■ အစ်ဝစ်ချ်အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့သည့်အတွက် ဂုဏ်ယူကြောင်း နည်းပြ မက်ကန်နာ ပြောကြား

■ အစ်ဝစ်ချ်အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့သည့်အတွက် ဂုဏ်ယူကြောင်း နည်းပြ မက်ကန်နာ ပြောကြား
Photo: Sky Sports
Photo: Sky Sports
Published 31 May 2024

အစ်ဝစ်ချ်နည်းပြ မက်ကန်နာက အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့သည့်အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။ 

အစ်ဝစ်ချ်အသင်းသည် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများစွာ ခေါ်ယူရန်ပစ်မှတ်ထားနေသော နည်းပြ မက်ကန်နာကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရသည်။

မက်ကန်နာ(၃၈ နှစ်)သည် ကစားသမားဘဝတွင် လက်ရွေးစင်အဆင့်အထိ ရောက်ရှိဖူးခြင်းမရှိသော်လည်း အစ်ဝစ်ချ်အသင်းကို League One ပြိုင်ပွဲမှ ပရီးမီးယားလိဂ်သို့ ရောက်ရှိအောင် အချိန်တိုအတွင်း စွမ်းဆောင်ပေးနိုင်ခဲ့သောကြောင့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများက ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားခဲ့ကြခြင်းဖြစ်သည်။ 

၎င်းသည် လိဂ်မန်နေဂျာများအဖွဲ့အစည်း(LMA)မှ ချီးမြှင့်သော ၂၀၂၃-၂၄ ရာသီအတွက် အကောင်းဆုံးနည်းပြဆုရရှိခဲ့သူလည်းဖြစ်သည်။ 

မက်ကန်နာသည် စာချုပ်သစ်အရ ပရီးမီးယားလိဂ်၏ လစာအများဆုံးနည်းပြစာရင်းတွင် ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။ 

စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်းနှင့်ပတ်သက်၍ မက်ကန်နာက "သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် တကယ့်ကို ဂုဏ်ယူမိပါတယ်။ ပရီးမီးယားလိဂ်နဲ့ (၂၂)နှစ်ကြာဝေးကွာနေတဲ့အသင်းကို ဦးဆောင်ယှဉ်ပြိုင်ရမယ့်အခြေအနေ အတွက်လည်း စိတ်လှုပ်ရှားမိပါတယ်"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent