သီလဝါ ဓာတ်အားပေးစက်ရုံ အဆင်မြှင့်တင်ခြင်းအတွက် JICA ထံမှ ဂျပန်ယန်း ခုနစ်ဘီလျံကျော် ချေးယူရန် ပြည်ထောင်စုလွှတ်တော်အတည်ပြု

သီလဝါ ဓာတ်အားပေးစက်ရုံ အဆင်မြှင့်တင်ခြင်းအတွက် JICA ထံမှ ဂျပန်ယန်း ခုနစ်ဘီလျံကျော် ချေးယူရန် ပြည်ထောင်စုလွှတ်တော်အတည်ပြု
Published 27 March 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

သီလဝါဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ အဆင်မြှင့်တင်ခြင်းလုပ်ငန်းအတွက် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) ထံမှ  ဂျပန်ယန်း ၇ ဒသမ ၃၃၉ ဘီလျံ ချေးယူရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက လွှတ်တော်၌ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

မတ် ၂၆ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအတွက် အဆိုပါ ချေးငွေ ချေးယူရေးကိစ္စနှင့်စပ်လျဉ်း၍ ဒုတိ ယဝန်ကြီး ဦးခင်မောင်ဝင်းက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းက Infrastructure Development Project in Thilawa Area (Phase III)  စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ချေးငွေ ဂျပန်ယန်း ၇ ဒသမ ၃၃၉ ဘီလီယံ ရယူ ရေးကိစ္စနှင်စပ်လျဉ်းပြီးတော့ လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးတို့ရဲ့အကြံပြုထောက် ခံဆွေးနွေးမှုများအပေါ် ပြန်လည်ရှင်းလင်း ဆွေးပါမယ်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကလည်း ပြန်လည်ရှင်းလင်းဆွေးနွေးပြီးဖြစ်ပါတယ်” ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဦးမောင်မောင်ဝင်းက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များတွင်ပါဝင်သော ဝန်ကြီးဌာနများအနေဖြင့် ထုတ်ယူရန်ကျန်ရှိသော ချေးငွေများနှင့်ပတ်သက်၍ ချေးငွေစီမံကိန်းအများစုသည် ချေးငွေပေးသောအဖွဲ့အစည်း၏ စည်းမျဉ်းစည်းကမ်းများနှင့် နိုင်ငံ၏ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကြောင့် နှောင့်နှေး ကြန့်ကြာမှုများရှိကြောင်း၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ ယင်းအချက်များကို စိစစ် ထောက်ပြလျက်ရှိခြင်းကြောင်း ဒုတိယဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့ပြင် ချေးငွေပေးသည့် အဖွဲ့အစည်းများ၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်သည့်ဌာန၊ အဖွဲ့အစည်းများနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်း၍ စီမံကိန်းအကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ အခက်အခဲများ၊ လိုအပ်ချက်များကို ၀ိုင်းဝန်းကူညီပြီး အဖြေရှာနိုင်ရန် အစည်းအဝေးများ ကျင်းပ၍ညှိနှိုင်းလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြော ကြားသည်။

ဒုတိယဝန်ကြီးက “ချေးငွေရယူတဲ့ ဝန်ကြီးဌာန၊ စီမံကိန်းများအလိုက် ကြန့်ကြာရတဲ့အကြောင်းရင်းတွေကို ဖော်ထုတ်ပြီး တော့ လိုအပ်တဲ့လုပ်ထုံးလုပ်နည်းများ ပြင် ဆင်ရေးဆွဲခြင်း၊ လုပ်ငန်းအဆင့်များကို လျှော့ ချခြင်း၊ စီမံကိန်း စီမံခန့်ခွဲမှုများရဲ့ စွမ်းဆောင် ရည်ကို မြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက် လျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်။ ချေး ငွေရယူမယ့်ကိစ္စကို ပြည်ထောင်စုလွှတ်တော် က အတည်ပြုပြီးပါက ချေးငွေစာချုပ်အား ၂၀၂၀ ပြည့်နှစ် မတ်လမကုန်မီ ချုပ်ဆိုနိုင်ရန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)နဲ့ ညှိနှိုင်းပြီးတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်” ဟု ရှင်းလင်းခဲ့သည်။

အထက်ပါချေးငွေရယူရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် ထောက်ခံဆန္ဒမဲ ၅၁၁၊ ကန့်ကွက်ဆန္ဒမဲ လေးမဲ၊ ကြားနေမဲ တစ်မဲ ရရှိခဲ့ပြီး ထောက်ခံ ဆန္ဒမဲများသည့်အတွက် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက Infrastructure Develop-ment Project in Thilawa Area (Phase III) စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင် ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ  JICA ထံမှ ဂျပန်ယန်း ၇ ဒသမ ၃၃၉ ဘီလျံ ချေးငွေ ရယူနိုင်ရေးကိစ္စကို လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာသည်။

 

 

Most Read

Most Recent