ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်
Published 10 March 2020

 

လိုက်ပ်ဇစ် နှင့် စပါး (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)

စပါးက လိုက်ပ်ဇစ်ကို ရှုံးခဲ့ပြီးကတည်းက နိုင်ပွဲမရသေးဘူး။ အသင်းမှာအားထားရတဲ့ ဆွန်ဟောင်မင်၊ ဟာရီကိန်းတို့ မကစားနိုင်သလို၊ အသင်းလိုက်စိတ်ဓာတ်ပိုင်းလည်း ကျဆင်းနေတယ်။ လိုက်ပ်ဇစ်ကလည်း နောက်ဆုံး (၂)ပွဲဆက် သရေကျခဲ့တာတွေ့ရတယ်။ ဒါပေမဲ့ စပါးထက် ခြေစွမ်း၊ စုဖွဲ့မှု ပိုကောင်းတဲ့အသင်းပါ။ မော်ရင်ဟိုက ဒီပွဲကို အပြည့်အဝ အာရုံစိုက်ထားမှာသေချာပေမယ့် ကွာတားတက်ဖို့မလွယ်ဘူး။ (၁-၁)လောက်ဖြစ်မယ်။

ဗလင်စီယာ နှင့် အတ္တလန်တာ (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)

အဝေးကွင်းမှာ (၁-၄)နဲ့ ရှုံးခဲ့တဲ့ ရလဒ်ကို ကျော်ဖြတ်နိုင်ဖို့က ဗလင်စီယာအတွက် တော်တော်ခက်ခဲပါတယ်။ အထူးသဖြင့် အတ္တလန်တာကို အဝေးဂိုးမပေးရအောင် ကစားရမယ့် တာဝန်ကလည်း ရှိနေတယ်။ ဒီအလုပ်က မလွယ်ကူသလို၊ ဗလင်စီယာအသင်းက ဒီတစ်ရာသီလုံး (၄)ဂိုးသွင်းတဲ့ပွဲက လာလီဂါတစ်ပွဲ၊ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ တစ်ပွဲပဲ ရှိခဲ့ဖူးတယ်။ အတ္တလန်တာပဲ ကွာတားတက်မှာဖြစ်ပြီး (၁-၁၊ ၂-၂)လောက်ပဲဖြစ်မယ်။ 

 

Most Read

Most Recent