■ လာမည့်နွေရာသီတွင် ပိုစတီကိုဂလူးကို ပံ့ပိုးပေးရန် စပါးအသင်းစီစဉ်

■ လာမည့်နွေရာသီတွင် ပိုစတီကိုဂလူးကို ပံ့ပိုးပေးရန် စပါးအသင်းစီစဉ်
Published 10 May 2024

စပါးအသင်းသည် လာမည့်နွေရာသီတွင် နည်းပြ ပိုစတီကိုဂလူးကို ပံ့ပိုးပေးရန် စီစဉ်နေကြောင်း သိရသည်။ 

စပါးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ယူရိုပါလိဂ်ဝင်ခွင့်ဖြင့်သာ အဆုံးသတ်ရန် အလားအလာများနေသည်။ 

သို့သော် စပါးအသင်းတာဝန်ရှိသူများက ပိုစတီကိုဂလူး၏ စွမ်းဆောင်ရည်ကို ကျေနပ်သည့်အတွက် လာမည့်ရာသီအတွက် ကစားသမားသစ်များ အားဖြည့်ခေါ်ယူပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ 

စပါးအသင်းသည် တိုက်စစ်မှူး၊ နောက်ခံလူနှင့် ကွင်းလယ်လူတစ်ဦးစီ ခေါ်ယူရန် အသုံးစရိတ်ထုတ်ပေးမည်ဟု သိရသည်။

Most Read

Most Recent