ရန်ကုန်တိုင်းဒေသကြီး၌ COVID-19 ပိုးတွေ့လူနာ ၆၀၀၀၀ နီးပါးရှိလာပြီး ရောဂါဖြစ်ပွားမှုများသည့် မြောက်ဥက္ကလာ၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ အင်းစိန်နှင့် သင်္ဃန်းကျွန်းမြို့နယ်များတွင် လူနာ ၃၀၀၀ မှ ၄၀၀၀ ကျော်အထိ ရှိလာပြီဖြစ်

ရန်ကုန်တိုင်းဒေသကြီး၌ COVID-19 ပိုးတွေ့လူနာ ၆၀၀၀၀ နီးပါးရှိလာပြီး ရောဂါဖြစ်ပွားမှုများသည့် မြောက်ဥက္ကလာ၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ အင်းစိန်နှင့် သင်္ဃန်းကျွန်းမြို့နယ်များတွင် လူနာ ၃၀၀၀ မှ ၄၀၀၀ ကျော်အထိ ရှိလာပြီဖြစ်
Quarantine စင်တာများတွင် ကူညီလုပ်ကိုင်ပေးနေသည့် စေတနာ့ဝန်ထမ်းများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Quarantine စင်တာများတွင် ကူညီလုပ်ကိုင်ပေးနေသည့် စေတနာ့ဝန်ထမ်းများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 24 November 2020
အိသဥ္ဇာကျော်

ရန်ကုန်တိုင်းဒေသကြီး၌ COVID-19 ပိုးတွေ့လူနာ ၆၀၀၀၀ နီးပါးရှိလာပြီး ရောဂါဖြစ်ပွားမှုများသည့် မြောက်ဥက္ကလာ၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ အင်းစိန်နှင့် သင်္ဃန်း ကျွန်းမြို့နယ်များတွင် လူနာ ၃၀၀၀ မှ ၄၀၀၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ စတင်ဖြစ်ပွားစဉ် မတ်လမှစ၍ နိုဝင်ဘာ တတိယပတ်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံးတွင် ပိုးတွေ့လူ နာ ၅၈၀၀၀ ကျော် ရှိကြောင်း နှင့် ရောဂါပိုး တွေ့လူနာအများဆုံးရှိသည့် မြို့နယ်များမှာ မြောက်ဥက္ကလာမြို့နယ်တွင် ၄၁၀၀ ကျော်၊ မင်္ဂလာဒုံမြို့နယ်တွင် ၃၈၀၀ ကျော်၊ လှိုင်သာယာမြို့နယ်တွင် ၃၆၀၀ ကျော်၊ အင်းစိန်မြို့နယ်တွင် ၃၂၀၀ ကျော်၊ သင်္ဃန်းကျွန်းမြို့နယ် တွင် ၃၁၀၀ ကျော်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ COVID-19 ထိန်းချုပ်ရေးအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က အမေရိကန်ဒေါ်လာခုနစ်သန်း ပေးအပ်ခဲ့ပြီး ထပ်မံ ၍ အမေရိကန်ဒေါ်လာ ၁၈ သန်းပေးရန် ခွင့် ပြုထားကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ COVID-19ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ကိုရီးယားနိုင်ငံမှ ASEAN – KOREA Cooperation Fund ဖြင့် COVID-19 Antigen Test Kits ၄ဝဝဝဝကျော် လှူဒါန်းခဲ့သည်။

နိုဝင်ဘာ ၁၆ ရက်က နေပြည်တော်၌ မြန်မာနိုင်ငံ၏COVID-19ကာကွယ် ထိန်း ချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ကိုရီးယားနိုင်ငံမှ ASEAN – KOREA Cooperation Fund ဖြင့် COVID-19 Antigen Test Kits များ လှူဒါန်းပေးအပ်ခဲ့ကြောင်း၊မြန်မာနိုင်ငံ၏ COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင်အသုံးပြုရန် ဓာတ်ခွဲစက်ပစ္စည်းကိရိယာများ၊ ဓာတ်ခွဲဆက်စပ် ပစ္စည်းများ၊ Rapid Antigen Diagnostic Test Kits များ၊ တစ်ကိုယ်ရည်သုံးရောဂါ ကာကွယ်ရေး အသုံးအဆောင်များကို ကိုရီး ယားနိုင်ငံမှ လှူဒါန်းလျက်ရှိရာ လက်ရှိအ ချိန်အထိ ကိုရီးယားနိုင်ငံအစိုးရမှ လှူဒါန်းမှု တန်ဖိုး ဒေါ်လာ သုံးသန်းခန့်ရှိပြီဖြစ်သည်။

COVID-19သည် မျိုးရိုးဗီဇပြောင်းလဲလာနိုင်ခြင်း အပါအဝင် အသက်ရှုလမ်း ကြောင်းမှတစ်ဆင့် လျင်မြန်စွာ ကူးစက် သည့်ရောဂါဖြစ်ခြင်းကြောင့်  ပြည်သူများက ရောဂါကာကွယ်ရေးနည်းလမ်းများကို မဖြစ်မနေ ဆက်လက်လိုက်နာရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသည်။

မြန်မာနိုင်ငံတွင် COVID-19 ကူးစက်မှု ဒုတိယလှိုင်းနောက်တွင်လည်း ကူးစက်မှု လှိုင်းငယ်များရှိလာနိုင်ပြီး ကူးစက်မှုလှိုင်းများ မကြီးမားစေရန်နှင့် ၎င်းလှိုင်းများ တစ်ခု နှင့် တစ်ခုအကြား အချိန်ကွာခြားမှုကြာမြင့် စေရန် COVID-19 ကာကွယ်ရေးစည်း ကမ်းများကိုအလေးထားလိုက်နာရန် လို အပ်ကြောင်း၊ စွမ်းရည်ထက်မြက်သည့် COVID-19 ကာကွယ်ဆေးပေါ်လာပြီးနောက် တွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ထိုးနှံရန်မှာ ကာကွယ်ဆေးရရှိမှုပမာဏအ ပေါ် မူတည်၍အချိန်ကြာမြင့်နိုင်မည်ဖြစ် ခြင်း၊ ရောဂါပိုး၏ မျိုးဗီဇပြောင်းလဲလာနိုင် ခြင်း၊ လက္ခဏာမပြဘဲ ရောဂါရှိနေနိုင်ခြင်း၊ အသက်ရှုလမ်းကြောင်းမှတစ်ဆင့် လျင်မြန် စွာ ကူးစက်သည့်ရောဂါဖြစ်ခြင်း စသည့်အ ချက်များကြောင့် ပြည်သူများအနေဖြင့် ယခု ကျင့်သုံးလျက်ရှိသည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို မဖြစ်မနေ ဆက်လက်လိုက်နာ ဆောင်ရွက် သွားရန်လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးနှိုးဆော် ထားသည်။                               

 

Most Recent