ဘောလုံးပြန်ကစားရန် ကြောက်ရွံ့နေကြသည့် ကစားသမားများစွာရှိသည်ဟု အဂွဲရိုး ဆို

ဘောလုံးပြန်ကစားရန် ကြောက်ရွံ့နေကြသည့် ကစားသမားများစွာရှိသည်ဟု အဂွဲရိုး ဆို
Photos: Getty Images
Photos: Getty Images
Published 1 May 2020

မန်စီးတီးအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုးက ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း ဘောလုံးပြန်ကစားရမည်ကို ကြောက်ရွံ့နေကြသည့် ကစားသမားများစွာရှိသည်ဟု ပြောကြားခဲ့သည်။ 

 

မန်စီးတီးအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုးက ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း ဘောလုံးပြန်ကစားရမည်ကို ကြောက်ရွံ့နေကြသည့် ကစားသမားများစွာရှိသည်ဟု ပြောကြားခဲ့သည်။ 

ကမ္ဘာအနှံတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် မတ်လကတည်းက ရပ်နားထားခဲ့ရသည့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဇွန်လဆန်းပိုင်းတွင် ပြန်လည်ကစားရန် စီစဉ်နေကြောင်း သိရသည်။ 

သို့သော် မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးက ဥရောပတွင် အရှိန်ကောင်းနေဆဲဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ကစားသမားများမှာ ဘောလုံးပြန်ကစားရန် ကြောက်ရွံ့နေကြသည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

"ကစားသမားအများစုက ကြောက်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ မိသားစုတွေ၊ ကလေးတွေ၊ မိဘတွေ ရှိနေတာကြောင့်ပါ။ လက္ခဏာမပြဘဲ ကူးစက်နေတာလည်း ရှိနိုင်တယ်ဆိုတာကြောင့် တော်တော်သတိထားရမှာပါ။ ကာကွယ်ဆေး မြန်မြန်ပေါ်ထွက်လာဖို့မျှော်လင့်ပါတယ်"ဟု အဂွဲရိုးက ပြောကြားခဲ့သည်။

အင်္ဂလန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နေ့လျှင် လူသေဆုံးမှုမှာ ရာဂဏန်းရှိနေသေးသော်လည်း ပရီးမီးယားလိဂ်အသင်းအချို့မှာ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ကြောင်း သိရသည်။ 

 

Most Read

Most Recent