ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရောက်မည်ဖြစ်ပြီး ယင်းအစည်းအဝေးအပြီးတွင် UPDJC အဖွဲ့ဝင်အချို့ အပြောင်းအလဲပြုလုပ်မည်

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရောက်မည်ဖြစ်ပြီး ယင်းအစည်းအဝေးအပြီးတွင် UPDJC အဖွဲ့ဝင်အချို့ အပြောင်းအလဲပြုလုပ်မည်
Published 11 March 2020
နေရိုင်း၊ ဇေယျာထွန်း

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အစည်းအဝေးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မည်ဖြစ်ပြီး ယင်းအစည်းအဝေးအပြီးတွင် UPDJC အဖွဲ့ဝင်အချို့ အပြောင်းအလဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောကြားသည်။

မတ် ၁၀ ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)တွင်ပြုလုပ်သည့် ၂၅ ကြိမ်မြောက် UPDJC အတွင်းရေးမှူးများအစည်း အဝေးအပြီးတွင် သတင်းထောက်များ၏မေးမြန်းမှုကို ဦးလှမောင်ရွှေက ပြန်လည်ဖြေ ကြားခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ကျွန်တော်တို ့ UPDJC (ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ) အတွင်းရေးမှူးများအစည်းအဝေးက NCA ရဲ့ပြဋ္ဌာန်းချက်မှာ UPDJC ရယ် JMC ရယ် အဲဒီနှစ်ခုက အရေးကြီးတယ်။ ကျွန်တော်တို့ နောက်ဆုံးဆောင်ရွက်ခဲ့တဲ့ JICM (၁၇)ကြိမ်မြောက်အစည်းအဝေးက ၂၀၁၈ ဇူလိုင်လက လုပ်ခဲ့တာ။ အဲဒီနောက်ပိုင်း အခု သဘက်ခါမှာ UPDJC အစည်းအဝေးကို ပြန်လုပ်မယ်။ နိုင်ငံတော်အတိုင်ပင်ခံလည်း တက်မယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၈ ခုနှစ် ဇူလိုင်လတွင် UPDJC အစည်းအဝေးအား နောက်ဆုံးကျင်းပခဲ့ခြင်း ဖြစ်ပြီး လာမည့်မတ် ၁၂ ရက်တွင်ကျင်းပမည့် UPDJC အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်မည်ဖြစ်သည်။

ထို့ပြင် ယင်းအစည်းအဝေးအပြီးတွင် UPDJC အဖွဲ့ဝင်တချို့ အပြောင်းအလဲပြု လုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)  အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက ဆက်လက်ပြောကြားသည်။

“အဖွဲ့ဝင်အပြောင်းအလဲကတော့ သန်ဘက်ခါမှ အတည်ပြုမှာ။ ဒီနေ့အဆိုပြုတဲ့ အထဲမှာတော့ ဦးထွန်းထွန်းဟိန်အစားကို ဦးအောင်ကြည်ညွန့် သူတို့တင်တဲ့အထဲမှာ ပါတယ်။ ပြီးတော့ မွန်က သုံးပါတီပေါင်းတာ ကို။ အဲဒီ မှာပါတဲ့ အရင်တုန်းက ဦးမင်းနိုင်စိုးနဲ့ ဦးမင်းဇေယျာဦးကို ပေါင်းလိုက်တဲ့ပါတီအသစ် က ပြန်ခေါ်လိုက်ပြီးတော့ ဦးနိုင်တလညီက အရင်က မွန်ပြည်သစ်ပါတီက သူ့ကို အစား ထည့်တယ်။ နောက်တစ်နေရာထပ်လွတ် တော့ ကိုးကန့်က ဒေါ်ရင်ရင်မေဆိုလား မသိဘူး။ အဲဒီတစ်ယောက်ကို သူတို့ ထပ်ထည့် တယ်။ အစိုးရဘက်မှာတော့ ဗိုလ်ချုပ်စိန်ထွန်းလှက ပင်စင်ယူသွားပြီ။ သူ့နေရာမှာ တစ်ယောက်ပဲ အစိုးရဘက်က အဖွဲ့ဝင်အပြောင်း အလဲရှိတယ်။ ဗိုလ်မှူးချုပ် ရဲရင့်ဟိန်းဆိုတာ တစ်ယောက် တက်လာမယ်။ ပြီးတော့မှ အတွင်းရေးမှူးထဲမှာ အရင်တုန်းက လွှတ် တော်ကိုယ်စားပြု အတွင်းရေးမှူးပေါ့။ အဲဒီ မှာတော့ ဦးအောင်စိုးနေရာမှာ ဦးပြုံးချိုပေါ့။ သူပါလာတယ်။ အဲဒီလူတွေပေါ့။ အဲဒါတွေက တင်မယ့်အာဂျင်ဒါထဲမှာ ပါလာမှာပေါ့” ဟု ဦးလှမောင်ရွှေက ဆိုသည်။

ယခုပြုလုပ်သည့်  ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPJC) အတွင်းရေးမှူးများအစည်းအဝေးတွင် ပြီးခဲ့သည့် ၂၀၁၈ ဇူလိုင်လအတွင်းက UPDJC အစည်းအဝေးမှ နိုင်ငံရေးဆွေးနွေးခွင့်မူ ဘောင်များကို ပြန်လည်ပြင်ဆင်ရန် တာဝန် ပေးလိုက်သည့်ကိစ္စများကို တင်ပြခဲ့ကြောင်း ၎င်းင်းက ဆိုသည်။

လာမည့် မတ် ၁၂ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပြင် ဒုတိ ယတပ်မတော်ကာကွယ်ဦးစီးချုပ်နှင့် NCA-SEAO ခေါင်းဆောင်များလည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent