ပြည်ပထွက်ခွာ အလုပ်လုပ်မည့် မြန်မာလူငယ်များ သတိထားရမည့်အရာ

ပြည်ပထွက်ခွာ အလုပ်လုပ်မည့် မြန်မာလူငယ်များ သတိထားရမည့်အရာ
Published 26 May 2024

ပြည်တွင်းအလုပ်အကိုင် ရှားပါးမှု၊ လုပ်ခလစာ နည်းပါးမှုများကြောင့် မြန်မာလူငယ် အများစုမှာ ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်ခြင်းမှာ ၂၀၂၄ ခုနှစ်တွင် ပိုမိုများပြားလာခဲ့သည်။

အလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်များအရ အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် အချက်အလက်များအရ ယခင်နှစ် ရှစ်လအတွင်း တစ်လလျှင် ပျမ်းမျှ တစ်သောင်းခွဲခန့်သာ ရှိခဲ့သော်လည်း ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတို့တွင် တစ်သောင်းကိုးထောင်ခန့် သွားရောက်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

အလုပ်သမားများ သွားရောက်ခဲ့သည့် နိုင်ငံများမှာ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ကူဝိတ်၊ ကာတာ၊ ယူအေအီး၊ ကိုရီးယား၊ တူရကီ အစရှိသည့်နိုင်ငံများသို့ စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၄  ခုနှစ်မှ စတင်ပြီး ပြည်ပသို့ အလုပ် သွားရောက် လုပ်ကိုင်သူများပြားလျက်ရှိနေ ရာ ယခင်နှစ် ဧပြီမှ ယခုနှစ် ဖေဖော်ဝါရီလကုန် အထိ တရားဝင်လိုင်စင်ရပြည်ပအလုပ် အ ကိုင်အေဂျင်စီ ၄၄၀ မှ ပြည်ပနိုင်ငံများသို့ အလုပ်သမား ၁၆၇၉၂၆ ဦး ပို့ဆောင်ခဲ့ခြင်းဖြစ် သည်ဟု အလုပ်သမားဝန်ကြီးဌာန၏ အချက် အလက်များအရ သိရသည်။

ယင်းသို့ သွားရောက်လုပ်ကိုင်ရာတွင် ခေတ်အစားဆုံးဖြစ်နေသည်ဟု ဆိုရမည့် ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သားအဖြစ် အလုပ်လုပ်ကိုင်နိုင်သည်ဟုဆိုကာ ငွေကြေး လိမ်လည်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

ရာသီချိန်လုပ်သားအဖြစ် သွားရောက် လုပ်ကိုင်ခွင့်ရမည်ဟုဆိုကာ အမျိုးသမီးတစ် ဦးက လူ ၁၂၆ ဦးထံမှ ငွေကြေးများကို လိမ် လည်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက နိုင်ငံပိုင်သတင်း စာများတွင် ဒေါ်ချောစုလှိုင်ဆိုသူက ကိုရီးယား ရာသီချိန်လုပ်သား ပို့ဆောင်ပေးမည်၊ ခုနစ် ရက်အတွင်း အမြန်ပို့ဆောင်ပေးမည်ဟုဆို ကာ သင်တန်းကျောင်းများရှိ သင်တန်းသား များထံမှ ငွေကြေးများရယူခဲ့သည်ဟု Myintmo Academy Group ၏ ကြေညာချက် အရ သိရသည်။

ဒေါ်ချောစုလှိုင်က သင်တန်းသားများ ထံမှ တစ်ဦးလျှင် ကျပ် ၃၂ သိန်းဖြင့်လည်း ကောင်း၊ တစ်ဦးလျှင် ၂၇ သိန်းငါးသောင်းဖြင့် လည်းကောင်း ငွေကြေးများကို စာချုပ်ချုပ် ဆို ရယူခဲ့ကြောင်း၊ စုစုပေါင်းသင်တန်းသား ၁၂၆ ဦးထံမှ ငွေကြေးများရယူခဲ့ခြင်းဖြစ် ကြောင်း၊ သို့သော် ဒေါ်ချောစုလှိုင်သည် စာ ချုပ်ချုပ်ဆိုထားသည့်အတိုင်း သင်တန်းသား ၁၂၆ ဦးကို ပြည်ပသို့ ပို့ဆောင်ပေးနိုင်ခြင်းမရှိ သဖြင့် ရယူထားသည့်ငွေကြေးများကို ကြော် ငြာပါသည့်နေ့မှစပြီး ခုနစ်ရက်အတွင်း ပြန် လည်ရှင်းပေးရန်နှင့် ရှင်းလင်းပေး ခြင်းမရှိပါ က တရားဥပဒေအရ အရေးယူသွားမည်ဖြစ် ကြောင်း Myintmo Academy Group ၏ ကြေညာချက်အရ သိရသည်။

“အခု အဲဒီကိစ္စတွေ တော်တော်ဖြစ်နေ တယ်။ ကျွန်တော်တို့ တရားဝင်အေဂျင်စီတွေ တောင်မှ ရာသီချိန်လုပ်သားပို့နိုင်ဖို့ ကြိုးစား နေရတုန်းပဲ ရှိသေးတယ်။ ဘယ်သူမှ ရာသီ ချိန်လုပ်သားဆိုပြီး ပို့လို့မရသေးပါဘူး။ အခု ငွေလိမ်ခံရတဲ့ သတင်းတွေလည်း တော်တော် ကြားနေရတယ်” ဟု မြန်မာပြည်ပအလုပ်          အကိုင်ဝန်ဆောင်မှုအသင်းမှ အတွင်းရေးမှူး ဦးမြတ်သူက ပြောကြားသည်။

ကိုရီးယားသို့ ရာသီချိန်လုပ်သားပို့ ဆောင်ပေးနိုင်ရန် နှစ်နိုင်ငံအစိုးရအနေဖြင့် ဆောင်ရွက်နေဆဲသာရှိကြောင်း  မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုအသင်းမှ အတွင်း ရေးမှူး ဦးမြတ်သူက ပြောကြားသည်။

“အခုက ပို့ခွင့်ရအောင်လုပ်နေတုန်းပဲ ရှိပါသေးတယ်။ ဘယ်သူမှ သွားလို့မရသေး ပါဘူး။ ဒီအချိန်မှာ ရာသီချိန်လုပ်သားအနေ နဲ့ သွားရမယ်ဆိုရင် ယုံကြည်လို့မရပါဘူး” ဟု ဦးမြတ်သူက ပြောကြားသည်။

၂၀၂၄ ခုနှစ်အတွက် တောင်ကိုရီးယား နိုင်ငံမှ ရာသီချိန်လုပ်သားခေါ်ယူမည့်နိုင်ငံ များမှာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား နှင့် လာအိုနိုင်ငံ၊ ထိုင်း၊ သီရိလင်္ကာ၊ ဘင်္ဂလား ဒေ့ရှ်စသည့်နိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံ ပါဝင်သေးခြင်းမရှိကြောင်း သိရသည်။

လက်ရှိတွင် ကိုရီးယားနှင့် မြန်မာအစိုး ရ နှစ်နိုင်ငံသဘောတူညီမှုဖြင့် EPS စနစ် ဖြင့် လုပ်သားများ ပို့ဆောင်ပေးနေခြင်းသာရှိ သေးပြီး အဆိုပါ EPS စနစ်ဖြင့်သွားရောက် လုပ်ကိုင်နိုင်ရန် ကိုရီးယားဘာသာအရည် အချင်းစစ် စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုရ ကြောင်း သိရသည်။

ထို့အတူ လိမ်လည်မှုများအနက် တရား ဝင်အေဂျင်စီ၏ နာမည်နှင့် ဓာတ်ပုံများကို အသုံးပြုကာ အလုပ်သမားများထံမှ ငွေကြေး များရယူပြီး လိမ်လည်ခြင်းများရှိနေသည်ဟု ပြည်ပအလုပ်အကိုင် အေဂျင်စီအသိုင်းအဝိုင်း မှ သိရသည်။

ပြည်ပအလုပ်အကိုင်အေဂျင်စီအချို့၏ ဓာတ်ပုံများ၊ လိုဂိုများကို အသုံးပြုပြီး  page အသစ် ပြုလုပ်ကာ အလုပ်သွားရောက်လုပ် ကိုင်သူများထံမှ ငွေကြေးလိမ်လည်မှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။

“အေဂျင်စီနာမည်တွေနဲ့ page အတု တွေနဲ့ အလိမ်ခံနေရတဲ့ ကလေးတွေအများ ကြီးပဲ။ တရားဝင်အေဂျင်စီတွေရဲ့ ဓာတ်ပုံ တွေ၊ လိုဂိုတွေကိုယူတယ်။ ပြီးတော့ page အတုဖွင့်ပြီး လိမ်နေကြတာပေါ့။ ဖုန်းနံပါတ် တွေထည့်ထားတယ်။ ဖုန်းဆက်ကြည့်ရင် လည်း အလုပ်အကိုင်အေဂျင်စီလိုပဲ ဖြေကြ တယ်။ အလုပ်အတွက် ငွေလွှဲခိုင်းတာတွေ လုပ်တယ်။ လွှဲပြီးတာနဲ့ လိမ်သွားရောပဲ။ အခု အဲဒီလိုဖြစ်နေတာတွေ အများကြီးပဲ” ဟု ဦးမြတ် သူက ပြောကြားသည်။

ယင်းကြောင့် တရားဝင်ပြည်ပအလုပ် အကိုင်အေဂျင်စီအများစုမှာ ကုမ္ပဏီက စေ လွှတ်လိုက်သည့် ရွှေ့ပြောင်းလုပ်သားများကို လိုက်လံပို့ဆောင်သည့် ဓာတ်ပုံများ၊ လှုပ်ရှား မှုများကို လူမှုကွန်ရက်စာမျက်နှာများတွင် မတင်ရဲကြောင်း၊ ယင်းသို့တင်လိုက်ပါက လိမ် လည်သူများက ဓာတ်ပုံများ၊ အကြောင်းအရာ များကို ရယူကာ ပေ့ချ်တစ်ခုထပ်ဖွင့်ပြီး လိမ် လည်မှုများရှိနေကြောင်း ပြည်ပအလုပ်အ ကိုင်အေဂျင်စီတစ်ခုမှ သိရသည်။

“အလုပ်သမားတွေကို အင်တာဗျူးတဲ့ ပုံတွေ၊ လေဆိပ်ကိုလိုက်ပို့တဲ့ပုံတွေကို လုံးဝ မတင်ရဲဘူး။ တင်လိုက်တာနဲ့ လိမ်တဲ့ကောင် တွေက အဲဒါတွေယူသုံးပြီး လိမ်ကြတာ။ ကိုယ့် အလုပ်အတွက်ကိုတောင်မှ ရဲရဲတင်းတင်း မ ကြော်ငြာရဲတဲ့သဘောကို ဖြစ်နေတာ”ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လိမ်လည်သူများကို အရေးယူမှုအပိုင်း တွင်မူ အားနည်းချက်များရှိနေသဖြင့် လိမ် လည်သူများမှာ ဆက်တိုက်ကျူးလွန်နေကြ သည်ဟု ဦးမြတ်သူက သုံးသပ်ပြောကြား သည်။

“အခုလိုအဖြစ်အပျက်တွေက အရင်က တည်းက ဖြစ်နေတာတွေလည်းရှိတယ်။ အခု ပိုဆိုးလာတယ်လို့ ဆိုရမယ်။ ဝန်ကြီးဌာနဘက် ကလည်း အဲဒီလိုလိမ်တဲ့ page တွေကို လိုက်စုံ စမ်းအရေးယူဖို့လုပ်နေပေမယ့် လိမ်တာတွေ က ဆက်ရှိနေသေးတယ်” ဟု ဦးမြတ်သူက ဆက်လက်ပြောကြားသည်။

ယင်းကြောင့် ပြည်ပသို့အလုပ်သွား ရောက် လုပ်ကိုင်မည့်သူများအနေဖြင့် တရား ဝင်လိုင်စင်ရပြည်ပအလုပ်အကိုင်အေဂျင်စီ များနှင့်ဆက်သွယ်ကာ လုပ်ဆောင်စေလို သည်ဟု ၎င်းင်းကဆက်လက်ပြောကြားသည်။

လိမ်လည်မှုများရှိနေသဖြင့် ပြည်ပသွား ရောက်လုပ်ကိုင်မည့်သူများအနေဖြင့် အွန် လိုင်းမှတစ်ဆင့် တွေ့ရှိသည့်ကုမ္ပဏီများကို မြေပြင်တွင် အမှန်တကယ်လုပ်ကိုင်ခြင်းရှိမရှိ နှင့် အလုပ်သမားဝန်ကြီးဌာန၏ တရားဝင်အ သိအမှတ်ပြုလိုင်စင်ရှိမရှိကို ဆန်းစစ်ရန်လို အပ်သည်ဟု ပြည်ပအလုပ်အကိုင်အသိုင်းအ ၀ိုင်းမှ သိရသည်။

“အခုက ငွေကြေးလိမ်လည်တာတွေက လည်း ခဏခဏကြားနေရတယ်။ ပြည်ပအ လုပ်အကိုင်လိုဟာမျိုးမှာလည်း ဒါတွေက ခ ဏခဏ ကြားရတယ်။ လူငယ်တွေက တကယ် လုပ်တော့မယ်ဆို မြေပြင်မှာအမှန်တကယ် ရှိမရှိ၊ လုပ်ငန်းလည်ပတ်တာရှိလား၊ လိုင်စင် ကရော အမှန်တကယ်လားဆိုတာကိုစုံစမ်း ဖို့လိုတယ်။ နို့မို့ဆို အလိမ်ခံရတာတွေဖြစ်လာ နိုင်တယ်။ အထူးသဖြင့် အွန်လိုင်းကနေ တက် လာတာတွေကို သိပ်ယုံလို့မရဘူး။ တွေ့ရင် တောင်မှ တကယ်အမှန်တကယ်လုပ်ပေးတဲ့ ကုမ္ပဏီဟုတ်မဟုတ် သေချာစုံစမ်းသင့်တယ်” ဟု ပြည်ပအလုပ်အကိုင် ကျွမ်းကျင်သူတစ်ဦး က သုံးသပ်ပြောကြားသည်။       

ဇော်မင်းနိုင်

Most Read

Most Recent