မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော ပဋိပက္ခကိုဖြေရှင်းပေးရန် ထိုင်းနိုင်ငံက မရပ်မနား ဆောင်ရွက်နေသည်ဟု ထိုင်းဝန်ကြီးချုပ် ပြောကြား

မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော ပဋိပက္ခကိုဖြေရှင်းပေးရန် ထိုင်းနိုင်ငံက မရပ်မနား ဆောင်ရွက်နေသည်ဟု ထိုင်းဝန်ကြီးချုပ် ပြောကြား
Published 24 May 2024
Ref:Bangkok post

မြန်မာနိုင်ငံတွင် ပဋိပက္ခအဆုံးသတ်သွားစေရေးအတွက် ထိုင်းနိုင်ငံက မရပ်မနား ဆောင်ရွက်နေသည်ဟု ထိုင်းဝန်ကြီးချုပ် ဆရတ်သာထားဝီဆင်းက ထုတ်ဖော်ပြောကြားခဲ့သည်။

မြန်မာ့အရေးနှင့်စပ်လျဉ်း၍ မစ္စတာ ထားဝီဆင်း၏အစိုးရအဖွဲ့သည် လက်ရှိအာဆီယံဥက္ကဋ္ဌ လာအို၊ အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဆောင်ရွက်နေသည်ဟု ထိုင်းဝန်ကြီးချုပ်က မေ ၂၄ ရက်တွင် ဂျပန်နိုင်ငံတိုကျိုမြို့၌ ကျင်းပနေသော နစ်ခေး၏အာရှအနာဂတ်ဖိုရမ်၌ ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်ရှိ မြန်မာပြည်သူများကို လူသားချင်းစာနာမှုအကူအညီများ ပိုမိုပေးအပ်လျက်ရှိသည်ဟု မစ္စတာထားဝီဆင်းက ပြောကြားခဲ့သည်။

“ငြိမ်းချမ်းတည်ငြိမ်ပြီး စည်းလုံးညီညွတ်တဲ့ မြန်မာနိုင်ငံအတွက် ကျွန်တော်တို့အတူတကွ မရပ်မနား ဆောင်ရွက်နေပါတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မြန်မာနိုင်ငံပြန်ရောက်လာတာ ကျွန်တော်တို့ မြင်ချင်ပါတယ်” ဟု ထိုင်းဝန်ကြီးချုပ်က ပြောကြားသည်။

ထိုင်းနှင့်မြန်မာတို့သည် ရှည်လျားသည့် နယ်စပ်ကို မျှဝေပိုင်ဆိုင်ထားခြင်းကြောင့် ထိုင်းနိုင်ငံက မြန်မာအရေးကို ဖြေရှင်းပေးရန် ကြိုးပမ်းအားထုတ်မှုများကို ပိုမိုလုပ်ဆောင်နေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် တိုက်ပွဲရှောင်လာသော မြန်မာဒုက္ခသည်များ ကိစ္စကိုလည်း ထိုင်းနိုင်ငံက ပုံမှန် ကိုင်တွယ်ဆောင်ရွက်ပေးနေသည်ဟု ဆိုသည်။                 

 

Most Read

Most Recent