ဘက်ရှူအာယီအား ရောင်းချရန် ချယ်လ်ဆီးအသင်း စီစဉ်

ဘက်ရှူအာယီအား ရောင်းချရန် ချယ်လ်ဆီးအသင်း စီစဉ်
Photos: PA & Getty Images
Photos: PA & Getty Images
Published 1 May 2020

ချယ်လ်ဆီးအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် အသင်းတိုက်စစ်မှူး ဘက်ရှူအာယီအား ရောင်းချရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

 

ချယ်လ်ဆီးအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် အသင်းတိုက်စစ်မှူး ဘက်ရှူအာယီအား ရောင်းချရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

အသက် (၂၆)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံတိုက်စစ်မှူး ဘက်ရှူအာယီသည် ချယ်လ်ဆီးအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေသူဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ်တွင် ပွဲထွက်ကစားသမားအဖြစ် တစ်ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ကြောင်း သိရသည်။ 

ချယ်လ်ဆီးအသင်းသည် ၂၀၂၁ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဘက်ရှူအာယီကို အသင်း၌ ဆက်ထိန်းထားလိုခြင်း မရှိတော့ဘဲ လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ရောင်းချသွားရန် စီစဉ်နေခြင်းဖြစ်သည်။ 

လက်ရှိတွင် ဘက်ရှူအာယီအား ခေါ်ယူရန် ဝက်စ်ဟမ်းအသင်းနှင့် ဥရောပကလပ်အသင်းအချို့က စိတ်ဝင်စားနေကြောင်း သိရသည်။ 

ချယ်လ်ဆီးအသင်းသည် ၂၀၁၆ ခုနှစ်တွင် ဘက်ရှူအာယီအား ပေါင် (၃၃.၂)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ပြန်လည်ရောင်းချမည်ဆိုပါက အရှုံးခံရဖွယ်ရှိနေကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ 

ဘက်ရှူအာယီသည် ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၇၇)ပွဲတွင် (၂၅)ဂိုး သွင်းယူပေးထားသည်။

 

Most Read

Most Recent