နယူးကာဆယ်ကို ဝယ်ယူရန် လက်ဝှေ့အကျော်အမော် မေဝယ်သာ စိတ်ဝင်စား

နယူးကာဆယ်ကို ဝယ်ယူရန် လက်ဝှေ့အကျော်အမော် မေဝယ်သာ စိတ်ဝင်စား
Published 10 March 2020

 

နာမည်ကြီး အမေရိကန်လက်ဝှေ့သမား ဖလွိုက်မေဝယ်သာက နယူးကာဆယ်အသင်းကို ဝယ်ယူရန် စိတ်ဝင်စားကြောင်း အင်တာဗျူးအစီအစဉ်တစ်ခုတွင် ဝန်ခံပြောကြားခဲ့သည်။ 

အသင်းပိုင်ရှင် မိုက်အက်ရှ်လေက နယူးကာဆယ်အသင်းကို ရောင်းချရန် စီစဉ်နေခြင်းကြောင့် ဝယ်ယူလိုသလားဟု မေးမြန်းခဲ့ရာ မေဝယ်သာက စိတ်ဝင်စားကြောင်းနှင့် ပရိသတ်များက မိမိ ဝယ်ယူစေချင်သလားဆိုသည်ကို သိရှိလိုကြောင်း ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။ 

'' ယူအက်စ်မှာဆိုတော့ ကျွန်တော်တို့က Soccer လို့ခေါ်ပါတယ်။ နယူးကာဆယ်အသင်းဟာ မယုံကြည်နိုင်စရာကောင်းတဲ့ အသင်းတစ်သင်းဖြစ်ပြီး အရမ်းကောင်းတဲ့ အသင်းပါ။ ပရိသတ်တွေက နယူးကာဆယ်အသင်းကို ဝယ်စေချင်သလားဆိုတာ ကျွန်တော် သိလိုပါတယ်''ဟု မေဝယ်သာက အမေရိကန်အခြေစိုက်မီဒီယာ TMZ၏မေးမြန်းမှုကို ဖြေကြားခဲ့သည်။

မေဝယ်သာသည် ပေါင်သန်း(၇၀၀)ဝန်းကျင် ကြွယ်ဝချမ်းသာသူဖြစ်ပြီး နယူးကာဆယ်အသင်းမှာ ပေါင်သန်း(၃၀၀)ဝန်းကျင်သာ တန်ကြေးရှိကြောင်း သိရသည်။

နယူးကာဆယ်အသင်းသည် လက်ရှိတွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယား၌ အဆင့်(၁၃)နေရာသို့ ရောက်ရှိနေပြီး တန်းဆင်းဇုန်နှင့် (၈)မှတ်ကွာဟလျက်ရှိသည်။

ထို့ပြင် FAဖလားတွင်လည်း ကွာတားဖိုင်နယ်အဆင့်သို့ ရောက်ရှိနေကာ လက်ရှိချန်ပီယံ မန်စီးတီးအသင်းနှင့် တွေ့ဆုံနေလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent