မန္တလေးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးသိန်းထွန်းအား ဖမ်းဆီး

မန္တလေးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးသိန်းထွန်းအား ဖမ်းဆီး
Published 26 June 2024

မန္တလေးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးသိန်းထွန်းအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဦးသိန်းထွန်းအား အောင်မြေသာစံမြို့နယ် အမှတ်(၁)ရဲစခန်းတွင် ဖမ်းဆီးထားသည်ဟု ကြားသိရကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဦးသိန်းထွန်းအား အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ဖမ်းဆီးခဲ့ပြီး ရဲတပ်ဖွဲ့သို့ ဇွန် ၂၅ ရက် ညပိုင်းတွင် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း Eleven Media ၏ ကနဦးစုံစမ်းမှုအရသိရပြီး မည်သည့်ပုဒ်မဖြင့် အမှုဖွင့်လှစ်ထားသည်ကို ရဲတပ်ဖွဲ့၏အတည်ပြုချက်မရရှိသေးဖြင့် အမှုအခြေအနေအား ထပ်မံသိရှိရပါက ဆက်လက်ဖော်ပြပေးမည်ဖြစ်ပါသည်။

Most Read

Most Recent