MNL ကလပ်အသင်းအများစု ဧပြီမှစတင်ကာ လစာလျှော့ချထားသော်လည်း တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိ

MNL ကလပ်အသင်းအများစု ဧပြီမှစတင်ကာ လစာလျှော့ချထားသော်လည်း တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိ
Photo : EMG
Photo : EMG
Published 10 May 2020

MNL ကလပ်များသည် အသင်းပိုင်ရှင် ၏ ငွေကြေးစိုက်ထုတ်သုံးစွဲမှုဖြင့်သာ လည်ပတ်ရသောကြောင့် လက်ရှိအချိန်တွင် အသင်းအားလုံးနီးပါး ငွေကြေးအခက်အခဲဖြစ်နေပြီး အသင်းအချို့မှာမူ လစာပင် ပုံမှန်ပေးချေနိုင်ခြင်းမရှိသေးဘဲ မြန်မာနေရှင်နယ်လိဂ်ကော် မတီအနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက ယင်းကိစ္စအတွက် ညှိနှိုင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြိုင်ပွဲများရပ်နားထားသဖြင့် လေ့ကျင့်မှုပြုလုပ်နိုင်ခြင်းမရှိသည့် MNL ကလပ်အသင်းအများစုသည် ဧပြီမှစတင်ကာ လစာလျှော့ချခဲ့သော်လည်း တရားဝင်သတင်း ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။

ပြည်တွင်းပြိုင်ပွဲများကို မတ် ၂၄ ရက်မှ စ၍ ရက်အကန့်အသတ်မရှိ ရပ်နားထားပြီး MNL ကလပ်အသင်းအများစုမှာ ဧပြီမှစတင်ကာ လစာလျှော့ချခဲ့ခြင်းဖြစ်သလို အသင်း အချို့မှာမူ မတ်လအတွက် လစာငွေပင် အပြည့်အဝ ပေးချေနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ MNL ကလပ်အသင်းများအနက် ရှမ်းယူနိုက်တက်အသင်း  တစ်သင်းတည်းသာ လစာလျှော့ယူမည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ခဲ့ပြီး အသင်းအချို့မှာမူ လစာလျှော့ချသော်လည်း တရားဝင် သတင်း ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ MNL ကလပ်အသင်းများအနက် အသင်းအချို့သာ ဧပြီအတွက် လစာကို ပုံမှန်အတိုင်းပေးချေခဲ့ကြောင်း သိရ သည်။ လစာလျှော့ချခဲ့သည့် ကလပ်အသင်း များသည် ဧပြီအတွက် လစာကို ပြီးခဲ့သည့် ရက်ပိုင်းကမှ ပေးချေခဲ့ပြီး ရာခိုင်နှုန်းအလိုက် လျှော့ချခဲ့ခြင်းဖြစ်သည်။

"ပြီးခဲ့တဲ့လကစပြီး လစာငွေလျှော့ချခဲ့ပါတယ်။ တစ်သင်းနဲ့တစ်သင်းတော့ နှုန်းထားချင်းမတူပါဘူး။ တချို့အသင်းတွေကတော့ လစာရတဲ့ နှုန်းထားအပေါ်မူတည်ပြီး ရာခိုင် နှုန်းအလိုက် လျှော့ချပါတယ်။ ကျွန်တော်တို့ အသင်းကတော့ အများဆုံး ရာခိုင်နှုန်း ၄၀ စီ လျှော့ချခဲ့ပါတယ်။ လစာနှုန်းနည်းတဲ့သူတွေကိုတော့ မလျှော့ပါဘူး။ ကလပ်အသင်းပိုင် ရှင်တွေမှာ အခက်အခဲရှိတာကို နားလည်သလို ကစားသမားတွေဘက်မှာလည်း အခက်အခဲရှိပါတယ်။ ဒီလိုအချိန်မှာ ကလပ်အသင်း ပိုင်ရှင်နဲ့ ကစားသမားအကြား ညှိနှိုင်းပြီး လုပ်ရင် အကောင်းဆုံးပါပဲ" ဟု လစာလျှော့ချခံရသည့် ကလပ်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

MNL ကလပ်များသည် အသင်းပိုင်ရှင် ၏ ငွေကြေးစိုက်ထုတ်သုံးစွဲမှုဖြင့်သာ လည်ပတ်ရသောကြောင့် လက်ရှိအချိန်တွင် အသင်းအားလုံးနီးပါး ငွေကြေးအခက်အခဲဖြစ်နေပြီး အသင်းအချို့မှာမူ လစာပင် ပုံမှန်ပေးချေနိုင်ခြင်းမရှိသေးဘဲ မြန်မာနေရှင်နယ်လိဂ်ကော် မတီအနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက ယင်းကိစ္စအတွက် ညှိနှိုင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။ လစာလျှော့ချထားသည့် ကလပ်အသင်းများသည် လေ့ကျင့်မှု ပြန်လည်ပြုလုပ်ပါက ပုံမှန်အတိုင်း လစာပေးချေမည်ဖြစ်ပြီး ရှမ်းယူနိုက်တက်တစ်သင်းတည်းသာ ကလပ်အသင်း ငွေကြေးလည်ပတ်မှု အဆင်ပြေစေရန်အတွက် လစာလျှော့ယူရန် တင်ပြခဲ့ခြင်း ဖြစ်သည်။