ဇူလိုင် ၁ ရက်မှစ၍ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ပေါ်ဆန်းမွှေးဆန်များ အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချမည်

ဇူလိုင် ၁ ရက်မှစ၍ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ပေါ်ဆန်းမွှေးဆန်များ အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချမည်
Published 26 June 2024

ဇူလိုင် ၁ ရက်မှစ၍ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ပေါ်ဆန်းမွှေးဆန်များ အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်မှစ၍ နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်မာျးအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပေါ်ဆန်းမွှေးဆန်များအား အိမ်အရောက်ပို့စနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ဆန်အမျိုးအစားနှင့် အိမ်အရောက် စျေးနှုန်းအနေဖြင့် ရွှေဘိုပေါ်ဆန်း ၁၀၈ ပေါင်(၂၄ ပြည်) တစ်အိတ်လျှင် ကျပ် ၁၅၂၀၀၀၊          ဧရာဝတီပေါ်ဆန်း ၁၀၈ ပေါင်(၂၄ ပြည်) တစ်အိတ်လျှင် ကျပ် ၁၃၀၀၀၀၊ ဧရာဝတီပေါ်ဆန်း ၁၀ ကီလို(၅ ပြည်ခန့်)တစ်အိတ်လျှင် ကျပ် ၂၆၅ဝဝဖြစ်သည်။

ဝယ်ယူလိုပါက ၀၉၄၀၀၀၆၇၂၄၀၊ ၀၉၄၀၀၀၆၇၂၅၀၊ ၀၉၄၀၀၀၆၇၂၆၀၊ sales@mrf.com.mm သို့ ကြိုတင်ပေးပို့ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငွေပေးချေမှုကို KBZ Pay သို့မဟုတ် အခြားနည်းလမ်းဖြင့် ဆောင်ရွက်နိုင်ပြီး မှာကြားသည့် နေ့ရက်/ငွေပေးသွင်းပြီးသည့် အချိန်ကာလမှစတင်၍ အများဆုံးသုံးရက်အတွင်း  အရည်အသွေးမှန်၊ အလေးချိန်မှန် ဆန်အိတ်များကို လိပ်စာပါအတိုင်း အိမ်အရောက်ပေးပို့သွားမည်ဟု သိရသည်။

အခြားဆန်အမျိုးအစားများနှင့် ထုပ်ပိုးမှုပုံစံအမျိုးမျိုးအားလည်း အိမ်အရောက်ပို့စနစ်ဖြင့် ဖြန့်ဖြူးနိုင်ရေးကို တိုးချဲ့ဆောင်ရွက်နိုင်စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတ်မှတ်စျေးနှုန်းများကို ရည်ညွှန်းစျေးများနှင့်အညီ သင့်တင့်မျှတသောစျေးနှုန်းများဖြစ်ပြီး  ထပ်မံလျှော့ချနိုင်ရေး ဆောင်ရွက်နေခြင်း၊ ယခုအစီအစဉ်အား စဉ်ဆက်မပြတ် ဆောင်ရွက်မည်ဖြစ်ဖြင်းတို့ကြောင့် အမှန်လိုအပ်မှုအတွက်သာ မှာယူရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

Most Read

Most Recent