၂၀၂၀-၂၁ FA ဖလားပြိုင်ပွဲကို နောက်ကျမှစတင်ခဲ့ပါက ကလပ်အသင်းငယ်ပေါင်းများစွာ ယှဉ်ပြိုင်ခွင့် ဆုံးရှုံးဖွယ်ရှိ

၂၀၂၀-၂၁ FA ဖလားပြိုင်ပွဲကို နောက်ကျမှစတင်ခဲ့ပါက ကလပ်အသင်းငယ်ပေါင်းများစွာ ယှဉ်ပြိုင်ခွင့် ဆုံးရှုံးဖွယ်ရှိ
Published 25 May 2020

လာမည့် ၂၀၂၀-၂၁ ဘောလုံးရာသီ FA ဖလားပြိုင်ပွဲကို ပုံမှန်အတိုင်းမစတင်နိုင်ဘဲ နောက်ကျမှသာကျင်းပခဲ့ပါက ကလပ်အသင်းငယ်ပေါင်းများစွာမှာ ယှဉ်ပြိုင်ခွင့်ဆုံးရှုံး ဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

၁၈၇၁ ခုနှစ်က စတင်ကျင်းပခဲ့ သော FA ဖလားပြိုင်ပွဲမှာ ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံးဖလားပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်ထားပြီး အင်္ဂလန် တစ်ဝှမ်းမှ ကလပ်အသင်းပေါင်းများ စွာ ပါဝင်ယှဉ်ပြိုင်နေသည့်ပြိုင်ပွဲဖြစ်သည်။

လက်ရှိ ၂၀၁၉-၂၀ ဘောလုံးရာသီတွင် FA ဖလားပြိုင်ပွဲကို ယှဉ် ပြိုင်သည့် ကလပ်အသင်းစုစုပေါင်း (၇၃၉)သင်းရှိခဲ့ပြီး အသင်းငယ်များမှာ ပြိုင်ပွဲ၏ အကြိုခြေစစ်ပွဲအဆင့်များမှ စတင်ကစားရသည်။

ယခုရာသီတွင် ခြေစစ်ပွဲအဆင့်ကို (၆)ဆင့်သတ်မှတ်ထားပြီး အဓိကပြိုင်ပွဲကို ဗိုလ်လုပွဲအပါအဝင် အဆင့်(၈)ဆင့် သတ်မှတ်ထားသည်။

အကယ်၍ ပြိုင်ပွဲအား ပုံမှန်အတိုင်း စတင်နိုင်ခြင်းမရှိပါက Non League အသင်းများသာ ပါဝင်ယှဉ်ပြိုင်မည့် အစောပိုင်းအဆင့်များကို လျှော့ချဖွယ်ရှိနေရာ အသင်းငယ်အ တော်များများမှာ ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ဆုံးရှုံးဖွယ်ရှိနေခြင်းဖြစ်သည်။

FA ဖလားပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများကမူ လာမည့်ရာသီကို ပုံမှန်အတိုင်းကျင်းပနိုင်ရန်အတွက် ယခုရာသီ FA ဖလားပြိုင်ပွဲအား သြဂုတ်(၈) ရက်နေ့တွင် အပြီးသတ်ကစားနိုင်ရန် မျှော်လင့်ထားသည်။

 

Most Read

Most Recent