ဘာစီလိုနာမှထွက်ခွာမည့်ဆုံးဖြတ်ချက်ကို ဇာဗီ ပြင်ဆင်ဖွယ်ရှိ

ဘာစီလိုနာမှထွက်ခွာမည့်ဆုံးဖြတ်ချက်ကို ဇာဗီ ပြင်ဆင်ဖွယ်ရှိ
Photo: X
Photo: X
Published 4 April 2024

ဘာစီလိုနာအသင်းနည်းပြ ဇာဗီသည် ယခုရာသီကုန်တွင် အသင်းမှ ထွက်ခွာမည့်ဆုံးဖြတ်ချက်ကို ပြန်ပြင်ဖွယ်ရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ဇာဗီသည် ယခုရာသီတွင် ဘာစီလိုနာအသင်း ရလဒ်များ ဆိုးရွားနေချိန်ဖြစ်သည့် ဇန်နဝါရီလကုန်ပိုင်းတွင် ယခုရာသီကုန်တွင်အသင်း မှထွက်ခွာမည်ဖြစ်ကြောင်း ကြေညာခဲ့သူဖြစ်သည်။

သို့သော် ဘာစီလိုနာအသင်းသည် ယင်းနောက်ပိုင်းတွင် ရလဒ်များ ပြန်လည်ကောင်းမွန်လာခဲ့ပြီး အသင်းဘုတ်အဖွဲ့ဝင်များကလည်း ဇာဗီကို အသင်းတွင် ဆက်နေရန်ဆန္ဒရှိနေကြောင်း သိရသည်။

ထို့ပြင် ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာနှင့် အသင်းအားကစားဒါရိုက်တာ ဒေကိုတို့ကလည်း ဇာဗီကို အသင်းတွင် ဆက်နေစေလိုကြောင်း လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့ကြသည်။

ထို့ကြောင့် ဇာဗီသည် ၎င်း၏ဆုံးဖြတ်ချက်ကိုပြန်ပြင်ဖွယ်ရှိနေပြီး ထိပ်တန်းကစားသမားများခေါ်ယူပေးရန် တောင်းဆိုဖွယ်ရှိကြောင်း သိရှိရသည်။ 

Most Read

Most Recent