တရုတ်နိုင်ငံ ရွှေလီကျယ်ဂေါင်မြို့များရှိ မြန်မာကုန်သည်များ၏ ဘဏ်အကောင့်များ ပြန်လည်ဖွင့်ပေးရန် ကျန်ရှိနေခြင်းကြောင့် မြန်မာအစိုးရက တရုတ်နိုင်ငံဗဟိုအစိုးရသို့ တင်ပြပေးရန် မြန်မာကုန်သည်များ တောင်းဆို

တရုတ်နိုင်ငံ ရွှေလီကျယ်ဂေါင်မြို့များရှိ မြန်မာကုန်သည်များ၏ ဘဏ်အကောင့်များ ပြန်လည်ဖွင့်ပေးရန် ကျန်ရှိနေခြင်းကြောင့် မြန်မာအစိုးရက တရုတ်နိုင်ငံဗဟိုအစိုးရသို့ တင်ပြပေးရန် မြန်မာကုန်သည်များ တောင်းဆို
Published 16 November 2020
ပြည့်စုံ (မူဆယ်)

တရုတ်နိုင်ငံ ရွှေလီကျယ်ဂေါင်မြို့များရှိ မြန်မာကုန်သည်များ၏ ဘဏ်အကောင့်များ ပြန်လည်ဖွင့်ပေးရန် ကျန်ရှိနေခြင်းကြောင့် မြန်မာနိုင်ငံအစိုးရက တရုတ်နိုင်ငံ ဗဟိုအစိုးရသို့ တင်ပြတောင်းဆိုပေးရန် မြန်မာကုန်သည်များက လိုလားလျက်ရှိကြောင်း သိရသည်။

အဆိုပါ မြန်မာကုန်သည်များ၏ ဘဏ်အကောင့် ၂၀၀ နီးပါကို လွန်ခဲ့သော တစ်နှစ်ကပိတ်ထားခဲ့ပြီး အောက်တိုဘာလက မြန်မာကုန်သည်များ၏ ဘဏ်အကောင့်  ၃၀ ခန့်ကို တရုတ်အစိုးရက ပြန်လည်ဖွင့်ပေးခဲ့သော်လည်း မြန်မာကုန်သည်များ၏ ဘဏ်အကောင့်များနှင့် တရုတ်ကုန်သည်များ၏ ဘဏ်အကောင့်များ များစွာကျန်ရှိနေကြောင်း သိရသည်။

ထိုသို့ဘဏ်အကောင့် ပိတ်ထားခြင်းများနှင့်ပတ်သက်၍ ကုန်သည်များအနေဖြင့် သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးနှင့် ပြည်ထောင်စု စီးပွား/ကူသန်းဝန်ကြီးတို့ အားတရားဝင်စာတင်သင့်ကြောင်း ရှမ်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောကြားသည်။

“ ဒီပြဿနာမျိုးကို ဖြေရှင်းဖို့သည် မျှတတဲ့ကုန်သွယ်ရေးဖြစ်ဖို့ဆိုရင် တရုတ်အစိုးရနှင့် ကျွန်တော်တို့က ပြည်ထောင်စုအစိုးရ G to G စကားပြောမှ အောက်မှာ B to B လုပ်ရကိုင်ရတာ ကျွန်တော်တို့ အဆင်ပြေမှာ။ ဒါကြောင့်မို့ ပြည်ထောင်စုအစိုးရကိုပဲ တိုက်ရိုက် ဒါကို ဒီအခြေအနေကို ဖြေရှင်းပေးဖို့ဆို တောင်းဆိုသင့်တယ်ပေါ့။ ကျွန်တော့်အနေနှင့် အဲဒါမျိုး လုပ်သင့်တယ်။ အဲဒီနယ်စပ်ကုန်သွယ်ရေး ပြဿနာသည် ဒီဟာ ရေရှည်အတွက် စဉ်းစားမယ်ဆိုရင် ဒါကို ကျွန်တော်တို့အနေနဲ့ ပြည်ထောင်စု အစိုးရကိုတောင်းဆိုသင့်တယ်။ ငွေ‌ရေးကြေးရေးပါလာတဲ့အခါကျတော့ တစ်ဖက်နှင့်တစ်ဖက် ငွေရေးကြေးရေး နောက်ကွယ်တွေမှာ ပြဿနာတွေက များစွာရှိတယ်။ ကုန်သွယ်မှုငွေရေးကြေးရေးလား။ ဘယ်လို ငွေရေးကြေးရေးလား။ တရားမဝင် ငွေရေးကြေးရေးလား။ ပြဿနာတွေကလည်း ရှိတယ်။ ဒါကြောင့်မို့ ပြည်ထောင်စုအစိုးရက တိုက်ရိုက်ကိုင်တွယ်တာ ဖြစ်တဲ့အတွက် ပြည်ထောင်စုကို ကုန်သည်လုပ်ငန်းရှင်တွေ အနေနဲ့ ပြည်ထောင်စု စီမံဘဏ္ဍာဝန်ကြီးကို လိပ်မူပါ သို့မဟုတ် သမ္မတရုံးကို တိုက်ရိုက်တင်ရင်တင်။ သို့မဟုတ် အတိုင်ပင်ခံဆီ တိုက်ရိုက်တင်ရင်တင် ဒါမျိုးက ဖြစ်သင့်တယ်လို့ ကျွန်တော့်အနေနဲ့ အကြံပြုချင်ပါတယ်” ဟု ရှမ်းပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးစိုး ညွန့်လွင်က ပြောကြားသည်။

အဆိုပါ မြန်မာနိုင်ငံကုန်သည်များ၏ ဘဏ်အကောင့်များအပြင် တရုတ်နိုင်ငံသား ကုန်သည်များ၏  ဘဏ်အကောင့်များကို အွန်လိုင်းလောင်းကစား၊ ငွေ‌ကြေးခဝါချမှု၊ မူးယစ်ဆေးဝါး သို့မဟုတ် တရားမဝင်နည်း လမ်းများဖြင့် ငွေကြေးများရှိ‌နေခြင်း‌ကြောင့် အကြောင်းပြချက်ဖြင့် တရုတ်အစိုးရက  မကြာခဏဘဏ်အကောင့်များ ပိတ်နေခြင်းတို့ကြောင့် ယနေ့ (အောက်တိုဘာလ ၁၆ ရက်) တရုတ်စံတော်ချိန် နေ့လယ် ၁၂ နာရီက တရုတ်အထည်ကုန်သည်များက ၎င်းတရုတ်နိုင်ငံသားများ၏ ဘဏ်ကောင့်များ ပြန်ဖွင့်ပေးရန်တောင်းဆိုခဲ့ကြောင်း သိရသည်။

တရုတ်ပြည်က ကုန်သည်တွေလည်း အကောင့်ပိတ်ခံထားရတယ်။ အကောင့်ပိတ်တာကတော့ အကောင့်‌ပေါင်း ၃၀၀ ကျော်ရှိတယ်။ ဒီလိုပဲ ဆန်၊ သကြား၊ အထည်ကုန်သည်တွေရဲ့ ဘဏ်အကောင့်တွေ ပြန်လည်ဖွင့်ပေးဖို့ တရုတ်နိုင်ငံသားတွေက ဆန္ဒပြတာ။ ရွှေလီမှာ ပြတာ။ ပိတ်ထားတဲ့ ကုန်သည်တွေရှိတယ်။ ဆန်၊ သကြား၊ ပဲ၊ ပြောင်း ကုန်သည်တွေရဲ့ ဘဏ်အကောင့်တွေ ပိတ်ထားတာကြာပြီ။ သူတို့က ဘယ်ပြောလို့ ပြောရမှန်းမသိဘူး။ ခုလို တရုတ်နိုင်ငံထဲမှာရှိတဲ့ တရုတ်နိုင်ငံသားတွေက သွားပြီးတော့ ဆန္ဒပြခြင်းအားဖြင့် အကောင့်ပိတ်တဲ့ ကိစ္စတွေကို ပိုပြီးတော့ အာရုံစူးစိုက်လာနိုင်တယ်။ အာရုံစူးစိုက်လာပြီဆိုရင် သူတို့က ဘဏ်အကောင့်တွေကို စီစစ်ပြီးတော့ ပြန်ဖွင့်ပေးလာနိုင်တယ်။ ဒီအတွက်တော့ အခုလို ဆန္ဒပြတာဟာ မြန်မာပြည်ထဲမှာရှိတဲ့ ဘဏ်အကောင့် ပိတ်ခံထားရတဲ့ ကုန်သည်တွေအတွက် အများကြီး ကောင်းတယ်လို့ ကျွန်တော် ပြောလိုပါတယ်ဟု ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးမင်းသိန်းက ပြောကြားသည်။

ဘဏ်အကောင့်ပိတ်ခံထားရခြင်းနှင့် ပတ်သက်၍ ကုန်သည်များစုပြီးကာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် မူဆယ် နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးများအသင်းတို့ကို စာတင်ထားတယ်‌သော်လည်း တရုတ်ဗဟိုအစိုးရက တိုက်ရိုက်ကိုင်တွယ်မှု့ကြောင့် မြန်မာအစိုးရက သံခင်တမန်ခင်းဖြင့် ညှိနှိုင်တောင်းဆိုသင့်ကြောင်း ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးမင်းသိန်း ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရွှေသရဖီကုန်ဂိတ်က ဦးအောင်းမင်းက တရုတ်နိုင်ငံမှာ ဘဏ်ကဒ်နှင့် Credit ကဒ်တွေပဲ သုံးတဲ့အတွက် ငွေပေးချေရာမှာ ငွေသွင်းငွေထုတ်လုပ်လို့မရအောင် လုပ်လိုက်တာ။ ကုန်ဂိတ်တွေအတွက်တော့ အခက်အခဲမရှိဘူး။ သို့သော် မြန်မာပြည်က Export ကုန်သည်တွေအတွက် အခက်အခဲရှိတာပေါ့။ တရုတ်ဘဏ်မှာထားတဲ့ မြန်မာပြည် ကုန်သည်တွေက ငွေလည်ပတ်လို့ မရတော့ဘူးပေါ့။ ပိတ်တာက‌တော့ မှန်းလို့မရဘူး။ အများကြီးပဲလို့တော့ ပြောတယ်။ အဲထဲမှာ ကြားသိရသလောက် Export ကုန်သည်တွေ များတတယ်။ ဟိုဘက်ကဝယ်တဲ့ တရုတ်ကုန်သည်တွေကလည်း ဘဏ်အကောင့်က ငွေလွှဲလို့မရတဲ့အတွက် မြန်မာကုန်သည်တွေကို ငွေမချေနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်။ သူတို့ ဘဏ်အကောင့်တွေ ပြန်မဖွင့်ပေးရင် ကုန်စည်စီးဆင်းမှု ရပ်တန့်သွားနိုင်တယ်။ ကုန်သည်တွေကြားထဲမှာ ငွေပေးငွေယူ မရှိရင်တော့ အလုပ်တွေ ပျက်သွားနိုင်တယ်ဟု ပြောကြားသည်။

Most Read

Most Recent