COVID-19 ရောဂါ ဖြစ်နေသည့်ကြားမှ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သော တာဝန်ရှိဝန်ထမ်းများကို ကျေးဇူးတင်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ထုတ်ပြန်

COVID-19 ရောဂါ ဖြစ်နေသည့်ကြားမှ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သော တာဝန်ရှိဝန်ထမ်းများကို ကျေးဇူးတင်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ထုတ်ပြန်
Published 9 November 2020
ပြည့်ဖြိုးအောင်

COVID-19 ရောဂါဖြစ်နေသည့်ကြားမှ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သော တာဝန်ရှိဝန်ထမ်းများကို ကျေးဇူးတင်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီက နိုဝင်ဘာ ၉ ရက် တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက်  COVID-19 ကပ်ရောဂါဖြစ်ပေါ်နေ သည့်ကြားမှပင် စွမ်းစွမ်းတမံပါဝင်ဆောင် ရွက်ခဲ့ကြသော ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်မှ တာဝန်ရှိသူများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအဆင့်ဆင့်မှ တာဝန်ရှိဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လုံခြုံ ရေး တာဝန်ကျပုဂ္ဂိုလ်များ၊ ကြက်ခြေနီတပ် ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မဲဆန္ဒရှင် မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသား၊ တိုင်းရင်း သားပြည်သူ အပေါင်းတို့အား အထူးပင် ကျေးဇူးတင်ရှိကြောင်းကို ပြည်သူ့ရှေ့ဆောင် ပါတီမှ မှတ်တမ်းတင်သည်ဟု ပါရှိသည်။

“အန်ကယ်တို့ကတော့ ရွေးကောက်ပွဲ မှာ လုပ်ပေးတဲ့ဝန်ထမ်းတွေကို တကယ်ပင် ပန်းတဲ့အတွက် အသိအမှတ်ပြုပါတယ်။အဲဒီအတွက် ကြေညာချက်ထုတ်တာပါ” ဟု ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယဥက္ကဌ(၂) ဦးကျော်ဇေယျက ပြောကြားသည်။

ထို့ပြင် ယခုရွေးကောက်ပွဲတွင် ၎င်းငပါတီ အနေဖြင့် အတွေ့အကြုံများစွာရရှိပြီး တန်ဖိုးဖြတ်မရကြောင်း ဦးကျော်ဇေယျက ပြောကြားသည်။

“ရွေးကောက်ပွဲကော်မရှင်က မျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ပါတီအကြီးတွေ၊ အငယ်တွေ၊ ငွေကြေးတောင့်တင်းတဲ့ပါတီ ဒါတွေမလိုဘဲနဲ့  ပါတီတစ်ခုမှတ်ပုံတင်လိုက်ပြီဆိုတာနဲ့ ပါတီတိုင်း လုပ်နိုင်မယ့်ဟာမျိုးကို တော့ ရွေးကောက်ပွဲကော်မရှင်က မျှတမှုဖြစ်အောင် လုပ်သင့်တယ်။ မဲဆွယ်တဲ့နေရာမှာ လည်းပဲ တကယ့်ကိုမျှတတဲ့ရွေးကောက်ပွဲ ဖြစ်အောင် ဥပမာ ကိုယ်စားလှယ်ဆိုရင် ကန့် သတ်ထားတာပဲ ကျပ်သိန်း ၁၀၀ လေ။ငွေ များတိုင်း ဖိပြီးတော့ စည်းရုံးပြီးတော့ လူအင်အားများများ ငှားသုံးလို့ရတော့ အဲဒါလေး တွေက ပြန်ကြည့်ရမယ့်အနေအထားဖြစ်နေတယ်။ ရွေးကောက်ပွဲကော်မရှင်ကို အဲဒါလေး တော့ မက်ဆေ့ချ်ပေးချင်ပါတယ်” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် ပါတီ တည်ထောင်သည့် သက်တမ်း တစ်နှစ်ကျော်သာရှိပြီး ၂၀၂ဝပြည့်နှစ် အထွေထွေရွေး ကောက်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် များ၌ ကိုယ်စားလှယ်လောင်း ၂၃၅ ဦး ဝင် ရောက်ယှဉ်ပြိုင်ခဲ့သည်။

 

 

Most Read

Most Recent