နာဂစ် ၁၂ နှစ်ပြည့်နှင့် ကျပ်တည်းနေကြသောဘဝများ

နာဂစ် ၁၂ နှစ်ပြည့်နှင့် ကျပ်တည်းနေကြသောဘဝများ
နာဂစ်မုန်တိုင်းဒဏ် အပြင်းအထန်ခံစားခဲ့ရသော လပွတ္တာမြို့နယ်အတွင်းရှိ ကျေးလက်အသီးသီးမှ လူနေမှုမြင်ကွင်းများကို နာဂစ် ၁၂ နှစ်ပြည့်မတိုင်မီရက်ပိုင်းအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)
နာဂစ်မုန်တိုင်းဒဏ် အပြင်းအထန်ခံစားခဲ့ရသော လပွတ္တာမြို့နယ်အတွင်းရှိ ကျေးလက်အသီးသီးမှ လူနေမှုမြင်ကွင်းများကို နာဂစ် ၁၂ နှစ်ပြည့်မတိုင်မီရက်ပိုင်းအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)
Published 3 May 2020
မင်းသူဝင်းထွဋ်

မြန်မာနိုင်ငံ သမိုင်းတစ်လျှောက် ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တ ရာယ်များအနက် အဆိုးရွားဆုံးဖြစ်ခဲ့ပြီး ကမ္ဘာ့သမိုင်းတွင် အပျက်အစီး ဆုံးရှုံးမှုအများဆုံး သဘာဝဘေးအဖြစ် နံပါတ်(၈) အဆင့်ရှိခဲ့တဲ့ နာဂစ်မုန်တိုင်းကြီးဟာ မြန်မာနိုင်ငံကို ၂၀၀၈ ခုနှစ် မေ ၂ ရက်နေ့ ညနေပိုင်းကနေ စတင်ပြီးတော့ တိုက်ခတ်ခဲ့ပါတယ်။ နာဂစ်မုန်တိုင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသရှိ မြို့နယ် ၁၀ ခုမှ လူပေါင်း တစ်သိန်းလေးသောင်းကျော် အသက်ဆုံးရှုံးခဲ့ရပြီး အိမ်မွေးတိရစ္ဆာန် ကျွဲနွားများ တစ်သိန်းခွဲကျော် ဆုံးရှုံးခဲ့ရပါတယ်။ ပစ္စည်းတန်ဖိုးဆုံးရှုံးမှုအဖြစ် အစိုးရရဲ့ထုတ်ပြန်ချက်များအရတော့ ကျပ်သန်းပေါင်း တစ်သန်းကျော်တယ်လို့ ဆိုပါတယ်။ ယနေ့ဆိုလျှင်တော့ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တာ ၁၂ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။