ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများက ရောဂါကူးစက်မှုကို တားဆီးနိုင်မည်လော

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများက ရောဂါကူးစက်မှုကို တားဆီးနိုင်မည်လော
Published 1 March 2021
မြတ်သက်မှူးကို

စကော့တလန်နိုင်ငံ၏ လူဦးရေ ငါးပုံ တစ်ပုံကို Pfizer သို့မဟုတ် Oxford /Astrazeneca ၏ ကာကွယ်ဆေးထိုးနှံစမ်းသပ်ခဲ့ရာတွင် ကာကွယ်ဆေးများသည် ရောဂါလက္ခဏာ ပြသမှုနှင့် ဖျားနာမှုများမှ ၉၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း ....

စကော့တလန်နှင့် အစ္စရေးနိုင်ငံတို့၏  ယခုသီတင်းပတ်အတွင်း အစီရင်ခံစာများအရ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများသည် လူများအား ဖျားနာမှုမှ ကာကွယ်ပေး နိုင်ကြောင်း တွေ့ရှိခဲ့ပြီးနောက် နောက်ထပ် ထွက်ပေါ်လာသော မေးခွန်းတစ်ရပ်မှာမူ ယင်းကာကွယ်ဆေးသည် ဗိုင်းရပ်စ်ကူးစက်မှုများကို တားဆီးကာကွယ်နိုင်မည်လားဟူ၍ဖြစ်သည်။

ကျွမ်းကျင်သူများကမူ ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ ထိုး နှံမှုကြောင့် ရောဂါလက္ခဏာများခံစားရသည့် အခြေအနေကိုသာမက ကူးစက်မှုကိုပါ တား ဆီးကာကွယ်နိုင်မည်ဆိုလျှင် ရောဂါပျံ့နှံ့မှုကို သိိသိသာသာ နှေးကွေးစေနိုင်ပြီး ပုံမှန်အခြေ အနေကို အမြန်ဆုံးရောက်ရှိနိုင်မည်ဟု ဆိုကြ သည်။

“ကူးစက်မှုနှုန်းအပေါ် အမှန်တကယ် ထိရောက်မှု အလွန်မြင့်မယ်ဆိုရင် ဒါဟာ လူအုပ်စုလိုက် ကိုယ်ခံအားရရှိဖို့လိုအပ်တဲ့ ကျွန်တော်တို့အတွက် သတင်းကောင်းတစ်ရပ်ပါ ပဲ”ဟု ဟားဗတ် T.H Chan ပြည်သူ့ကျန်းမာ ရေးကျောင်းရှိ ကူးစက်ရောဂါဒိုင်နမစ်အတွက် စင်တာညွှန်ကြားရေးမှူး မာ့ခ်လစ်စတစ်ချ်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

လူဦးရေစုစုပေါင်း၏ ၆၀ မှ ၈၀ ရာခိုင်နှုန်းကြား လူအုပ်စုလိုက် ကိုယ်ခံအားရရှိမည် ဆိုလျှင် ဗိုင်းရပ်စ်ကူးစက်မှုကို ခုခံကာကွယ် နိုင်ပြီး ကာကွယ်ဆေးထိုးနှံပြီးသည်ဖြစ်စေ မပြီးသေးသည်ဖြစ်စေ အပြင်းစားမဟုတ် သည့် ကူးစက်ဖျားနာမှုသာဖြစ်နိုင်ပြီး အသက် ရှင်နိုင်မည်ဖြစ်သည်။

သို့သော် Pfizer, Moderna, Astrazeneca ကာကွယ်ဆေးများနှင့် တရုတ်၊ ရုရှား နှင့် အိန္ဒိယထုတ်ကာကွယ်ဆေးများက ဗိုင်း ရပ်စ်ကူးစက်ခံရမှုကို အနည်းငယ်မျှသာ ကာ ကွယ်ပေးနိုင်မည်ဆိုလျှင် ကာကွယ်ဆေးထိုးနှံ ရန် အဆင်သင့်ဖြစ်နေကြသူများပင် အမှတ်မဲ့ ဗိုင်းရပ်စ်သယ်ဆောင်သူများဖြစ်ရန် အလား အလာရှိနေသည်။

“ကာကွယ်ဆေးတွေဟာ ဖျားနာတာ တွေ၊ ဆေးရုံတက်ရောက်ကုသရမယ့် အခြေ အနေတွေနဲ့ သေဆုံးနိုင်တဲ့အခြေအနေတွေ ကနေ ကာကွယ်ပေးနိုင်ပေမဲ့လည်း ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကို လုံလောက်စွာကာကွယ် ပေးနိုင်မှာမဟုတ်တဲ့အပေါ် စိုးရိမ်မှုတွေမြင့်တက်နေကြပါတယ်”ဟု ဗြိတိန်အခြေစိုက် ကူးစက်ရောဂါထိန်းချုပ်မှုဆိုင်ရာ အတိုင်ပင် ခံတစ်ဦးဖြစ်သည့် ပီတာအင်္ဂလိပ်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

ဗိုင်းရပ်စ်မျိုးကွဲသစ်များ လွတ်မြောက်နေ

လူ့အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ် ငန်းများသည် ကပ်ရောဂါကြောင့် ထိခိုက်နစ် နာနေကြပြီး ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်များ လုပ်ဆောင်နေသည့်တိုင် ရေ ရှည်နှာခေါင်းစည်းတပ်ဆင်ခြင်း၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်းနှင့် အနည်းနှင့် အများ ပြင်းထန်သည့် Lockdown  ချမှတ်မှု များနှင့် ရင်ဆိုင်နေရသည်။

“ဗိုင်းရပ်စ်မျိုးကွဲသစ်တွေဟာ ကာကွယ် ဆေးတွေကနေ လွတ်မြောက်နေတာဟာ ကြီး မားတဲ့အန္တရာယ်ဖြစ်ပြီး ဗိုင်းရပ်စ်ဆက်လက် ကူးစက်ပျံ့နှံ့နိုင်ပါတယ်”ဟု အင်္ဂလိပ်က ပြော ကြားခဲ့သည်။

အင်္ဂလန်၊ တောင်အာဖရိကနှင့် ဘရာ ဇီးနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော ဗိုင်းရပ်စ်မျိုး ကွဲသစ်များသည် ပိုမိုကူးစက်မြန်ခြင်း၊ သေ ဆုံးမှုနှုန်း ပိုမိုမြင့်တက်ခြင်းနှင့် ယင်းနှစ်မျိုး စလုံး ဖြစ်ပေါ်နိုင်ခြင်းတို့ကြောင့် စိုးရိမ်မှုများ မြင့်တက်နေသည်။

သို့သော် မကြာသေးမီကပြုလုပ်ခဲ့သည့် သုတေသနတွေ့ရှိချက်များကြောင့် မျှော်လင့် ချက်ရောင်ခြည်များ မြင်တွေ့ခဲ့ကြသည်။

စကော့တလန်နိုင်ငံ၏ လူဦးရေ ငါးပုံ တစ်ပုံကို Pfizer သို့မဟုတ် Oxford /Astrazeneca ၏ ကာကွယ်ဆေးထိုးနှံစမ်းသပ်ခဲ့ရာတွင် ကာကွယ်ဆေးများသည် ရောဂါလက္ခဏာ ပြသမှုနှင့် ဖျားနာမှုများမှ ၉၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။

ထို့ပြင် အစ္စရေးတွင်လည်း လူ ၆၀၀,၀၀၀ အား ကာကွယ်ဆေးထိုးနှံပြီးသူနှင့် မထိုးနှံရ သေးသူဟူ၍ အုပ်စုနှစ်ဖွဲ့ခွဲပြီး လေ့လာရာ၌ ကာကွယ်ဆေးသည ်ဖျားနာမှုကို လျှော့ချပေး  နိုင်ကြောင်း တွေ့ရှိခဲ့သည်။

စကော့တလန်သုတေသနနှင့် မတူသည့် အချက်မှာမူ အစ္စရေးတွင် ကာကွယ်ဆေးထိုးနှံပြီးသူများတွင် ဗိုင်းရပ်စ်ကူးစက်ခံရမှုနှုန်း သိသိသာသာလျော့ကျပြီး ကာကွယ်ဆေး ဒုတိယတစ်လုံး ထိုးနှံပြီးနောက် သီတင်းတစ် ပတ်အောက်နည်းသည့်အချိန်အတွင်း ထိ ရောက်မှု ၉၂ ရာခိုင်နှုန်းရှိသည်ကို တွေ့ရ သည်။

ရလဒ်များကို အားပေးခြင်း

အစ္စရေးသည် ရောဂါလက္ခဏာပြသမှု မရှိသည့် လူများအကြား ဗိုင်းရပ်စ်ကူးစက်ခံ ရခြင်း ရှိ၊ မရှိ စနစ်တကျ စမ်းသပ်မှုမရှိခြင်း ကြောင့် အမှန်တကယ် ကာကွယ်ဆေး၏ ကာ ကွယ်နိုင်စွမ်းသည် ယခုထက်မြင့်မားနိုင်ဖွယ် မရှိကြောင်း သုတေသီများက မှတ်ချက်ပြုခဲ့ ကြသည်။

“သူတို့တွေက ရောဂါလက္ခဏာပြသ ခြင်းမရှိတဲ့ ကူးစက်ခံရသူအချို့ကို လိုက်လံ ထောက်လှမ်းဖို့ အားနည်းပါတယ်။ ရောဂါ လက္ခဏာမပြတဲ့လူတွေဟာ ဗိုင်းရပ်စ်ပိုးသယ် ဆောင်နိုင်တယ်ဆိုတာကို ကျွန်တော်တို့တွေ သိထားကြပြီးဖြစ်ပါတယ်”ဟု အင်္ဂလိပ်က ပြောကြားခဲ့သည်။

သို့သော် ရလဒ်များကို ဆက်လက်အား ပေးနေဆဲဖြစ်သည်ဟု ၎င်းင်းက ထပ်မံပြော ကြားခဲ့သည်။

“ဒီတွေ့ရှိမှုတွေက ကျွန်တော်တို့ကို မျှော်လင့်ချက်တွေဖြစ်စေပါတယ်။ ဒီနေရာ မှာ မေးစရာတစ်ခုရှိတာက ဗိုင်းရပ်စ်ကူးစက် တာတွေကို တားဆီးဖို့ Lockdown ချတာ တွေ၊ နှာခေါင်းစည်းတပ်ဆင်တာတွေလိုမျိုး ကာကွယ်မှုတွေကို တဖြည်းဖြည်းနဲ့ မလိုအပ် တော့ဘူးလားဆိုတာပါပဲ”ဟု အင်္ဂလိပ်က ပြောကြားခဲ့သည်။

သို့သော် အောင်မြင်ခဲ့ပြီးသော ကာ ကွယ်ဆေးများနှင့် လူပေါင်းသောင်းချီကို ရာ နှင့်ချီသည့် စမ်းသပ်မှုများ လုပ်ဆောင်နေ သော်လည်း ကာကွယ်ဆေးများသည် ဗိုင်း ရပ်စ်ကူးစက်မှုများကို မည်ကဲ့သို့ ကောင်းမွန် စွာ ပိတ်ပင်တားဆီးနိုင်မည်ဆိုသည့်အချက် ကို ယခုချိန်ထိ မသိရှိကြသေးပေ။

“ကမ္ဘာ့အသိုင်းအဝိုင်းက ဒီပြဿနာကို ဘယ်လိုအဖြေရှာကြမှာလဲဆိုတဲ့ မေးခွန်းကို  အမြန်ဆုံးဖြေပေးဖို့ လိုပါတယ်”ဟု ၎င်းင်းက ဆက်လက်ပြောကြားခဲ့သည်။

ရောဂါလက္ခဏာမပြသူများ သေဆုံးနိုင်မှု

နောက်ထပ်အကြောင်းပြချက်တစ်ခု မှာမူ ရောဂါလက္ခဏာမပြသည့် COVID-19  လူနာများ သေဆုံးနိုင်မှုကိုကာကွယ်ရန် လူပေါင်းသန်းချီ ဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ၊ မရှိ ခြေရာခံသည့်စိန်ခေါ်မှုဖြစ်သည်။

“ရောဂါလက္ခဏာမပြတဲ့လူ ဘယ်လောက် များများရှိလဲဆိုတာ အဖြေရှာဖို့လိုပါတယ်။ လူတိုင်းကို ပုံမှန်စစ်ဆေးမနေဘဲ သူတို့ ရောဂါကူးစက်ခံရခြင်း ရှိ၊ မရှိဆိုတာကို ဘယ်လို သိရှိနိုင်မှာလဲ”ဟု အင်္ဂလိပ်က ပြောကြားခဲ့ သည်။

အကန့်အသတ်ဖြင့်ရရှိထားသည့် အ ချက်အလက်များအရ ကာကွယ်ဆေးများ သည် ဗိုင်းရပ်စ်ကူးစက်ခံရမှုကို တစ်စိတ်တစ် ပိုင်း လျှော့ချပေးနိုင်ပြီး ရှင်းလင်းစွာ ထပ်မံ သိရှိနိုင်ရန်အတွက် ဆက်လက်လေ့လာနေ သည်ဟု ဂျော့ချ်တောင်း တက္ကသိုလ်ဆေး ဘက်ဆိုင်ရာစင်တာရှိ ကမ္ဘာလုံးဆိုင်ရာ သိပ္ပံ ကျန်းမာရေးနှင့် လုံခြုံရေးစင်တာ၏ ရောဂါ ပိုးမွှားဗေဒပညာရှင် အန်ဂျလာရက်စ်မက်စ် ဆင်းက နယူးယောက်တိုင်းမ်သတင်းဌာနကို ပြောကြားခဲ့သည်။

အမေရိကန်ရှိ Moderna  ဆေးကုမ္ပဏီ ၏ ကာကွယ်ဆေးစမ်းသပ်မှုမှ သိသာထင်ရှား စွာ တွေ့မြင်ရသည်။

“လူတွေဟာ ကာကွယ်ဆေးဒုတိယတစ်လုံး လာပြီးထိုးနှံခံတဲ့အချိန်မှာ သူတို့တွေက နှာခေါင်းကနေ ဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ၊ မရှိ စစ်ဆေးမှုခံယူကြပါတယ်”ဟု သုတေသန တွင်ပါဝင်သည့် လစ်ပ်စတစ်ချ်က ဆိုသည်။

“ကာကွယ်ဆေးထိုးနှံခံပြီးနောက် ၂၈ ရက်အကြာမှာ ဗိုင်းရပ်စ်ကူးစက်ခံရနိုင်တဲ့အ ခြေအနေကနေ ၆၀ ရာခိုင်နှုန်းကျော် ကာ ကွယ်ပေးနိုင်ပါတယ်။ တစ်ခုခုဖြစ်လာခဲ့ပြီဆို ရင် အကျိုးသက်ရောက်မှုက ပိုပြီးတောင်များ လာနိုင်ပါတယ်”ဟု လစ်ပ်စတစ်ချ်က ပြောကြားခဲ့သည်။                                   

Ref: AFP