အိမ်ကွင်း၌အနိုင်ကစားမည်ဟု ရန်ကုန်အသင်းနည်းပြချုပ် ဆို

အိမ်ကွင်း၌အနိုင်ကစားမည်ဟု ရန်ကုန်အသင်းနည်းပြချုပ် ဆို
Photos : Yangon Utd
Photos : Yangon Utd
Published 10 March 2020

 

ရန်ကုန်အသင်းနည်းပြချုပ် ဦးတင်မောင်ထွန်းက AFC Cup ပြိုင်ပွဲ၌ နောက်တစ်ဆင့် တက်ရောက်ရန် ဟောင်အန်အသင်းကို အိမ်ကွင်း၌ အနိုင်ကစားသွားမည်ဟု ပွဲကြိုသတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

ဦးတင်မောင်ထွန်းက ''ကျွန်တော်တို့အသင်းက (၃)ပွဲဆက်တိုက် အိမ်ကွင်းမှာ ကစားရတာဖြစ်ပါတယ်။ မနက်ဖြန်ကစားမယ့် ဟောင်အန်ယူနိုက်တက်နဲ့ပွဲက ကျွန်တော်တို့အသင်းအ တွက် အလွန်အရေးကြီးပါတယ်။ ဒီပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းသွားမှာပါ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ မဖြစ်မနေ အနိုင်ရရှိအောင် ကစားသွားမှာပါ''ဟု ပြောကြားခဲ့သည်။

ရန်ကုန်အသင်းနှင့် ဟောင်အန်ယူနိုက်တက်အသင်းများသည် AFC Cup ပြိုင်ပွဲ အုပ်စု(F)တွင် ဟိုချီမင်းစီးတီး၊ လာအိုတိုယိုတာအသင်းများနှင့်အတူ ကျရောက်နေလျက်ရှိသည်။

ရန်ကုန်အသင်းသည် အုပ်စုပွဲစဉ်(၂)ပွဲကစားထားရာတွင် ဟိုချီမင်းစီးတီးအသင်းနှင့် (၂)ဂိုးစီသရေ၊ လာအိုတိုယိုတာအသင်းကို (၃-၁)ဂိုးဖြင့် အနိုင်ရပြီး ဟိုချီမင်းစီးတီးနှင့်အတူ ရမှတ်(၄)မှတ်စီဖြင့် အုပ်စုကို ဦးဆောင်လျက်ရှိသည်။

အာဆီယံဒေသတွင်း ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေမှုကြောင့် ရန်ကုန်အသင်းမှာ အုပ်စုတွင်းပွဲစဉ်(၃)ပွဲဆက် အိမ်ကွင်းကစားရခြင်းဖြစ်သည်။

 

Most Read

Most Recent