■ အာဆင်နယ်သို့ ပြောင်းရွှေ့ရန် ဆက်စ်ကို ရွေးချယ်လိုက်ပြီဟု မီဒီယာများ ဖော်ပြ     

■ အာဆင်နယ်သို့ ပြောင်းရွှေ့ရန် ဆက်စ်ကို ရွေးချယ်လိုက်ပြီဟု မီဒီယာများ ဖော်ပြ     
Photo: Getty Images
Photo: Getty Images
Published 31 May 2024

လိုက်ပ်ဇစ်အသင်းမှ ဆလိုဗေးနီးယားတိုက်စစ်မှူး ဆက်စ်ကိုသည် အာဆင်နယ်သို့ ပြောင်းရွှေ့ရန် ရွေးချယ်လိုက်ပြီဖြစ်ကြောင်း မီဒီယာများစွာက ဖော်ပြခဲ့သည်။

    

ဆက်စ်ကို(၂၀ နှစ်)သည် ပြီးခဲ့သည့်ရာသီတွင် ဆာလ်ဇ်ဘာ့ဂ်အသင်းမှ လိုက်ပ်ဇစ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး ဘွန်ဒစ်လီဂါပြိုင်ပွဲ၌ (၁၄)ဂိုးသွင်းကာ ခြေစွမ်းပြနိုင်ခဲ့သည်။ 

ထို့ကြောင့် ၎င်းကို ခေါ်ယူရန် အာဆင်နယ်၊ မန်ယူနှင့် ချယ်လ်ဆီးတို့ စိတ်ဝင်စားခဲ့သည့်အနက် ၎င်းက အာဆင်နယ်အသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အရပ် (၆)ပေ၊ (၅)လက်မမြင့်သည့် ဆက်စ်ကိုသည် လိုက်ပ်ဇစ်အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ပေါင်(၄၅)သန်းတန် လျော်ကြေးစာချုပ်လည်း ပါဝင်ကြောင်း အစောပိုင်းတွင် သတင်းများထွက်ပေါ်ခဲ့သည်။ 

သို့သော် Sky Germany က ၎င်း၏ စွမ်းဆောင်ရည်ကြောင့် လျော်ကြေးစာချုပ်တန်ဖိုး မြင့်တက်သွား ပြီဖြစ်ပြီး လက်ရှိအချိန်၌ ၎င်းကို ခေါ်ယူလိုသည့် အသင်းအနေဖြင့် ပေါင်သန်း(၆၀)ကျော် အသုံးပြုရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

    

အာဆင်နယ်အသင်းသည် ရေရှည်အသုံးပြုနိုင်မည့် တိုုက်စစ်မှူးအဖြစ် ဆက်စ်ကိုအား မျက်စိကျခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကစားသမား ဘက်မှ မီးစိမ်းပြလိုက်ပြီဖြစ်သောကြောင့် တရားဝင်ကမ်းလှမ်းမှု ပြုလုပ်သွားရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent