လွမ်းစရာ ပုဂံမြေ၊ သမိုင်းထဲက ရွှေပေါက္ကံ

လွမ်းစရာ ပုဂံမြေ၊ သမိုင်းထဲက ရွှေပေါက္ကံ
ပုဂံ ရှေးဟောင်းယဉ်ကျေးမှုဒေသ ရွှေစည်းခုံစေတီကို ဖူးတွေ့ရစဉ် (ဓာတ်ပုံ-စည်သာ-တောင်ကြီး)
ပုဂံ ရှေးဟောင်းယဉ်ကျေးမှုဒေသ ရွှေစည်းခုံစေတီကို ဖူးတွေ့ရစဉ် (ဓာတ်ပုံ-စည်သာ-တောင်ကြီး)
Published 10 June 2024
စည်သာ (တောင်ကြီး)

      ကျွန်တော် ရှမ်းပြည်နယ်မှ ရှေးဟောင်း စေတီတော်များကို လေ့လာရင်း ပုဂံဘုရား များကိုလည်း ဖူးမြော်လိုစိတ် ဖြစ်မိသဖြင့် ပုဂံ ဘုရားဖူးခရီးထွက်ဖြစ်ခဲ့သည်။

          ထိုနေ့က တစ်နေကုန်မိုးရွာနေ၍ အောင် ပန်း၊ ကလောမြို့တွင်မူ မိုးဖွဲဖွဲကျဆင်းနေပါ သည်။ မွန်းလွဲပိုင်းအချိန် ဝက်ဖြူရေရောက် ရှိချိန် မိုးတိတ်သော်လည်း တိမ်သားမည်းများ ကျန်ရစ်နေသေးသည်။ ဆက်လက်ထွက်ခွာ လာရာ မွန်းလွဲပိုင်း ၃ နာရီခန့် ပုဂံကိုရောက် ရှိသည်။ ဘဝအဆက်ဆက် ရေစက်ကြောင့် လား၊ ပဋ္ဌာန်းဆက် ကြောင့်လား မသိ ပုဂံတွင် အကြာကြီးနေလိုစိတ်ဖြစ်ပေါ်မိသည်။

လွမ်းစရာ ပုဂံ

          ပုဂံကို ရောက်သည်နှင့် အရင်ဆုံး ခံစားမိ သည်မှာ ရှေးနှစ်ပေါင်း ၁၅၀၀ ကျော်က ဖြတ် သန်းလာရသော မြန်မာ့လူနေမှုစနစ်နှင့် ယဉ် ကျေးမှု အတိတ်သမိုင်းကို မြင်တွေ့ခံစားမိပါ သည်။ မြန်မာဘုရင်များလက်ထက် ဘုန်းမီးနေ လ ထွန်းတောက်ခဲ့ချိန် နိုင်ငံတော်၏ ဓနအင် အားကိုလည်း ခန့်မှန်းမိပါသည်။ ပုဂံ (ခေါ်) တမ္ပဒီပသည် မြန်မာနိုင်ငံ၏ ပထမဆုံးဧက ရာဇ်နိုင်ငံတည်ထောင်ရာ မြို့တော်ဟူ၍ မြန် မာတို့အတွက် အမျိုးသားရေးလက္ခဏာတစ် ရပ်ဖြစ်သည်။ ပုဂံတွင် များပြားလှသည့်ရှေး ဟောင်းလက်ရာ စေတီပုထိုးများကြောင့် ယဉ် ကျေးမှုအမွေအနှစ်များကို တစ်နေရာတည်း ၌ စုံစုံလင်လင် လေ့လာနိုင်သဖြင့် ကမ္ဘာလှည့် ခရီးသည်တို့ကို ဆွဲဆောင်ရာနေရာအဖြစ် ကမ္ဘာကျော်သည့် ခရီးသွားဒေသတစ်ခုလည်း ဖြစ်သည်။ (အင်းလေးသည် ဒုတိယခရီးသွား မြို့တော် ဖြစ်သည်)။

          ကျွန်တော်လည်း ပုဂံရောက်ခိုက် ရသမျှ အချိန်လေးတွင် လေ့လာမှုများ ပြုလုပ်ရသည်။ပုဂံအလိုတော်ပြည့်ကျောင်းမှ ဦးပဥ္စင်းကို မေး လျှောက်ကြည့်ရာ ပုဂံတွင် လည်ပတ်စရာ ၁၉ နေရာ ရှိသည်ဟု ရှင်းပြသည်။ ထိုနေရာများမှာ (၁) ရွှေစည်းခုံ (ဆံတော်)၊  (၂) ငှက်ပစ်တောင်၊ (၃) အရှင်အဇ္ဇဂေါဏ၊ (၄) ဓမ္မရာဇက၊ (၅) လောကနန္ဒာ (ဆံတော်)၊ (၆) မနူဟာ၊ (၇) မြ စေတီ (ကျောက်စာ)၊ (၈) ပြတိုက်၊ (၉) ကန် တော့ပလင်၊ (၁၀) ဗူးဘုရား၊ (၁၁) မဟာဗောဓိ၊ (၁၂) ရွှေနန်းတော်၊ (၁၃) ရွှေဂူကြီး၊ (၁၄)သဗ္ဗေညု၊ (၁၅) အာနန္ဒာ၊ (၁၆) ဓမ္မရံကြီး၊ (၁၇) စူဠာမဏိ၊ (၁၈) ထီးလိုမင်းလို၊ (၁၉) အလိုတော်ပြည့်တို့ဖြစ်ကြောင်း စာသားနှင့် ရှင်းပြပေးသည်။

          ဦးပဥ္စင်းက ရှင်းပြပေးသည်မှာ ပုဂံဒေသ သည် မိုးကွင်းသောဒေသဖြစ်ကြောင်း၊ မိုးအုံ့ လာလျှင်လည်း ပုပ္ပားဘက်သို့ မိုးရိပ်လေရိပ် များ ပါသွားတတ်ကြောင်း ဆိုသည်။ ပုဂံတွင် မိုးရွာသောအချိန်မှာ မိုးနှောင်းချိန်နှင့် လေမုန် တိုင်းတိုက်ခတ်ချိန်တို့တွင် ရွာလေ့ရှိကြောင်း ဆိုသည်။ ကျွန်တော်တို့ရောက်ချိန် ညနေပိုင်း တွင် မိုးဖွဲဖွဲလေးသာကျပါသည်။ သို့သော် ဘုရားဧည့်လမ်းညွှန်တစ်ဦး ဖြစ်သူ စိုးဝေဖြိုးက ရှင်းပြရာ ဘုရင်မင်းမြတ်တည်ထားသော ဘု ရားစေတီပေါင်း ၂၄  နေရာ ရှိသည်ဟုဆိုသည်။ ထိုနေရာများမှာ (၂၀) မင်းအိုချမ်းသာ၊ (၂၁) မဟာဗောဓိ၊ (၂၂) နဂါးရုံဘုရား၊ (၂၃) အပယ် ရတနာဘုရား၊ (၂၄) မြင်းကပါဂူပြောက်ကြီး ဘုရားတို့ဖြစ်ကြောင်း သိရသည်။

 

ပုဂံဒေသ အထင်ကရ ဘုရားစေတီစာဆို

          ပုဂံရောက်ခိုက် အထင်ကရ ဘုရားစေတီ တော်စာချိုးတို့ကို တတ်နိုင်သလောက် လိုက် လံမေးမြန်း၍ စုစည်းထားပါသည်။ လိုအပ်ချက် များရှိပါက စာရေးသူအားနည်းချက်ကို နား လည်ပေးစေလိုပါသည်။

          “၀ါတော်ကြီးတာ ငှက်ပစ်တောင်၊ တန်ခိုး ကြီးတာ ရွှေစည်းခုံ ၊ ထုထည်ကြီးတာ ဓမ္မရံကြီး၊ Óဏ်တော်မြင့်တာ သဗ္ဗေညု၊ ရှုခင်းလှတာ ဗူးဘုရား၊ စိတ်ကျဉ်းကျပ်တာ မနူဟာ၊ ကျောက် စာစုံတာ မြစေတီ၊ ဆံတော်စစ်တာ ရွှေဆံ တော်၊ ပြစ်မှားမိတာ ကန်တော့ပလင်၊ ဆုတောင်း ပြည့်တာ အလိုတော်ပြည့် ၊ ထီးလဲလို မင်းလဲလို တာ ထီးလိုမင်းလိုဘုရား၊ ဆိပ်ကမ်းသာယာ လောကနန္ဒာ၊ နံရံဆေးရေးကောင်းတာ စူဠာ မဏိ၊ အနုပညာလက်ရာမြောက်တာ အာနန္ဒာ၊ သမိုင်းကိုဆောင် တုရင်တောင်၊ ဗျာဒိတ်ကို ဆောင် တန့်ကြည်တောင်” ဟူ၍ စာချိုးရှိ ကြောင်း သိရသည်။

ပုဂံမှ ကျေးဇူးရှင် ဆရာတော်နှစ်ပါး

          ပုဂံအစ အနော်ရထာက၊ သာသနာအစ ရှင်အရဟံက ဟူ၏။ ပုဂံတွင် ဘုရားစေတီများ စတင်တည်ထားခဲ့သောမင်းမှာ အနော်ရထာ မင်းဖြစ်ကာ သာသနာတော်ပြန့်ပွားအောင် သယ်ဆောင်လာသော ဆရာတော်မှာ အရှင် အရဟံဖြစ်သည်။ ပုဂံတွင် ကျေးဇူးရှင်ဆရာ တော်နှစ်ပါးမှာ ရှင်အရဟံနှင့် ရှင်မထီး (ရှင် အဇ္ဇဂေါဏ) တို့ဖြစ်သည်။

          ပုဂံတွင် လက်ညှိုးထိုးမလွဲ ဘုရားစေတီ တော်များ တည်ထားကိုးကွယ်နိုင်ခြင်းမှာ ရှင်မ ထီး (ခေါ်) အရှင်အဇ္ဇဂေါဏ၏ ကျေးဇူး ကြောင့်ပင်ဖြစ်သည်။ ရွှေလသာ ၀ါ၀ါဝင်း၊ ဘု ရားရေချိုးဆင်းဆိုသော စကားကြောင့် ၁၉၇၅ ခုနှစ် ငလျင်ဒဏ်ကြောင့် ဘုရားအတော်များ များ ပျက်စီးခဲ့ရကြောင်း သိရသည်။

          လှည်းဝင်ရိုးသံတညံညံ၊ ပုဂံဘုရားပေါင်း ဆိုသော စာဆိုအတိုင်း ရှေးအခါက ပုဂံတွင် စေတီ ၄ç၄၄၆ç၇၃၃ ဆူရှိသည်ဟု ယုံကြည် ပြောဆိုမှုများရှိကြသည်။ (ဧည့်လမ်းညွှန် ပြော ပြချက်မှာ လှည်းဝင်ရိုးသံ (၄၄၄၆) ဆူသာ ရှိသည်ဟု ဆိုသည်)။ ထိုကဲ့သို့ များပြားလှသည့် စေတီပုထိုးများကို တည်ထားကိုးကွယ်နိုင်ခြင်း မှာ ရှင်အဇ္ဇဂေါဏသည် ပြဒါးအောင်ပြီး ဒါယ ကာ၊ ဒါယိကာမတို့ကို မစခဲ့သဖြင့် ဖြစ်သည်ဟု ယုံကြည်ကြသည်။ ရှင်အဇ္ဇဂေါဏ မစခဲ့ခြင်း ကြောင့် သာမာန်အရပ်သားနှင့် မုဆိုးမပင် လျှင် ဘုရားတစ်ဆူတည်ထားနိုင်သည်ဟု ဒေ သတွင်း ယုံကြည်မှုအခိုင်အမာရှိသည်။ ရှင်မ ထီးသည် ပြဒါးလုံး၊ ဓာတ်လုံးအောင်ခဲ့ပြီး (သံ၊ သတ္တုများကို တို့လိုက်လျှင် ရွှေဖြစ်စေသည်ဟု ဆိုသည်)။

နံရံဆေးရေးပန်းချီ

                   ပုဂံဘုရားစေတီတော်များတွင်ရှိသော နံရံဆေးရေးပန်းချီများကို ဘုရားဖူးဧည့်သည် များ စိတ်ဝင်တစား လေ့လာကြသည်။  မြန်မာ နိုင်ငံ၏ ခေတ်ဦးအစောဆုံးပန်းချီကို ပုဂံရှိ ဘုရားစေတီတော်၊ သိမ်ကျောင်းများရှိ နံရံ ဆေးရေးပန်းချီ တို့ကို လေ့လာနိုင်ပေသည်။ အေဒီ ၁၁ ရာစုတွင် နံရံဆေးရေးပန်းချီမရှိဘဲ အေဒီ ၁၂ ရာစုတွင်မှ နံရံဆေးရေးပန်းချီရှိ ခြင်းဖြစ်ကြောင်းဆိုသည်။ အနော်ရထာမင်း လက်ထက်တွင် နံရံ ဆေးရေးပန်းချီမရှိခဲ့ဘဲ ကျန်စစ်မင်းလက်ထက်မှ ရေးဆွဲလာခြင်းဖြစ် သည်။ အနက်ရောင်ဖြင့် အရင်ဆုံး ရေးဆွဲခြင်း ဖြစ်ကာ အေဒီ ၁၃ ရာစု၊ ၁၄ ရာစု၌ အရောင် ဖြင့်ဆွဲခြင်းဟုဆိုသည်။

ဘုရားစေတီတော် နှစ်မျိုး

          ပုဂံတွင် ထီးတော်ရှိသောဘုရား ရှိသလို ထီးတော်မရှိသော ဘုရားစေတီတော်များ လည်းရှိသည်။ ဘုရားများတွင် ဗိသုကာပညာ ရှင်တည်သော ဘုရား၊ မုဆိုးမတည်သောဘု ရား၊ သာမန်အရပ်သားတည်သော ဘုရားများ လည်းရှိကြောင်း သိရသည်။ ဘုရင်မင်းမြတ် နှင့် ဆွေတော်မျိုးတော်များတည်သော ဘုရား မှသာလျှင် အုတ်တံတိုင်းခတ်ခွင့်ရှိသည်။ ဘုရင့် ဆွေတော်မျိုးတော်မဟုတ်ဘဲ အုတ်တံတိုင်း ခတ်ပါက ကွပ်မျက်အသတ်ခံရလေ့ရှိကြောင်း၊ စိမ်းညက်ညီမဘုရားကိုတည်သော ညီအစ်မ နှစ်ယောက်စလုံးသည် ဘုရားတည်အပြီး အုတ် တံတိုင်းခတ်သဖြင့် အသတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

          ၎င်းင်းတို့သည် ပုဂံသူလည်း မဟုတ်သလို ဘုရင့်ဆွေတော်မျိုးတော်များလည်းမဟုတ် ကြောင်း၊ ပုဂံညောင်ဦးသွားလမ်း ပခုက္ကူ တွင် စိမ်းညက်ကျေးရွာရှိကြောင်း၊ စိမ်းညက်ကျေး ရွာမှ သူကြီးသမီးများဖြစ်ကြောင်း သိရသည်။                   စိမ်းညက်ညီမဘုရား၏ ပထမဆုံး ဘုရား စေတီတော်မှာ လိုဏ်ရှိခြင်း၊ ထီးတော်ရှိခြင်း၊ ပတ်လမ်းရှိသော အစ်မကြီးတည်သော စေတီ တော်ဖြစ်သည်။ ထိုဘုရားအရှေ့ဘက်မှ စေ တီတော်မှာ ထီးတော် မရှိ၊ ပတ်လမ်းမရှိသော ညီမတည်သော စေတီတော်ဖြစ်သည်။ ညီ အစ်မနှစ်ယောက်သည် ဘုရားတည်အပြီး တရားနာရေစက်ချခါနီးတွင် နရပတိစည်သူ မင်းကြီးက ညီအစ်မနှစ်ယောက်ကို နှောင်ကြိုး ဖြင့် ချည်နှောင်ပြီး ကွပ်မျက်လိုက်ခြင်းဖြစ် ကြောင်းသိရသည်။ ကျွန်တော်တို့ စိမ်းညက် ညီမဘုရားကိုရောက်တော့ မိုးချုပ်သဖြင့် ဘု ရားဆီမီး ပူဇော်ခဲ့ကြသည်။ စိမ်းညက်ညီမ ဘုရားကို ဖူးမြော်ရင်း သံဝေဂများစွာဖြစ်မိ သေးသည်။

ပုဂံဘုရားများ နှစ်ပေါင်းထောင်ချီ ခိုင်မြဲခြင်း

          ရှေးယခင် ဗိသုကာပညာရှင်များ ဘုရား စေတီတော်တည်ဆောက်ရာတွင် ဘိလပ်မြေ၊ ထုံး အသုံးပြုခြင်းမရှိဘဲ စေတီတော်ထောင့် များတွင် သံချည်သံကွေးထည့်ထားခြင်းမရှိ ကြောင်း သိရသည်။ ထိုနည်းစနစ် မှာ ဥုံလုံ၊ သတ္တ ၊ နဝ၊ ကျွဲကော၊ ဒွေးနော်တင်လဲ၊ ဥသျှစ် ကွဲ၊ ၀ါဂွမ်းတစ်ဆုပ်၊ ဆီတစ်မှုတ်ဖြစ်ပါသည်။

          ဥုံလုံဆိုတာ ထမင်းရည်၊ သတ္တဆိုတာ သစ်ပင်မှရသော အစည်းခြောက်မျိုး၊ ဥသျှ စ် သီးကိုခွဲလိုက်ရာတွင် ရရှိသောအတွင်းသား အဆီအနှစ်များ၊ ၀ါဂွမ်းတစ်ဆုပ်၊ ဆီတစ်မှုတ် ဖြင့် ကြံသကာရည်တို့ဖြင့် ကော်စည်းများကို ပေါင်းစပ်လိုက်ပြီး အုတ်တစ်ချပ်ကို ကော်စည်း သုတ်၍ အုတ်နှစ်ချပ်ကပ်၍ တည်ဆောက် ခြင်းဖြစ်ပါသည်။ ရှေးဗိသုကာပညာရှင်များ တည်ထားသော ဘုရားစေတီတော်များသည် အပ်ကလေး တစ်ချောင်းပင် ထိုး၍မရသည်မှာ ယနေ့အချိန်အထိဖြစ်ကြောင်းသိရသည်။

ပုဂံမှ စွယ်တော်လေးဆူ ဘုရားစေတီတော်

          အနော်ရထာဘုရင်မင်းမြတ်တည်ထား သော စွယ်တော်လေးဆူမှာ ရွှေစည်းခုံစေတီ တော်၊ မြစ်တစ်ဖက်ကမ်း အရှင်ဂေါတမဘုရား ဗျာဒိတ်တော်ဟောကြားခဲ့သော တန့်ကြည် တောင်ဘုရား၊ လောကနန္ဒာဘုရားနှင့် တုရင် တောင်တို့ဖြစ်ကြသည်။ ထို့ပြင် လူသိနည်း သော ပြည့်ငါးပြည့်ဘုရားလည်း ရှိပါသည်။ (လောကနန္ဒာဘုရားအကြောင်းတွင် ရေးသား ဖော်ပြထားပါသည်)။

          စွယ်တော်လေးဆူဖူးရန် နေရာဝေးသဖြင့် အချိန်ယူ၍ဖူးမြင်ရပါသည်။ စွယ်တော်လေး ဆူဖူးနိုင်ရန် နံနက်ပိုင်းအချိန်တွင် ဆွမ်းတော် ကပ်လှူရင်း အဓိဋ္ဌာန်ပြု၍ ဖူးရကြောင်း သိရ သည်။ (ဆွမ်းကပ်၍ ဖူးမြင်မည်ဆိုပါက အရုဏ် ချိန်မှ နေ့လယ် ၁၂ နာရီ မကျော်ခင် အဓိဋ္ဌာန် ဖူးရကြောင်း၊ ဆွမ်းမကပ်လျှင် တစ်နေကုန် ဖူးနိုင်ကြောင်း သိရသည်)။ စွယ်တော်လေးဆူ တွင် ဝတ္ထုငွေ အညီအမျှလှူဒါန်းရခြင်း၊ ဆု တောင်းလည်း တူညီရခြင်း၊ အဓိဋ္ဌာန်ကအစ အားလုံးတူညီရမည် ဖြစ်ကြောင်း သိရသည်။                     လက်ရှိတွင် ဧရာဝတီမြစ်တစ်ဖက်ကမ်း တန့်ကြည်တောင်ဘက်သွားလျှင် အသက် အန္တရာယ် စိုးရိမ်ရကြောင်း ဒေသခံများက ဆို သည်။

တန်ခိုးကြီးသော ရွှေစည်းခုံစေတီတော်

          ပုဂံဘုရားများတွင် ရွှေစည်းခုံစေတီ တော်ကို ဖူးမြော်ရသည်မှာ ကျွန်တော့်စိတ် တွင် ဝမ်းသာပီတိ ဖြစ်မိသည်။ ရွှေစည်းခုံစေ တီတော်ပုံစံမှာ ပုဂံများအနက် ခန့်ညားတင့် တယ်၍ သပ္ပာယ်လွန်းသည်ဟု ယူဆမိသည်။ ပုဂံခေတ် ၁၁၀၂-ဗီ ခန့်က ကျန်စစ်သား မွန်ဘာသာဖြင့် ရေးထိုးထားသော ရွှေစည်းခုံ ဘုရားကျောက်စာရှိသည်။

          ပုဂံ တွင် အနော်ရထာမင်းကြီးတည်ထား သော ရွှေစည်းခုံ စေတီတော် သည် တန်ခိုးကြီး သည်ဟုထင်ရှားသည်။ စေတီတော်အောက် ခြေတွင် ပစ္စယာငါးဆင့်ရှိကာ ပစ္စယာနှစ်ဆင့် မှာပင် အနော်ရထာမင်းဘုရား တည်ဆောက် ပြီးစီးခဲ့သည်။ ကျွဲခတ်၍ နတ်ရွာစံကံတော် ကုန်ခြင်းဖြစ်ပါသည်။ အနော်ရထာဘုရင်၏ သားတော် ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီး က ရွှေစည်းခုံဘုရားကို ထပ်မံတည်ခဲ့ရာ အလုံး စုံပြီးမြောက်ခဲ့ခြင်းဖြစ်သည်။ ဘုရား၏ အတွင်းဘက်တွင် အတွင်းစည်းခုံတစ်ဆူ ရှိသေးကြောင်း၊ ငုံ၍တည်ထားကြောင်း သိရ သည်။

          ရွှေစည်းခုံစေတီသည် အတွင်းအံ့ကိုးပါး၊ အပြင်အံ့ကိုးပါးနှင့် ပြည့်စုံသည်ဟု ယုံကြည် ကြသည်။

          အတွင်းစည်းခုံတွင် နွားလှည်းတစ်စီး ပတ်နိုင်သော ပတ်လမ်းတစ်လမ်းလည်းရှိ ကြောင်း သိရသည်။ ရွှေစည်းခုံဘုရားမှာ ပုဂံ ဒေသရှိ ဘုရားစေတီတော်များနှင့် မတူဘဲ ကွဲပြားမှုရှိသည်။ ပုဂံဒေသရှိ ဘုရားစေတီ တော်အများစုသည် အုတ်ဖြင့် တည်ဆောက်ခဲ့ ကာ ရွှေစည်းခုံဘုရားကို အုတ်တစ်ချပ်မှ မပါ ဘဲ သဲကျောက်တို့ဖြင့် တည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စွယ်တော်လေးဆူတွင်းမှ တစ်ဆူ အပါအဝင် တုရင်တောင်မှ တိုင်းသူပြည်သား တို့သည် လက်ဆင့်ကမ်း၍ ရွှေစည်းခုံဘုရား တည်ခဲ့ကြောင်း ၊ ထိုအချိန်က အနော်ရထာမင်း ဘုရားတည်ရာနေရာကို လာရောက်ကြည့်ရှု ရာ လမ်းတစ်လမ်းလုံး နေပူသဖြင့် အနော်ရ ထာမင်းကြီးက အရိပ်အာဝါသရရှိစေရန် ည ဘက် တစ်လမ်းလုံး မန်ကျည်းစေ့လက်ခုနစ် ဆုပ် ကြဲခဲ့ရာ မနက်လင်းရာ မန်ကျည်းပင်များ ပေါက်လာကြောင်း ဆိုသည်။ ထိုမန်ကျည်းပင် များ လက်ရှိတွင် မကျန်ရှိတော့ကြောင်း သိရ သည်။

          ရွှေစည်းခုံဘုရားဝင်းအတွင်း တစ်နှစ် ပတ်လုံးပွင့်သော ခရေပင်ကြီးတစ်ပင်ရှိ ကြောင်း သိရသည်။

          ရွှေစည်းခုံဘုရားသည် လူတစ်ရစ်၊ နတ် တစ်ရစ် တည်သော ဘုရားဟုလည်းဆိုသည်။ ညဘက်တွင် နတ်များက တည်ခဲ့ပြီး နေ့ဘက် တွင် တိုင်းသူပြည်သားများနှင့် ဗိသုကာဆရာ တို့က တည်ခဲ့ကြောင်း ဆိုသည်။

          ရွှေစည်းခုံဘုရား ထောင့်လေးထောင့် တွင် ခြင်္သေ့လေးကောင်ရှိပြီး တစ်ကောင်နှင့် တစ်ကောင် တူညီမှုမရှိပါ။ ပထမဆုံး ခြင်္သေ့မှာ သိကြားမင်း လူယောင်ဖန်ဆင်းပြီး တည်ခဲ့ခြင်း ဖြစ်ကာ ခြင်္သေ့ရုပ်မှာ ပါးစပ်ကလေးစေ့နေ ပါသည်။ ဗိသုကာပညာရှင်များကိုခေါ်၍ ပုံစံ တူ ခြင်္သေ့ရုပ် သုံးရုပ်တည်ပေးရန် ဗိသုကာ ဆရာများကို အသပြာငွေဖြင့် ခိုင်းစေရာ အား လုံးတူညီသော်လည်း ခြင်္သေ့ပါးစပ်ကလေး က ဟနေခြင်းဖြစ်သည်။

အံ့ဖွယ်ကိုးပါး

(၁) ထီးတော်အလွန်ကြီးသော်လည်း သံကြိုး မဆိုင်းရခြင်း

(၂) စေတီ၏အရိပ်သည် တံတိုင်းအပြင်သို့ မရောက်ခြင်း

(၃) စေတီ၏ထိပ်မှ ရွှေစက္ကူပစ်ချလျှင် အပြင် သို့မရောက်ခြင်း

(၄) စေတီ၏ မဟာရံတံတိုင်းအတွင်း လူ မည်မျှများများ ပြည့်ကျပ်မနေခြင်း

(၅) တန်ဆောင်မုန်းလပြည့်ပွဲတော်တွင် ပထမ သပိတ်တော်၌ မည်သူမျှဆွမ်းဦး မတင်နိုင် ခြင်း

(၆) အဝေးကကြည့်လျှင် ကုန်း၊ အတွင်းမှ ကြည့်လျှင် ကျင်းသဖွယ်ထင်ရခြင်း

(၇) စေတီ၏တစ်ဖက်မှ တီးသောစည်သံကို အခြားတစ်ဖက်မှ မကြားရခြင်း

(၈) မိုးသည်းထန်စွာ ရွာသော်လည်း စေတီ ရင်ပြင်၌ ရေမတင်ခြင်း

(၉) စေတီတော် အရှေ့တောင်ထောင့်ရှိ ခရေ ပင်သည် ၁၂ ရာသီပွင့်ခြင်းတို့ဖြစ်သည်။

          ထို့အတွက် ရှေးမှယနေ့တိုင် အစဉ်အ ဆက် မှတ်ခဲ့ကြသည်မှာ တန်ခိုးမှာ ရွှေစည်းခုံ၊ အနုမှာ အာနန္ဒာ၊ ထုမှာ ဓမ္မရံ၊ အမြင့်မှာ သဗ္ဗ ညုဟူ၍ဖြစ်သည်။

အပြင် အံ့ကိုးပါး

(၁) ဧရာဝတီမြစ်ကမ်းစပ်ရေစီးအတွင်း စွယ် တော်တင်လာသည့် ဆင်ဖြူတော်ဝပ်သည့် နေရာ သောင်ဖြစ်လာခြင်း

(၂) ထိုသဲသောင်တို့သည် ကျောက်ဖြစ်လာ ခြင်း

(၃) ဧရာဝတီမြစ်ရေသည် စေတီတော်ကို ဦးခိုက်ရစ်ဝဲ စီးဆင်းခြင်း

(၄) မဟာရံတံတိုင်းသည် ရှစ်ပယ် (၁၄.၁၆)ဧက ကျယ်ဝန်းခြင်း

(၅) စေတီတည်ရာ၌ တုရင်းတောင်မှ ကျောက် များကို ပုဂံပြည်သူတို့ လက်ဆင့်ကမ်းသယ် ခြင်း

(၆) ကျောက်သယ်ယူသူများ အရိပ်ရရန် မန် ကျည်းပင်များ ချက်ချင်းပေါက်ခြင်း

(၇) ကျောက်သယ်အပြီး မန်ကျည်းပင်များ ပျောက်ခြင်း

(၈) ရွှေစည်းခုံစေတီ အရှေ့မျက်နှာစာ လှေ ကားအနီးရှိ ရေမှန်အတွင်း၌ စေတီအရိပ် ထင်ခြင်း

(၉) စေတီကို အဝေးမှကြည့်ပါက ကုန်းမြင့် ပေါ်တွင် တည်ထားသည်ဟုထင်ရခြင်းတို့ ဖြစ်သည်။

မနူဟာဘုရား

                   နောက်ထပ် ကျွန်တော် စိတ်ဝင်စားသော စေတီတော်တစ်ဆူမှာ မနူဟာဘုရား ဖြစ် သည်။

          မနူဟာဘုရားတွင် အကွယ် မုခ်သုံးမုခ် ရှိကြောင်း သိရသည်။ ရှေ့တည့်တည့်အဝင် ပေါက် ညောင်ပင်ပိတ်စိုက်ထားခြင်း၊ ဒုတိယ တစ်မုခ် သပိတ်ကြီးဖြင့် ကွယ်ပိတ်ထားခြင်း၊ တတိယတစ်မုခ်မှာ အတွင်းခန်းမုခ်ဦးတစ်မုခ် တို့ဖြစ်သည်။ ထိုမုခ်သုံးမုခ်ကျော်ပြီးမှ ဘုရား တစ်ဆူလုံးကို ဖူးမြင်ရခြင်းဖြစ်သည်။ ဘုရားမှာ အတွင်းခန်းကျဉ်းကျပ်စွာ တည်ထားသည်ကို ဖူးမြင်ရပြီး စိတ်မွန်းကျပ်မှု ဦးစွာခံစားရသည်။

          သက္ကရာဇ် ၄၂၉ ခုနှစ် သထုံပြည့်ရှင် ဘုရင်မနူဟာမင်းကြီး၏ ကောင်းမှုတော် မနူ ဟာဘုရားတွင် ဘုရင်လှူဒါန်းခဲ့သော ဆင်းတု တော် လေးဆူရှိကြောင်းသိရသည်။ ထိုင်ကိုယ် တော်သုံးဆူနှင့် လျောင်းတော်မူတစ်ဆူ စုစု ပေါင်း လေးဆူဖြစ်သည်။ မနူဟာသပိတ်ကြီး သည် မချက်ရသေးသော ဆန် ၁၇ တင်း၊ ချက် ပြီးသား ထမင်းတင်း ၄၀ ဆံ့ကြောင်း ဒေသခံ များက ဆိုသည်။

          သထုံဘုရင် မနူဟာမင်းထံတွင်ရှိသော ပိဋကတ်သုံးပုံကို ပုဂံပြည့်ရှင် အနော်ရထာ မင်းက သွားရောက်တောင်းခံရာ  မပေးဘဲ ငြင်း လွှတ်သဖြင့် အရှက်ရစေခဲ့သဖြင့် စစ်တိုက်ခဲ့ ခြင်းဖြစ်သည်။ ထိုစဉ်က ပုဂံတွင် အရည်းကြီး တို့ကိုသာ ကိုးကွယ်ခဲ့ပြီး ဗုဒ္ဓဘာသာထွန်း ကားခြင်းမရှိသဖြင့် ပိဋကတ်သုံးပုံကို သထုံ တွင် သွားရောက်အလှူခံတောင်းခံခြင်းဖြစ် သည်။ ပုဂံဒေသသည် အရည်းကြီးတို့ ကိုး ကွယ်သဖြင့် ပိဋကတ်သုံးပုံနှင့် လားလားမှ မဆိုင်ဟုဆိုကာ ငြင်းလိုက်သဖြင့် အနော်ရထာ သည် သထုံကို စစ်ခင်းခဲ့ခြင်း ဖြစ်သည်။ စစ် နိုင်ပြီးနောက် မနူဟာမင်းကို ပုဂံပြည် မြင်း ကပါအရပ်တွင် နေထိုင်စေခြင်းဖြစ်သည်။ ၀ါးတဲဖြင့် နေရသဖြင့် ပြိုကျပျက်စီးခဲ့ရသည်။ မနူဟာမင်းသည် ပုဂံရောက်ရှိစဉ် ကောင်းမှု ပြုလုပ်ချင်သဖြင့် နန်းစဉ်လက်စွပ်ကို ပုဂံသူ ဌေးထံရောင်းချရာ အသပြာငွေလှည်းခြောက် စီးတိုက်ဖြင့် မြင်းကပါအရပ်တွင် ဘုရားလေး ဆူတည်ထားခြင်းဖြစ်ကြောင်း သိရသည်။

          ဘုရားလေးဆူကို မွန်ပြည်နယ်မှ ဗိသု ကာဆရာလက်ရာဖြင့် တည်ထားသဖြင့် ဘုရားအပေါ် အမိုးအကာမပါချေ။ ဆင်းတု တော်၊ ရုပ်ပွားတော်သာ တည်ထားခဲ့ခြင်းဟု ဆိုသည်။ ရာသီဥတုဒဏ်ကြောင့် ပြိုကျပျက်စီး မည်ကို စိုးရိမ်သဖြင့် နောက်ပိုင်းတွင် အမိုး အကာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အမိုး နှင့် ဘုရားမညီမျှသဖြင့် ကျဉ်းကျပ်သောပုံစံ ဖြစ်သွားခဲ့ကြောင်း မနူဟာဘုရားလမ်းညွှန် က ရှင်းပြ၏။

          နောက်ပိုင်းလေ့လာချက်များအရ ကျဉ်း မြောင်းသော ဘုရားကျောင်းဆောင်သည် နဂို မနူဟာမင်းတည်သော လက်ရာမဟုတ် ကြောင်း ပြောဆိုမှုများရှိနေသည်။

          မနူဟာမင်းသည် “ငါသည် သံသရာဝယ် ကျင်လည်သရွေ့ သူနိုင်မည်ကို မဖြစ်လို” ဟူ၍ ဆုတောင်းသွားကြောင်း သမိုင်းစာ၌ တွေ့ရ လေသည်။

          နန်းဘုရားအပါအဝင် ပုဂံ၌ သဲကျောက် ဖြင့် တည်ဆောက်ခဲ့သော စေတီတော် ငါးဆူ ရှိကြောင်း သိရသည်။ ၎င်းင်းတို့မှာ ကျောက်ဂူ ဥမင်၊ ရွှေစည်းခုံ၊ စက္ကူတိုက်၊ နန်းဘုရား၊ ဘုရားအမှတ် (၉၃၆) တို့ဖြစ်သည်။

          နန်းဘုရားသည် မနူဟာဘုရားအနီးတွင် တည်ရှိသည်။ ဒေသခံများ ယုံကြည်ချက်မှာ ၁၁ ရာစုနောက်ပိုင်း မနူဟာမင်းကြီး၏ နာဂ သမန်မင်းသား တည်ထားပြီး အထိန်းသိမ်းခံ မွန်ဘုရင် ဦးရီးတော်မနူဟာမင်းအတွက် အိမ် တော်အဖြစ် အသုံးပြုခဲ့ကြောင်းဆိုသည်။ နန်း ဘုရားသည် သဲကျောက်များဖြင့် တည်ဆောက် ထားသော စေတီတော်ဖြစ်သည်။

ဗူးဘုရား

          ရှုခင်းလှတာ ဗူးဘုရား စာဆိုနှင့်အညီ ဧရာဝတီမြစ်ကမ်းနံဘေးတွင် လှပသော ရှုခင်း ကို မြင်တွေ့ရသည်။ ထိုသို့တောင်ပေါ်မှ မြစ် ကမ်းမြင်ကွင်း ရှုခင်းလှသော နေရာများမှာ ရွှေကွန်ခြာနှင့် လောကနန္ဒာဘုရားရှုခင်းတို့ ဖြစ်သည်။

          ဗူးဘုရားရောက်သွားချိန် နေဝင်ရီတရော အချိန် မြစ်ကမ်းဘေးအလှကို စေတီတော်နှင့် ယှဉ်တွဲခံစားရသည်။ ဗူးဘုရားကို ပုဂံနန်းစံ တတိယမြောက်ဘုရင်ဖြစ်သော ပျူစောထီး မင်းတည်ထားခြင်းဖြစ်သည်။

          ထိုစဉ်က ဆိုးသွမ်းသောင်းကျန်းသော ဗူးပင်ကြီးတစ်ပင် သောင်းကျန်းပြီး ပြည်သူ ပြည်သားများကို သတ်ဖြတ်နေကြောင်းသိရ သည်။ အိမ်တွေကိုလည်း ဖျက်ဆီး၊ လူတွေကို လည်း ဗူးအနွယ်များဖြင့် သတ်ဖြတ်ခဲ့ခြင်းဖြစ် သည်။ စစ်သည်ရဲမက် များ သွားရောက်နှိမ်နင်း ရာ ဗူးသီးတစ်လုံးခုတ်လျှင် ၁၀ လုံး၊ ဗူးညွန့် တစ်ညွန့်ခုတ်လျှင် ၁၀ ညွန့်ထွက်နေသဖြင့် လုံးဝသတ်မရဘဲဖြစ်နေသည်။ သတ်လေပွား လေဖြစ်နေသည်။ ပျူစောထီးမင်းသားသည် နဂါးမနှင့် နေနတ်သားတို့မှ နဂါးဥမှ မွေးဖွား လာခြင်းဟု ယုံကြည်ကြသည်။

          ပျူစောထီးမင်းသား ကိုင်ဆောင်သော လေးတော်သည် ဖခင်နေနတ်သားမှ ဆက်သ ခဲ့ခြင်းဖြစ်သည်။ ထိုလေးတော်ဖြင့် ဗူးပင်အ မြစ်ကို ပစ်ခွင်းရာ အသီးအရွက်ကြွေကျ၍ အပင်သေသွားသော်လည်း ဗူးသီးလေးတစ် လုံး ကျန်ရစ်ခဲ့သဖြင့် ထိုနေရာတွင် အမှတ်တရ အဖြစ် ဗူးဘုရားတည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။ စေတီတော်ကိန်းဝတ်ရာ ကျောက် စိုင်မှာ ဗူးသီးပုံသဏ္ဌာန်ရှိသည်ဟု မှတ်ယူကြ သည်။

          ပေါက္ကံဒေသတွင် ဆိုးရွားသောင်းကျန်း သော ဝက်ကြီး၊ ကျားကြီး၊ ငှက်ကြီး ၊ ရှူးပျံကြီး တို့ကိုလည်း ပျူစောထီးမင်းက နှိမ်နင်းခဲ့ခြင်း ဖြစ်သည်။ ထိုရန်သူများကို နှိမ်နင်းရာဌာနများ ၌လည်း အထိမ်းအမှတ်အဖြစ် ကျားသတ်ဘု ရား၊ ရှူးပျံဘုရား၊ ဝက်သတ်ဘုရား၊ ငှက်ပစ် တောင်ဘုရား၊ လေးနှင်ဘုရား၊ မြားဘုရား၊ သမီးဝှက်ဘုရားများလည်း တည်ထားခဲ့သည်။

          ပျူစောထီးမင်းတည်ခဲ့သော ဗူးဘုရားမှာ ငလျင်ဒဏ်ကြောင့် မြစ်ထဲမျောပါ ပြိုကျပျက်စီး ခဲ့ပြီး နောက်ပိုင်းတည်ထားသော လက်ရာကို မြင်တွေ့ရခြင်းဟုဆိုသည်။ ဗူးဘုရားအနီးတွင် အမှတ်တရလက်ဆောင်ပစ္စည်း အရောင်းဆိုင် များတွင်လည်း အကျႌအဝတ်အစားများ ဝယ် ယူနိုင်ပြီး ရာသီစာ ထန်းသီးနုနုလေးများကို လည်း စားသောက်ခဲ့ရသေးသည်။

ရွှေကွန်ခြာဘုရား

          ပုဂံတွင် ကားကြီးဝင်မရသဖြင့် မြင်းလှည်း ငှား၍လည်ပတ်ရသောဘုရားမှာ ရွှေကွန်ခြာ ဘုရားစေတီဖြစ်သည်။ ပုဂံရှုခင်းလှပ၍ ဓာတ် ပုံရိုက်ကောင်းသော နေရာဖြစ်သလို နေဝင် ချိန် ရှုခင်းလှပသည်။ ဧရာဝတီ မြစ်ကမ်းနံဘေး လေတဖြူးဖြူးဖြင့် လေညင်းခံကောင်း၍ ဆည်းဆာချိန် ရှုခင်းအရောင်လေးများဖြင့် လှပသည်။

လောကနန္ဒာဘုရား

          ဆိပ်ကမ်းသာယာ လောကနန္ဒာ စကား ရပ်အတိုင်း မြစ်ကမ်းနံဘေးမြင်ကွင်းကို ခံစား နိုင်သည်။

          လောကနန္ဒာဘုရား ရောက်ရှိစဉ် သိ လိုက်ရသောအချက်တစ်ခုမှာ ပြည့်ငါးပြည့် တွင် ပါဝင်သော ဆုတောင်းပြည့်ဘုရားကို လည်း ဖူးမြော်ခွင့်ရခဲ့သည်။ ဘုရားဝင်းအတွင်း ကြီးမားသော အောင်မောင်းကြီးတစ်လုံးကို လည်း မြင်တွေ့ခဲ့ရသည်။ ထို့ပြင် လောကနန္ဒာ မှ ကျောက်ခြေတော်ရာကိုလည်း ပြသထား သည်။

          ပုဂံဒေသတွင် လူသိနည်းသော ပြည့်ငါး ပြည့်ရှိသည်။ အနော်ရထာမင်းကြီး ထုလုပ်ပူ ဇော်ခဲ့သော ရေသွန်းခံ ကျောက်ဆင်းတုကိုး ဆူ အနက်မှ  ငါးဆူ ပွင့်လင်းကျော်ကြားလာခြင်း ဖြစ်သည်။ ထိုပြည့်ငါးပြည့်ကို လောကနန္ဒာ စွယ်တော်ဘုရားတွင် ပြည့်ငါးပြည့် ပါဝင်သော ဆုတောင်းပြည့်ဘုရားကို ဖူးမြော်ရာမှ သိလာ ရခြင်းဖြစ်၏။ ၀ါစဉ်အလိုက် သွားရောက်ဖူး မြော်ရမည့်လမ်းကြောင်းမှာ အောက်ပါအ တိုင်းဖြစ်သည်။

          ပြည့်ငါးပြည့်မှာ (၁) ရွှေဆံတော်ဘုရား အရှေ့မြောက်ထောင့်ကပ်လျက် အုတ်တိုက် ငယ်အတွင်းတည်ရှိသည့် Óဏ်တော် ခုနစ်ပေ ခန့်ရှိ ကျောက်ဆင်းတုတော်ကြီးတစ်ဆူ၊ (၂) လောကနန္ဒာဘုရားအရှေ့ဘက်ရင်ပြင် အရှေ့ မြောက်ထောင့်ရှိ အုတ်တိုက်တန်ဆောင်းအ တွင်း ငါးပေခန့်ရှိ ကိုယ်လုံးတော်ပြည့် ရွှေ သင်္ကန်းကပ်လှူထားသော စျာနမုဒြာကျောက် 

 

------

 

ဆင်းတုတစ်ဆူ၊ (၃) ပုဂံမြို့သစ် အရှေ့ မြောက်ဘက် တာမဏီကျောင်းအနီး အရှေ့ မျက်နှာလှည့် တာမဏီသိမ်ဘုရားအတွင်း ကျဉ်းကျပ်စွာ စံပါယ်လျက်ရှိသော Óဏ် တော် သုံးပေခြောက်လက်မခန့်ရှိ စျာနမုဒြာ ကျောက်ဆင်းတုတော်တစ်ဆူ၊ (၄) ဓမ္မရာဇက စေတီတော် တစ်နေရာတည်းတွင် အရံဂူနှစ် ဆူအတွင်း၌ Óဏ်တော်ခုနစ်ပေခန့်ရှိ ကျောက်ဆင်းတုတော်ကြီးနှစ်ဆူတို့ ဖြစ်ကြ သည်။ ရွှေသင်္ကန်းကပ်လှူ၍ လိုရာဆုများ တောင်းယူနိုင်ကြောင်း သိရသည်။

          လောကနန္ဒာဘုရားသည် အနော်ရထာ မင်းကြီး တည်ထားကိုးကွယ်ခဲ့သော စွယ် တော်လေးဆူအနက် တစ်ဆူအပါအဝင် ဖြစ် ပြီး ၊ ပုံပန်းသဏ္ဌာန်မှာ ပျူပုံစံနှင့် မြန်မာပုံစံ ကူးပြောင်းစ ကြားပုံစံဖြစ်သည်။ ခေါင်း လောင်းပုံကို ရှည်လျားစွာ ပြုလုပ်ထားပြီး ပျူ ပုံစံဖြစ်သည့် သရေခေတ္တရာရှိ ဘောဘောကြီး ဘုရားပုံစံကဲ့သို့ အနားတွင် ကော့လန်ခြင်းဖြင့် စတင်တည်ခြင်းဖြစ်သည်။ ဆတ္တဝလီခေါ် ဖောင်းရစ်များမှာလည်း မူလပုံအတိုင်း ကျန်ရှိ နေပြီး မိုးလျှောတစ်လှည့် ဖောင်းရစ်တစ်လှည့် ပြုလုပ်ထားသည်။ မိုးလျှောဖောင်းများမှာ ထီးအရွက်များ ဖြစ်သည်။

          လောကနန္ဒာဘုရားကို ဖူးမြော်ရင်း လက်ယာရစ်အတိုင်း လှည့်လည်စဉ် မြစ်ကမ်း နံဘေး မြစ်ဆိပ်ကမ်းကို သာယာဖွယ်လှမ်း မြင်ရသည်။ သဲသောင်ခုံများပေါ်တွင် ဖုန်လုံး များ တလိမ့်လိမ့်တက်နေသည်ကိုလည်း မြင် ရသည်။ ဘုရားဝင်းအတွင်း မဥ္ဇူသကနတ်ပန်း ကို ဝယ်ယူခဲ့ပြီး လက်ပန်းချီဆွဲသူများပြား သည်ကိုလည်း တွေ့ရပါသည်။

အာနန္ဒာ

          အာနန္ဒာဘုရားသည် စာဆိုနှင့်အညီ အနုပညာ လက်ရာ မြောက်သည် ကို မြင်တွေ့ ရသည်။ ပုဂံရောက်လျှင် အာနန္ဒာဘုရား ရောက်ဖူးပါမှ ပုဂံ၏ အနုပညာလက်ရာကို လေ့လာဖူးရာရောက်မည်ဖြစ်သဖြင့် သွား ရောက်သင့်သည်။ (အနုမှာ အာနန္ဒာ၊ ထုမှာ ဓမ္မရံဟု မှတ်တမ်းရှိ၏)။ အာနန္ဒာစေတီသည် ရှေးမြန်မာ့ဗိသုကာပညာရပ်၏ အပြောင် မြောက်ဆုံး လက်ရာကို မြင်တွေ့နိုင်သည်။ ပုဂံတွင်ရှိသော ဘုရားစေတီတော်များအနက် အချိုးအစား ကျန၍ သပ္ပာယ်၍ ချီးကျူးဖွယ် အကောင်းဆုံးဘုရားတစ်ဆူ ဖြစ်သည်။ အာနန္ဒာဘုရားသည် စေတီဘုရားမဟုတ်ဘဲ ဂူဘုရားဖြစ်သည်။

          ဘုရားဝင်းအတွင်း ရှေးဟောင်းအမွေ အနှစ် တံခါးမကြီး ရေရှည်တည်တံ့စေရန် တွန်းခြင်း ဆွဲခြင်း မပြုလုပ်ရဆိုသော စာရေး ထားသည်ကို မြင်ရသည်။ မူလအုတ်မြစ်ချရာ နေရာကိုလည်း တွေ့ရသလို ဘုရားအတွင်း ခန်း ပြန်လည်ပြင်ဆင်နေသည်ကိုလည်း တွေ့ ရသည်။ အတွင်းခန်းတွင် ရပ်တော်မူဘုရား ကို ဖူးမြော်ရပြီး အခြားအခန်းနှစ်ခန်းမှာ ပြင် ဆင်မှု မပြီးစီးသေးပါ။

          အာနန္ဒာဘုရားကို ပုဂံခေတ် ကျန်စစ် သားမင်းလက်ထက် အေဒီ (၁၀၉၀) တွင် ဆောက်လုပ်ခဲ့သည်။ ကျန်စစ်သားမင်းလက် ထက်တွင် ဟိမဝန္တာ နန္ဒမူလိုဏ်ဂူမှ ရဟန္တာ များ ကြွရောက်လာသည်။ ထိုရဟန္တာအရှင် သူမြတ်များ၏ ပြောပြချက်ကြောင့် နန္ဒမူလိုဏ် ဂူကို သဘောကျကာ နန္ဒမူလိုဏ်ဂူကဲ့သို့ အာ နန္ဒာစေတီကို တည်တော်မူသည်ဟု ဆိုသည်။

ရွှေဆံတော်

          မြတ်စွာဘုရား၏ ဆံတော်အစစ်ကို ဌာ ပနာ၍ တည်ထားသော ကြည်ညိုဖွယ်ကောင်း သော ဘုရားတစ်ဆူလည်းဖြစ်သည်။ ဆံတော် စစ်တာ ရွှေဆံတော်ဟု စာဆိုရှိသည်။

          ရွှေဆံတော်ဘုရားကို အနော်ရထာမင်း ကြီးတည်ထားခဲ့ခြင်းဖြစ်ကာ မြတ်စွာဘုရား ၏ ဆံတော်ဓာတ်ကို ဌာပနာ၍ တည်ထားကိုး ကွယ်ခဲ့ခြင်း ဖြစ်ပါသည်။ အနော်ရထာမင်း တည်ထားသော စေတီတော်များအနက် ရွှေ ဆံတော်စေတီသည် ရှေးအကျဆုံး စေတီ တော်တစ်ဆူ ဖြစ်ကာ  အုတ်ချပ်များမှာလည်း ရှေးအကျဆုံးအုတ်ချပ်များဟု ဆိုသည်။

ထီးလိုမင်းလို

          ထီးလဲလို မင်းလဲလိုတာ ထီးလိုမင်းလို ဘုရားဟု ဆိုကြသည်။

          ဇေယျသိင်္ခ (နားတောင်းများမင်း) သည် အေဒီ (၁၂၁၁-၁၂၃၁) တွင် ထီးလိုမင်းလို စေတီတော်ကို တည်ထားကိုးကွယ်ခြင်း ဖြစ် သည်။ ထီးလိုမင်းလိုဘုရားသည် ကွမ်းတောင် ပေါက် လိုဏ်သုံးဆင့်ဂူဘုရားဖြစ်သည်။

          အစဉ်အလာဆိုကြသည်မှာ ဖခမည်း တော် နရပတိစည်သူမင်းသည် နတ်ရွာစံခါနီး အချိန်တွင် သားတော်များအနက် တစ်ဦးကို နန်းရစေချင်သည်။ သို့ရာတွင် အများကျေနပ် အောင်ဟု သားတော်အားလုံးအလယ်တွင် ထီးဖြူစိုက်ကာ မင်းဖြစ်ထိုက်သူသို့ ထီးဖြူ ညွတ်စေသတည်းဟု အဓိဋ္ဌာန်သော် သူလို လားသည့် ဇေယျသိင်္ခမင်းသားဘက်သို့ ထီးဖြူ ညွတ်လေသည်။ ထိုသို့ ထီးကလည်းလို၊ မင်း ကလည်းလို၍ ထီးလိုမင်းလိုမင်းဟူ၍ ခေါ် တွင်ကြသည်ဟုဆိုသည်။ တစ်ဖန် ထီးဖြူညွတ် ရာ၌ ဘုရားတည်ထားရာ ထီးလိုမင်းလို ဘုရား ဟု ခေါ်တွင်လေသည်ဟု ဆိုကြသည်။

တဝဂူ

ရှေးက ဘုရင့်သမီးတော်နှင့် စောင်းသမား တို့ ချစ်ကြိုက်သဖြင့် ဘုရင်မင်းမြတ်က ဂူတွင်း အုတ်စီ၍ ပိတ်ခဲ့ကြောင်း၊ ဂူတွင်းမှာပင် အရှင် လတ်လတ် သေဆုံးခဲ့ရကြောင်း၊ လက်ရှိ အချိန်တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရ ကြောင်း သိရသည်။

ဘုရားလည်းပြီး ပုဂံပြည်ပျက်သောဘုရား

          ပုဂံဒေသတွင် ဘုရားတည်အပြီး ပုဂံ ပြည်ပျက်သော ဘုရားတစ်ဆူ ရှိပါသည်။ ထို ဘုရားမှာ မင်္ဂလာစေတီဘုရားဟုခေါ် ကြောင်းသိရသည်။ ပေါက္ကံဒေသကို တရုတ်၊ ဂျပန်တို့မှ စစ်ခင်းရာ နရသီဟ တရုတ်ပြေး မင်းအချိန်တွင် ရန်သူများကို ပြန်လည်တိုက် ခိုက်ခြင်းမပြုတော့ဘဲ ဆွေမျိုးများကို တင် ဆောင်၍ မြစ်ကြောင်းမှ ထွက်ပြေးတိမ်း ရှောင်ခဲ့ခြင်း ဖြစ်သည်။ ထိုမင်းတည်ခဲ့သော ဘုရားမှာ မင်္ဂလာစေတီဘုရား ဖြစ်ပါသည်။ ပုဂံဒေသဘုရားများသည် ၁၉၇၅ ခုနှစ် ငလျင် ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရသည်မှာ များ ပြားကြောင်း သိရသည်။ ပုဂံဘုရားများကို တစ်ခေတ်နှင့်တစ်ခေတ် ပြန်လည် ပြုပြင်ခဲ့ကြ သဖြင့် ယနေ့ခေတ်အချိန်အထိ တည်တံ့ခိုင်မြဲ နေခြင်းဖြစ်ကြောင်း သိရသည်။

ပုဂံအမှတ်တရ လက်ပန်းချီဆွဲခြင်းနှင့် သနပ်ခါးလိမ်းခြင်း

          ယခင်က ပုဂံတွင် သဲကားပန်းချီဆွဲသော ရေဆေးဖြင့် လက်ပန်းချီဆွဲကြရာမှ လက်ရှိ တွင် ဒန်းဆေးဖြင့် လက်ပန်းချီဆွဲကြသည်ကို မြင်တွေ့ရသည်။ ဘုရားစေတီတော်များတွင် လည်း သစ်ရွက်သနပ်ခါး၊ ညောင်ရွက်သနပ် ခါးလေးများ လိမ်းကြသည်ကိုလည်း တွေ့ရ သည်။ ပုဂံအမှတ်တရများအဖြစ် လက်ပန်းချီ ဆွဲခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ ပြုလုပ်ကြသည် ကို တွေ့ရသည်။ ပုဂံဘုရားများကို ကလေးများ က ဓာတ်ပုံလှလှရိုက်ပေးခြင်း၊ ဘုရားသမိုင်း ကြောင်း ရှင်းပြပေးသော ဧည့်လမ်းညွှန်လုပ် ပေးခြင်းတို့ဖြင့် ထူးခြားသော ဝန်ဆောင်မှု များကိုလည်း တွေ့ခဲ့ရသည်။ အင်းလေးတွင် ထိုဝန်ဆောင်မှုများ မရှိချေ။

ဝေါဟာရ ရင်းမြစ်

          များသောအားဖြင့် ပျူဂါမမှ ပုဂါမ၊ ပုဂါမ်မှ ပုဂံဖြစ်လာခဲ့သည်ဟု ဖော်ပြလေ့ ရှိကြသည်။ ဤကဲ့သို့ဖော်ပြခြင်းမှာ မှန်နန်း ရာဇဝင်ကြီး စသည်များတွင် သရေခေတ္တရာ ပြည် ပျက်ပြီးနောက် သရေခေတ္တရာမှ ပျူအစု တို့သည် တောင်ညိုအရပ်၊ ၎င်းင်းနောက် ပန်း တောင်းသက်သာအရပ်၊ ထိုမှ မင်းတုန်းအရပ်၊ တစ်ဖန် ယုန်လွှတ်ကျွန်းအရပ်သို့ အဆင့်ဆင့် အဆင့်ဆင့် ပြောင်းရွှေ့လာခဲ့ကြပြီးနောက် ထိုယုန်လွှတ်ကျွန်းအရပ် ရွာပေါင်းတစ်ဆယ့် ကိုးရွာသားတို့နှင့် သမုဒ္ဒရာဇ်မင်းသည် အရိ မဒ္ဒနာမည်သော ပုဂံပြည်ကို တည်လေသည် ဟု ပါရှိခြင်းများကို အထောက်အထားပြု၍ ဖော်ပြကြခြင်းပင် ဖြစ်ဟန်ရှိလေသည်။ တုရင် တောင်အရှေ့ ယုန်လွှတ်ကျွန်းဒေသတွင် လာရောက်တည်ထောင်သော ပျူအမျိုးစုတို့ နှင့် ရွာတစ်ဆယ့်ကိုးရွာဟူသော စကားပေါင်း စပ်၍ ပျူဂါမဟူသောအမည် ပေါ်ထွက်လာ ခြင်း ဖြစ်ပေသည်။

          ရှေးပုဂံခေတ် ကျောက်စာများ၌  “ပုကံ” ဟူ၍ ရေးသားပြီး ပုဂံဟူသော အရေးအ သားမှာ အလွန်နည်းပါးသည်။ ပုဂံခေတ် ကျောက်စာများတွင်သာမက ပင်းယ၊ အင်းဝ ကျောက်စာများတွင်လည်း ပုကံဟူသော အရေးအသားမှာ များပြားပါသည်။

          ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီး (၄၄၆-၄၇၅) ရေးထိုးခဲ့သော မွန်ဘာသာ ကျောက်စာများတွင် ပုဂံအမည်ကို ပါဠိဘာ သာတွင် “ပေါကာမ” ဟု လည်းကောင်း၊ မွန် ဘာသာတွင် “ပေါကာမ်” ဟုလည်းကောင်း ပါရှိသည်။

          အပြန်လမ်း တစ်လျှောက်တွင် အတိတ် ခေတ်သမိုင်းကြောင်းများကို ပြန်လှန် စဉ်းစား ရင်း အတွေးနယ်ချဲ့နေမိပါသည်။

          လွမ်းစရာများဖြင့် ပြည့်နှက်နေသော ပုဂံရွှေမြေကို နောက်ထပ်တစ်ခေါက် ထပ်မံ ဖူးမြော်ရပါစေကြောင်း ဆုတောင်းရင်းဖြင့် ခရီးသွားမှတ်တမ်းလေးကို ဖော်ပြလိုက်ရပါ သည်။

Most Read

Most Recent