နိုင်ငံရေးအကျပ်အတည်း၏ ဝန်ထုပ်ဝန်ပိုးကို ထမ်းနေရသည့် ဟေတီလူငယ်များ

နိုင်ငံရေးအကျပ်အတည်း၏ ဝန်ထုပ်ဝန်ပိုးကို ထမ်းနေရသည့် ဟေတီလူငယ်များ
Published 28 February 2021
ရန်မျိုးအောင်



ဟေတီနိုင်ငံကို ဖရိုဖရဲဖြစ်စေသည့် နိုင်ငံရေးအကျပ်အတည်းသည် လူငယ်များ၏ ပညာရေးကို ထိခိုက်စေပြီး ၎င်းင်းတို့၏ အနာ ဂတ်ကို ဝေ၀ါးစေရုံသာမက အသက်အရွယ် နှင့်မလိုက်အောင် ရှင်သန်ကြီးပြင်းနေရသည့် ဘဝကို ရောက်ရှိစေခဲ့သည့် တည်ရှိဆဲ စိန် ခေါ်မှုများကို ပိုမိုဆိုးရွားစေခဲ့သည်။ အသက် ၂၀ အရွယ်ရှိပြီဖြစ်သည့် ကာဗန်စ်ကက်ဆူးစ်သည် ၎င်း၏ ဦးလေး၏ နေအိမ်ခေါင်မိုးပေါ်တွင်ထိုင်ကာ သူ့အတွက် ယာယီစာရေးစားပွဲအဖြစ် အသုံးပြုနေသည့်  ကျောက်တုံးပေါ်တွင် ဘူမိဗေဒစာအုပ်ကို တင်ပြီး ဖွင့်ဖတ်နေသည်။

“အတိုက်အခံတွေရော လက်ရှိ အုပ်ချုပ်နေတဲ့ အာဏာပိုင်တွေပါ နိုင်ငံကို ဖျက်ဆီးနေကြတဲ့သူတွေထဲမှာ ပါဝင်နေပါတယ်” ဟု ဖေဖော်ဝါရီလ တစ်လလုံး ကျောင်းတစ်ရက်မှ မတက်ခဲ့ရသည့် ကက်ဆူးက ပြောကြားခဲ့ သည်။

သိပ္ပံဘာသာရပ်ကို စိတ်ဝင်စားသည့် အထက်တန်းကျောင်းသားတစ်ဦးဖြစ်သည့် ကက်ဆူးသည် အိမ်စာ သို့မဟုတ် သူ့ဆရာ များထံမှ မည်သည့်ပို့ချချက်ကိုမျှ မရခဲ့ ကြောင်း ပြောကြားခဲ့သည်။

စာသင်နှစ်နှင့်အချိန်ဇယားများမှာ လည်း အမြဲတစေပြောင်းလဲနေသဖြင့် ကျောင်းသားအားလုံးအတွက် အရေးကြီး သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မည် သည့်အချိန်တွင်ပြုလုပ်မည်မှန်း မသိရသေး ကြောင်း ကက်ဆူးက ဆိုသည်။

စီးပွားရေးမညီမျှမှုများ အလွန်များပြား ပြီး လမ်းသရဲဂိုဏ်းများ၏ သောင်းကျန်းမှုများ မြင့်တက်လာမှုနှင့်အတူ ဟေတီနိုင်ငံမှ ကလေးငယ်များသည် ပျော်ရွှင်စရာကလေး ဘဝ၏ လွတ်လပ်မှုကို ဆုံးရှုံးနေရသည်ဟု မိဘများက ပြော ကြားခဲ့သည်။

ကြောက်ရွံ့ထိတ်လန့်မှု

ကက်ဆူးသည် ဟေတီနိုင်ငံ၏ ငွေကြေး လုံလောက်မှုမရှိသည့် အစိုးရကျောင်းများတွင် တက်ရောက်နေသည့် ကျောင်းသားများ ထဲမှ တစ်ဦးဖြစ်သည်။ ဟေတီနိုင်ငံ၏ စာသင်ကျောင်းများအနက် ၈၀ ရာခိုင်နှုန်းမှာ ပုဂ္ဂလိ  က စာသင်ကျောင်းများဖြစ်သည်။

ကက်ဆူး အနေဖြင့် သူ့အသက်အရွယ်တွင် အကောင်းဆုံးအရာများကိုသာ ရရှိပိုင် ဆိုင်သင့်သော်လည်း လက်ရှိတွင် ဟေတီ၏ မြို့တော် ပို့ အူ ပရင့်စ်တွင် တက်ကြွမှုမရှိဘဲ လေးလံထိုင်းမှိုင်းစွာ ထိုင်နေသည်။

“ကျွန်တော် ကြောက်တယ်”ဟု ကက် ဆူးက ပွင့်လင်းစွာဝန်ခံခဲ့သည်။ သူ၏ မိဘ များသည် မြို့တော်အပြင်ဘက်တွင် နေထိုင်ခဲ့ ချိန်ကတည်းက သူသည် သူ့အဒေါ်မိသားစု ၏ တိုက်ခန်းတွင် လာရောက်နေထိုင်ခဲ့သည် မှာ သုံးနှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။

“ဒီနေ့မနက်မှ ကျွန်တော်အပြင်ထွက် ဖြစ်တာ။ ခင်ဗျားကို ကျွန်တော်တွေ့ဖို့ထွက် လာတာပါ။ ကျွန်တော့်အတွက် ဒါဟာ ဖေ ဖော်ဝါရီလ တစ်လလုံးမှာ အဓိက မိန်းလမ်းမ ကြီးပေါ်ကို ပထမဆုံးအကြိမ် ထွက်တာပါပဲ” ဟု အေအက်ဖ်ပီ သတင်းထောက်အား ပြော ကြားခဲ့သည်။

မြို့တော်အတွင်းရှိ လမ်းများသည် အလွန်သိသာထင်ရှားသည့် အပြောင်းအလဲ ဖြစ်ခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်ကတည်းက ပုံမှန်အခြေအနေနှင့်ကွဲပြားကာ တိတ်ဆိပ် သွားခဲ့သည်ဟု ကက်ဆူးက ပြောကြားခဲ့သည်။

ယင်းအချိန်က နိုင်ငံရေးအတိုက်အခံများနှင့် လူမှုအဖွဲ့အစည်းများသည် ဟေတီ နိုင်ငံ၏ တရားဝင် သမ္မတဖြစ်သည့် ယိုဗနယ် မွိုက်စ် ကို အသိအမှတ်မပြုတော့ကြောင်း ပြောကြားခဲ့ပြီးနောက် လမ်းများပေါ်တွင် အကြမ်းဖက်မှုအသွင်ဆောင်သည့် ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။

ရွေးကောက်ပွဲတွင် လိမ်လည်မှုစွဲချက် များနှင့်ပတ်သက်ပြီး အငြင်းပွားမှုများဆက် လက်ဖြစ်ပွားနေသည့်ကြားမှ မွိုက်စ်က ၎င်းင်း၏ သမ္မတသက်တမ်းသည် ၂၀၂၂ ခုနှစ် ဖေဖော် ၀ါရီ ၇ ရက်အထိ ဆက်လက်တည်မြဲနေသည် ဟု ပြောကြားခဲ့သည်။

■ စာသင်ကျောင်းများအပေါ် သက်ရောက်မှု

ဟေတီနိုင်ငံသည် COVID-19 ကပ် ရောဂါကို ဆိုးရွားစွာမခံစားခဲ့ရဘဲ စာသင် ကျောင်းများကိုလည်း ဖွင့်ထားခဲ့သော်လည်း ဖေဖော်ဝါရီလအတွင်းမြင့်တက်ခဲ့သည့် နိုင်ငံ ရေး အကျပ်အတည်းသည် ကျောင်းသားများ ၏ ပညာရေးကို ထိခိုက်စေခဲ့သည်။

မြို့တော်အတွင်းရှိ စာသင်ကျောင်း အများစု ပိတ်သွားခဲ့ပြီး အနည်းငယ်သာ ဆက်လက်ဖွင့်လှစ်နေမှုသည် မွိုက်စ်အတွက်  နိုင်ငံရေးအား အယုံအကြည် ရှိ၊ မရှိ မဲဆန္ဒခံ ယူမှုတစ်ခုကဲ့သို့ ဖြစ်လာစေခဲ့သည်။

“ကလေးတွေဟာ စာသင်ကျောင်းကို သွားရပါလိမ့်မယ်။ ဒါပေမယ့် ဟေတီမှာ ဒီ နေ့လို အခြေအနေမျိုးမှာဆိုရင်တော့ အဲဒီ လိုပြောလိုက်မယ်ဆိုရင် နိုင်ငံရေးစကားပြော တာလို့ လူတွေက ထင်ကြပါလိမ့်မယ်” ဟု အမည်မဖော်လိုသည့် ကျောင်းဆရာတစ်ဦး က ပြောကြားခဲ့သည်။

နိုင်ငံရေး အကျပ်အတည်းများသည် ယခင်ကတည်းက မျှတမှုမရှိသည့် ဟေတီ၏ စီးပွားရေးနှင့် စာသင်ကျောင်းများအပေါ် ဆိုးရွားစွာ အကျိုးသက်ရောက်ခဲ့သည်။

ကက်ဆူးသည် ကိုယ်ထူးကိုယ်ချွန်ပုံစံမျိုး ဖြင့် ပညာရေးကို ဆက်လက်လေ့လာနေသော် လည်း ၎င်း၏ ဆဲလ်ဖုန်းဘေလ် ဖိုးကိုပင် အနိုင်နိုင်ဖြေရှင်းနေရသည်။

ထိုစဉ်အချိန်အတောအတွင်း ကက်ဆူး နှင့် တစ်မိုင်ခန့်သာကွာဝေးသည့် နေရာတွင် နေထိုင်သည့် အသက် ငါးနှစ်အရွယ် လူစီ မှာမူ ဆိုဖာပေါ်တွင်ထိုင်ကာ သူ့ဆရာ၏ အွန်လိုင်းမှ ပို့ချချက်များကို လေ့လာသင်ယူ နေသည်။

ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်းက ဖွင့်ထားသည့် သူ့ကျောင်းဝတ်စုံကို အကျ အနဝတ်ဆင်ပြီး ကွန်ပျူတာရှေ့တွင် ထိုင်ကာ ပညာသင်ယူနေသည်။

“ဟေတီမှာ ရှိတဲ့ မိဘတိုင်းမှာ ကွန်ပျူ တာနဲ့ အင်တာနက်လိုင်း ကောင်းကောင်း ရှိလိမ့်မယ်လို့ မထင်ပါဘူး။ ဒါတောင် လျှပ်စစ်မီးပြဿနာကို ထည့်မပြောသေးပါဘူး” ဟု လူစီ၏ ငွေကြေးပြည့်စုံသည့် ဖခင်ဖြစ်သူ ယန်း ရိုမန်း က ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့ အပတ်က မီးမလာလို့ ကျွန်တော့် သမီးရဲ့ လက်ပ်တော့ အားကုန်သွားချိန်မှာ ဆရာကလည်း အွန်လိုင်းက ပို့ချမှုကို ရပ်လိုက်ရပါတယ်” ဟု ကလေးသုံးဦး၏ ဖခင်ဖြစ်သည့် ရိုမန်းက ပြောကြားခဲ့ပြီး ၎င်းင်း၏ကလေး သုံးဦး အနက် နှစ်ဦးမှာ ကျောင်းပြန်တက်နေပြီဟု ဆိုုသည်။

■ အသက် ၁၁ နှစ်တွင် ဆံပင်ဖြူခြင်း

စာရင်းကိုင်တစ်ဦးကို လက်ထပ်ခဲ့သည့် ဆရာဝန်တစ်ဦးဖြစ်သည်နှင့်အညီ အားနက်စ် နှင့် သူ့ဇနီးသည်တို့သည် နိုင်ငံ့လူဦးရေ၏ ၆၀ ရာခိုင်နှုန်းအနက် တစ်ရက်လျှင် ၂ ဒေါ် လာ အောက်သာဝင်ငွေရှိသည့် ဟေတီနိုင်ငံ တွင် ဝင်ငွေများသည့် လူနည်းစုတွင် ပါဝင်ခဲ့ သည်။

သို့သော် ယင်းကဲ့သို့ ဝင်ငွေများသော် လည်း ၎င်းတို့မိသားစုသည် နိုင်ငံရေးအကျပ် အတည်း၏ ရိုက်ခတ်မှုမှ လွတ်မြောက်ခြင်း မရှိခဲ့ပေ။

“ကျွန်တော်တို့ ကလေးထပ်မယူတော့ ပါဘူး။ ကျွန်တော်တို့ မှာ အရွယ်ရောက်ပြီးတဲ့ ကလေးတွေရှိပြီးပါပြီ။ လမ်းဘေးမှာ တာယာ မီးလောင်နေတာ ဒါမှမဟုတ် လူတစ်ယောက် ပစ်သတ်ခံထားရတာကို တွေ့ရတဲ့ ကလေးက တွေ့ပြီး “အဖေ အဲဒါဘာဖြစ်တာလဲဟင်” လို့ မေးခဲ့ရင် ဘယ်လိုပြန်ဖြေရမလဲ။ စိတ်ဖိစီးဖို့ ကောင်းပါတယ်” ဟု အားနက်စ်က ပြောကြား ခဲ့သည်။

နိုင်ငံကို နှစ်ခြမ်းကွဲစေခဲ့သည့်နိုင်ငံရေး အကျပ်အတည်းများသည် ဟေတီပြည်သူများ ၏ နေ့စဉ် စားဝတ်နေရေးများကို ထိခိုက်မှုရှိ စေခဲ့ပြီး ယင်းသို့ သေချာရေရာမှုမရှိသည့် နိုင်ငံရေးအခြေအနေကြောင့် နိုင်ငံအတွင်း ခိုး၊ဆိုး၊လု၊နှိုက်မှုများ ပိုမိုမြင့်တက်လာပြီး ပြည်သူများသည် ၎င်းတို့၏နေ့စဉ်ဘဝကို စိုးရိမ်ပူပန်မှုများဖြင့် ဖြတ်သန်းနေရသည်။

“အသက်၁၁ နှစ် အရွယ်သာ ရှိသေးတဲ့ ကျွန်တော့် သမီးအကြီးဆုံးရဲ့ ခေါင်းမှာ ဆံပင် ဖြူပေါက်နေတာကို တွေ့ခဲ့ရတော့ တော်တော် အံ့သြ သွားပါတယ်။ ဒါဟာ သူ ဘယ်လောက် စိတ်ဖိစီးနေလဲဆိုတာကို ပြသရာရောက်ပါ တယ်”ဟု ဆရာဝန်တစ်ဦးဖြစ်သည့် အား နက်စ်က ဆိုသည်။

“ကျွန်တော်တို့မှာ အိပ်မက်တွေရှိပါ တယ်။ ဒါပေမယ့် နိုင်ငံရေး အကျပ်အတည်း ကြောင့် အဲဒီအိပ်မက်တွေကို အကောင် အထည်မဖော်နိုင်သေးပါဘူး။အဲဒါကြောင့် လူငယ်အများစုဟာ နိုင်ငံထဲက ထွက်သွားဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်”ဟု အားနက်စ် ကပြောကြားခဲ့သည်။