်လို့ရတယ်” ဟု ပြောကြားသည်။

PR စနစ်တွင် မဲဆန္ဒနယ်မြေ ကျယ်ပြန့် မည်ဖြစ်ခြင်းကြောင့် ပါတီအချင်းချင်း ပေါင်း စည်း၍ ယှဉ်ပြိုင်ပါက ပိုမိုအကျိုးရှိမည်ကို တွေ့ရှိရကြောင်းနှင့် လာမည့်ရွေးကောက်ပွဲ တွင် PR စနစ်ကျင့်သုံးနိုင်ရေးအတွက် နိုင်ငံ ရေးပါတီများထံသို့ စာတမ်းများ တောင်းခံထားကြောင်း UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြော ကြားသည်။

“အဲဒီတော့ လာမယ့်ရွေးကောက်ပွဲမှာ အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံး နိုင်ဖို့အတွက် ပထမအကြိမ် ညှိနှိုင်းအစည်း အဝေးမှာ ပြောဆိုဆွေးနွေးခဲ့ကြတာရှိပါ တယ်။ ကျွန်တော်တို့ဆီကလည်း စာတမ်းတွေ တောင်းပါတယ်။ တောင်းတော့ အချို့ပါတီ တွေကလည်း စာတမ်းတွေ ပေးပို့ပါတယ်။ ကောင်းပါတယ်။ ကျန်တဲ့ပါတီအချို့ကလည်း သဘောတူတယ် စသည်ဖြင့်လည်းပဲ ပို့တယ်။ အဲဒီတော့ အချိုးကျ ကိုယ်စားပြုစနစ်လုပ်တဲ့ အခါမှာ ပုံစံက မျိုးစုံရှိတယ်။ ပုံစံဒီဇိုင်းမျိုးစုံရှိ တဲ့အခါမှာ ဘယ်ဒီဇိုင်းကြိုက်သလဲ၊ ဘယ်ဒီ ဇိုင်းကတော့ ကိုယ်နဲ့သင့်တော်မလဲဆိုတာ အကြမ်းဖျင်းပါတီတွေက ဆွေးနွေးပေးပါ။ ဥပမာ ဒီဇိုင်းဆိုတာက တစ်ချို့က ရောနှော တာရှိတယ်။ မဲဆန္ဒနယ် ဒီလိုလေးဖွဲ့လိုက်ရင် ရတယ်။ စသည်ဖြင့် အကျဉ်းလောက်ပဲ ပြော လိုက်ရင် သဘောပေါက်ပါတယ်။ အဲဒီတော့ ဘယ်လွှတ်တော်တွေမှာ ကျင့်သုံးချင်သလဲ။ လွှတ်တော်အားလုံးမှာ ကျင့်သုံးလို့ရမလား ဆိုပြီး ကျွန်တော်တို့ ဒီမှာ ပထမဆွေးနွေးပါမယ်” ဟု UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြား သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နှင့် နိုင်ငံရေးပါတီများ၏ ဒုတိယအကြိမ် တွေ့ ဆုံဆွေးနွေးပွဲတွင် PR စနစ်ကျင်းသုံးရေးကိစ္စ ရပ်နှင့်ပတ်သက်၍ တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက လည်း မည်သို့ ကျင့်သုံးသင့်သည်၊ မည်သည့်စနစ်က သင့်လျော်သည်၊ မဲဆန္ဒနယ်များ ဖွဲ့ စည်းရေးစသည့်ကိစ္စရပ်များကိုလည်း ဆွေး နွေးခဲ့ကြသည်။

“တိုင်းရင်းသားတွေရဲ့ အခွင့်အရေးမ နစ်နာအောင် ကျွန်တော် ပြီးခဲ့တဲ့တစ်ခေါက် ကလည်း ပြောတယ်။ မဲစာရင်းမှာဆိုရင် လူက နည်းနည်းလေးရယ်။ ဒီရန်ကုန်မှာ အများကြီး၊ သို့သော် ကိုယ်စားလှယ်တစ်ယောက်စီပေး ထားတာ တိုင်းရင်းသားအခွင့်အရေးကို ပေး ချင်လို့ ထားထားတာ။ အဲဒီအတိုင်းပဲ ဒီဖွဲ့ စည်းပုံအခြေခံဥပဒေကလည်း အဲဒီပေးထား တဲ့ အခွင့်အရေးအရပဲ ကျွန်တော်တို့ စဉ်းစား ပြီးတော့ ဆောင်ရွက်ကြတာပေါ့။ မဖြစ်နိုင်တဲ့ ဟာတွေ ဒီထက်ပိုကောင်းတာဆိုရင် ခင်ဗျား တို့ လွှတ်တော်ကျတော့မှ ပြင်ကြ။ ပြင်ပြီးတဲ့ အခါကျတော့ ပြန်ဆွဲရတယ်။ အခုဟာက တော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအ ပေါ်မှာပဲ မူတည်ပြီးတော့ အကောင်းဆုံးဖြစ် အောင် ကျွန်တော်တို့ စဉ်းစားမယ်။ စဉ်းစား တဲ့ဟာအပေါ်မှာ ခင်ဗျားတို့နဲ့ ကျွန်တော်တိုင် ပင်မယ်။ တိုင်ပင်ပြီးတော့ ၂၀၀၈ ကတော့ ပေးထားချက်ကတော့ ဒါပဲ ရှိတယ်။ အဲဒီထဲက ဒီဟာအကောင်းဆုံးဖြစ်အောင်လုပ်မယ်။ အဲ ဒီလိုပဲ ညှိကြတာ ကောင်းမယ်ထင်ပါတယ်” ဟု UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက နိုင်ငံရေးပါတီ များ၏ PR နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြမှု များကို ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

Most Read

Most Recent