နိုင်ငံတော်သမ္မတနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့ တွေ့ဆုံစဉ် ယွမ် ၃ သန်း တန်ဖိုးရှိ COVID-19 ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ဆေးပစ္စည်းများနှင့် COVID-19 ရောဂါကာကွယ်ဆေး အလုံး ၃ သိန်း မြန်မာနိုင်ငံသို့ ကူညီပံ့ပိုးရေး ဆွေးနွေးခဲ့

နိုင်ငံတော်သမ္မတနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့ တွေ့ဆုံစဉ် ယွမ် ၃ သန်း တန်ဖိုးရှိ COVID-19 ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ဆေးပစ္စည်းများနှင့် COVID-19 ရောဂါကာကွယ်ဆေး အလုံး ၃ သိန်း မြန်မာနိုင်ငံသို့ ကူညီပံ့ပိုးရေး ဆွေးနွေးခဲ့
Published 11 January 2021

နိုင်ငံတော်သမ္မတနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့ တွေ့ဆုံစဉ် ယွမ် ၃ သန်း တန်ဖိုးရှိ COVID-19 ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ဆေးပစ္စည်းများနှင့် COVID-19 ရောဂါ ကာကွယ်ဆေး အလုံး ၃ သိန်း မြန်မာနိုင်ငံသို့ ကူညီပံ့ပိုးသွားရေး ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့်အဖွဲ့အား ဇန်နဝါရီ ၁၁ ရက်တွင် နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိစ္စများ ၊ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် တရုတ်နိုင်ငံက မြန်မာနိုင်ငံအား ယွမ် ၃ သန်း တန်ဖိုးရှိ COVID-19 ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ဆေးပစ္စည်းများနှင့် COVID-19 ရောဂါ ကာကွယ်ဆေး အလုံး ၃ သိန်း ကူညီပံ့ပိုးသွားရေး၊ နှစ်နိုင်ငံ ယဉ်ကျေးမှု ခရီးသွားနှစ် အကောင်အထည်ဖော်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ဆက်လက် ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ ဆက်လက် အကောင်အထည် ဖော်သွားရေးတို့ကို ဆွေးနွေးကြကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းသူ၊ ဦးသောင်းထွန်း၊ ဦးကျော်တင်၊ ဦးသန့်စင်မောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent