တနသာင်္ရီတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်အားလုံး၌ NLD ပါတီ က ပြိုင်ဘက်ပါတီများကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိထား

တနသာင်္ရီတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်အားလုံး၌ NLD ပါတီ က ပြိုင်ဘက်ပါတီများကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိထား
Published 9 November 2020
ဖြိုးဇင်(ထားဝယ်)

တနသာင်္ရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၀ ခုမှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ကရင်တိုင်းရင်းသားလူမျိုး စသည့် မဲဆန္ဒနယ် ၄၃ နေရာ၌ NLD ပါတီ၏ ကိုယ်စားလှယ်လောင်းများက ပြိုင်ဘက်ပါတီများကို မဲအပြတ်အသတ်ဖြင့် အသာစီးအနိုင်ရရှိထားကြောင်း ယနေ့ (နိုဝင်ဘာ ၉ ရက်) မွန်းတည့် ၁၂ နာရီအထိ ရရှိထားသော စာရင်းများအရ သိရသည်။

ယနေ ့မွန်းတည့် ၁၂ နာရီအထိ ရရှိထားသည့် အချက်အလက်များအရ မြို ့နယ်အသီးသီးမှ မဲရုံစုစုပေါင်း၏ ၉၀ ရာနှုန်းခန် ့ဆန္ဒမဲရေတွက်မှု ပြီးစီးနေပြီး မဲဆန္ဒနယ်အားလုံး၌ NLD ပါတီမှသာ မဲအများစုကို အနိုင်ရရှိထားကြောင်း သိရသည်။

မဲရလဒ်စာရင်းရရှိရန် မဲရုံအနည်းငယ်သာ လိုတော့သည့် ထားဝယ်မြို့နယ်တွင် NLD ပါတီအနေဖြင့် အမျိုးသားလွှတ်တော်တွင် ၈၁ ရာခိုင်နှုန်း၊ ပြည်သူ့လွှတ်တော်တွင် ၈၃ ရာခိုင်နှုန်း၊ တိုင်းဒေသကြီးလွှတ်တော် အမှတ်(၁) တွင် ၈၄ ရာခိုင်နှုန်း၊ တိုင်းဒေသကြီးလွှတ်တော် အမှတ်(၂) တွင် ၇၃ ရာခိုင်နှုန်းတို့ဖြင့် ပြိုင်ဘက် USDP ပါတီအပေါ် မဲအသာစီးဖြင့် အနိုင်ရရှိထားကြောင်း ထားဝယ်မြို့နယ် NLD ပါတီ၏မဲရလဒ် ထုတ်ပြန်မှုအရ သိရသည်။

ရေဖြူမြို ့နယ်တွင် မဲရုံစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းခန် ့ရလဒ်ထွက်ပေါ်လာချိန်၌ မဲဆန္ဒနယ်အားလုံးတွင် NLD ပါတီမှ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိထားသည်ဟု သိရပြီး လက်ရှိ တနသာင်္ရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ကော့သောင်းမြို့နယ်တွင်လည်း NLD ပါတီမှ ကို်ယ်စားလှယ်လောင်းများက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိထားသည်ဟု သိရသည်။

ထို့ပြင် တိုင်းဒေသကြီးလွှတ်တော် ကရင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင်လည်း NLD ပါတီမှ မဲအသာစီးရရှိထားသည်ဟု သိရသည်။ လက်ရှိအနေအထားအရ တနသာင်္ရီတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်အားလုံး၏ ရလဒ်များကို ယနေ ့ညနေပိုင်းမှသာ စာရင်းချုပ်နိုင်မည်ဖြစ်ပြီး လက်ရှိတွင် မဲရုံအချို့၏ မဲရလဒ်စာရင်းများ ကျန်ရှိနေသေးကြောင်း၊ သို့သော်လည်း မဲဆန္ဒနယ်အားလုံး၌ NLD ပါတီမှ ကိုယ်စားလှယ်လောင်းများက ပြိုင်ဘက်ပါတီ ကိုယ်စားလှယ်လောင်းများကို မဲအပြတ်အသတ်ဖြင့် ဦးဆောင်နေသည်ဟု NLD ပါတီ အောင်နိုင်ရေးအဖွဲ့ဝင်များထံမှ သိရသည်။

တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားအများစု နေထိုင်သော မြို့နယ်အချို့တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ထားဝယ်တိုင်းရင်းသားများပါတီ၊ ကရင်ပြည်သူ့ပါတီနှင့် မွန်ညီညွှတ်ရေးပါတီတို ့မှကိုယ်စားလှယ်လောင်းများမှာ မဲရလဒ်စာရင်း၌ တတိယနေရာတွင်သာ အများဆုံးရရှိခဲ့ကြောင်း သိရသည်။

NLD ပါတီမှာ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ တနသာင်္ရီတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်အားလုံးတွင် ရာနှုန်းပြည့် အနိုင်ရရှိထားသောပါတီဖြစ်ပြီး လက်ရှိ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌လည်း တိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ်အားလုံး၌ ရာနှုန်းပြည့် ထပ်မံအနိုင်ရရန် အခြေအနေကောင်းနေကြောင်း သိရသည်။

တနသာင်္ရီတိုင်းဒေသကြီးအတွင်း၌ မဲပေးခွင့်ရှိသူဦးရေမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ၌ ဒုတိယအကြိမ် ကြေညာသည့်စာရင်းအရ လူဦးရေ ၁၁ သိန်းကျော်ရှိပြီး ထားဝယ်ခရိုင်တွင် မဲပေးခွင့်ရှိသူဦးရေ ၄၆၀၀၀၀ ကျော်၊ မြိတ်ခရိုင်တွင် မဲပေးခွင့်ရှိသူဦးရေ ၅ သိန်းကျော်နှင့် ကော့သောင်းခရိုင်တွင် မဲပေးခွင့်ရှိသူဦးရေ တစ်သိန်းကျော် ရှိကြောင်း တနသာင်္ရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

Most Read

Most Recent