၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလကုန်အထိ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အကြီးစား၊ အလတ်စား၊ အသေးစားနှင့် လက်လုပ်လက်စားလုပ်ကွက်အပါအဝင် သတ္တုလုပ်ကွက် ၁၂၅၀ ခွင့်ပြုမိန့်ထုတ်ပေးထား

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလကုန်အထိ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အကြီးစား၊ အလတ်စား၊ အသေးစားနှင့် လက်လုပ်လက်စားလုပ်ကွက်အပါအဝင် သတ္တုလုပ်ကွက် ၁၂၅၀ ခွင့်ပြုမိန့်ထုတ်ပေးထား
 သတ္တုတူးဖော်ရေးလုပ်ငန်းခွင်တစ်ခုကို ယခင်နှစ်ပိုင်းအတွင်းက တွေ့ရစဉ်
သတ္တုတူးဖော်ရေးလုပ်ငန်းခွင်တစ်ခုကို ယခင်နှစ်ပိုင်းအတွင်းက တွေ့ရစဉ်
Published 10 March 2020

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလကုန်အထိ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အကြီးစား၊ အလတ်စား၊ အသေးစားနှင့် လက်လုပ်လက်စားအပါအဝင် သတ္တုလုပ်ကွက် ၁၂၅၀ အထိ ခွင့်ပြုမိန့်ထုတ်ပေးထားကြောင်း  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါသတ္တုလုပ်ကွက် ၁၂၅၀ တွင် အကြီးစားလုပ်ကွက်ပေါင်း ၁၄၆၊ အလတ်စားလုပ်ကွက်ပေါင်း ၄၁ ကွက်၊ အသေးစားလုပ်ကွက်ပေါင်း ၈၆၁ ကွက်၊ စမ်းသပ်လုပ်ကွက်  ၁၃၅ ကွက်၊ စမ်းသပ်ဖြစ်မြောက်လုပ် ကွက် ၄၈ ကွက်၊ လက်လုပ်လက်စားလုပ်ကွက် ၁၇ ကွက်၊ အသေးစားဆင့်တက် နှစ်ကွက်ဖြင့် စုစုပေါင်း ၁၂၅၀ ကွက်ဖြစ်ကြောင်း သိရသည်။   

တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ခွင့်ပြုမိန့်ထုတ်ပေးထားမှုကို လေ့လာကြည့်ပါက ကချင်ပြည်နယ်တွင် ၁၁၂ ကွက်၊ ကယားပြည်နယ်တွင် ၁၈ ကွက်၊ ကရင်ပြည်နယ်တွင် ၄၆ ကွက်၊ ချင်းပြည်နယ်တွင် လေးကွက်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၃၀ ကွက်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၈၆ ကွက်၊ နေပြည်တော်တွင် သုံးကွက်၊ ပဲခူးတိုင်း ဒေသကြီးတွင် ခုနစ်ကွက်၊ မကွေးတိုင်းဒေသကြီးတွင် ၅၃ ကွက်၊ မန္တလေးတိုင်းဒေသကြီး တွင် ၃၃၃ ကွက်၊ မွန်ပြည်နယ်တွင် ၂၄ ကွက်၊ ရခိုင်ပြည်နယ်တွင် တစ်ကွက်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ၁၄၃ ကွက်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ၉၅ ကွက်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း )တွင် ၉၂ ကွက်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် သုံးကွက်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် သုံးလအ တွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ခဲမဖြူနှင့် အဖြိုက်နက် ဖက်စပ်လုပ်ကွက်များမှ သတ္တုတန်ချိန် ၁၅၁ ဒသမ ၈၄ တန်ကျော် ထုတ်လုပ်ထားပြီး တနင်္သာရီတိုင်းဒေသကြီးတွင် တန်ချိန်အများဆုံးဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်  ခဲမဖြူနှင့် အဖြိုက်နက် ထုတ်လုပ်မှုတွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ကယားပြည်နယ်တွင် ၁၈ ဒသမ ၂၈၉ တန်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ၁၀ တန်၊ နိုဝင်ဘာလအတွင်း ကယားပြည်နယ်တွင် ၂၀ ဒသမ ၃၂ တန်၊တနင်္သာရီတိုင်းဒေသကြီး တွင် ၄၅ ဒသမ ၈၂၂၁ တန်၊ ဒီဇင်ဘာလအ တွင်း ကယားပြည်နယ်တွင် ၂၁ ဒသမ ၃၃၇၀ တန်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၃၆ ဒသမ ၀၇၄၀ တန် ထုတ်လုပ်ထားကြောင်း သိရသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် နှစ်လအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှု ထရိုင်အောင်စ ၈၂၂ ဒသမ ၇၂ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ထရိုင်အောင်စ ၆၃၇ ဒသမ ၈၂ အထိ ထုတ် လုပ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှုတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ အောက်တိုဘာလအတွင်း ၅၈၅ ဒသမ ၃၈ ထရိုင်အောင်စ၊ နိုဝင်ဘာလအတွင်း ၅၂ ဒသမ ၄၄ ထရိုင်အောင်စဖြင့် နှစ်လအတွင်း ၆၃၇ ဒသမ ၈၂ ထရိုင်အောင်စ ထုတ်လုပ်ထားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှုတွင် အောက်တိုဘာလအတွင်း ၈၆ ဒသမ ၅၅ ထရိုင်အောင်စ၊ နိုဝင်ဘာလအတွင်း ၉၈ ဒသမ ၄၂ ထရိုင်အောင်စဖြင့် ၁၈၄ ဒသမ ၉၇ ထရိုင်အောင်စ ထုတ်လုပ်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

နီလာ

 

Most Read

Most Recent