ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဒုတိယနေ့ မဲခွဲဆုံးဖြတ်မှု ပုဒ်မ ၅၉ (စ) အပါအဝင် ပုဒ်မ၊ ပုဒ်မခွဲ ၁၅ ခုလုံး ပြင်ဆင်နိုင်ခြင်း မရှိ

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဒုတိယနေ့ မဲခွဲဆုံးဖြတ်မှု ပုဒ်မ ၅၉ (စ) အပါအဝင် ပုဒ်မ၊ ပုဒ်မခွဲ ၁၅ ခုလုံး ပြင်ဆင်နိုင်ခြင်း မရှိ
ဓာတ်ပုံ - ပြည့်ဖြိုးအောင်
ဓာတ်ပုံ - ပြည့်ဖြိုးအောင်
Published 11 March 2020

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအား မဲခွဲဆုံးဖြတ်မှု ဒုတိယနေ့ အဖြစ် ယနေ့ (မတ် ၁၁ ရက်) တွင် ဆန္ဒမဲ လက်မှတ် (၂) အား မဲခွဲ ဆုံးဖြတ်မှုကို ပြည်ထောင်စု လွှတ်တော်တွင် ပြုလုပ်ခဲ့သည်။



ထိုသို့ မဲခွဲ ဆုံးဖြတ်ရာတွင် နိုင်ငံတော်သမ္မတ၏ အရည်အချင်း ပြဋ္ဌာန်းချက် တစ်ခုဖြစ်သော ပုဒ်မ ၅၉ (စ) အပါအဝင်၊ ပုဒ်မ၊ ပုဒ်မခွဲ ၁၅ ခုအား မဲခွဲ ဆုံးဖြတ်ခဲ့ရာ မည်သည့် ပုဒ်မမျှ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း ကျော် မရရှိသောကြောင့် ပြင်ဆင်နိုင်ခြင်း မရှိခဲ့ပေ။

ယနေ့ မဲခွဲ ဆုံးဖြတ်မှုတွင် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန် ဦးဆောင်တင်သွင်းထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အချက်များအပြင် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးဖြစ်သည့် ဦးစိုင်းသန်းနိုင် နှင့် ဒေါက်တာ မောင်သင်းတို့၏ ပြင်ဆင်ချက်အချို့လည်း ပါဝင်ခဲ့သည်။



ဆန္ဒမဲလက်မှတ်(၂) တွင် ပါဝင်ခဲ့သည့် ပြင်ဆင်ချက် ၁၅ ခုမှာ ၅၉(ဂ) ၊ ၅၉(ဃ)၊ ၅၉(စ)၊ ၁၀၉(ခ)၊ ၁၄၁(ခ)၊ ၁၆၁(ဃ)၊ ၂၄၈ (ဂ)၊ ၂၉၄၊ ၄၁၀၊ ၄၁၁ နှင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်းအခန်းခေါင်းစဉ် အပါအဝင် ပုဒ်မ ၂၀၁ ပြင်ဆင်ချက် စုစုပေါင်း ငါးခု  ဖြစ်သည်။

ထို့ပြင် ယနေ့ မဲခွဲ ဆုံးဖြတ်ခဲ့သည့် အဓိက အကြောင်းအရာများမှာ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ပြင်ဆင်ချက်များ ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်းဆိုင်ရာ ပြင်ဆင်ချက်များ ၊ အရေးပေါ် အခြေအနေ ကြေညာခြင်းဆိုင်ရာ ပြင်ဆင်ချက်တို့ ဖြစ်သည်။

 

 

Most Read

Most Recent