အသင်းအတွက် ဆုဖလားများ ရယူလိုကြောင်း စပါးအသင်းနည်းပြ ပိုစတီကိုဂလူး ပြောကြား

အသင်းအတွက် ဆုဖလားများ ရယူလိုကြောင်း စပါးအသင်းနည်းပြ ပိုစတီကိုဂလူး ပြောကြား
Photo: Football London
Photo: Football London
Published 6 April 2024

 

စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက အသင်းအတွက် ဆုဖလားများ ရယူလိုကြောင်း ပြောကြားခဲ့သည်။ စပါးအသင်းသည် ရာသီအစပိုင်းတွင် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်ခဲ့သော်လည်း လက်ရှိတွင် ရမှတ် (၅၇)မှတ်ဖြင့် အဆင့် (၅)နေရာ၌ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရန်ပင် ရုန်းကန်ရဖွယ်ရှိနေသည်။ 

သို့သော် ပိုစတီကိုဂလူးက "ကျွန်တော့်ရဲ့အလုပ်က စပါး အသင်းကို ဆုဖလားတွေ ရယူပေးဖို့ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ စပါး အသင်းကို အောင်မြင်မှုတွေ ရယူပေးနိုင်မယ်လို့ ယုံကြည်တာကြောင့် ဒီအလုပ်ကို လက်ခံခဲ့တာပါ။ အဲဒီလိုသာမဟုတ်ရင် ကျွန်တော် ဒီမှာ ရှိနေမှာ မဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။ 

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် ချယ်လ်ဆီးကွင်းလယ်ကစားသမားဟောင်း ဂျိုးကိုးလ်ကလည်း စပါးအသင်းအနေဖြင့် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရမည်ဟု ထေက်ခံစကားပြောကြားခဲ့သည်။ ဂျိုးကိုးလ်က "စပါး အသင်း အဆင့် (၄) ရမယ်လို့ ကျွန်တော် ထင်ပါတယ်။ အက်စတွန်ဗီလာက ဥရောပပြိုင်ပွဲလည်း ရှိတာကြောင့် စပါးအနေနဲ့ သူတို့ကို လိုက်နိုင်မယ်ထင်ပါတယ်။ သူတို့ အဆင့် (၄)ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရမှာပါ" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent