ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးရီးအေပွဲစဉ်များကို ဧပြီ ၃ ရက်အထိ ကွင်းပိတ်ကစားရမည်ဖြစ်ပြီး ကွင်းဝင်ကြေး ယူရို ၂၈ သန်းကျော် နစ်နာဆုံးရှုံးဖွယ်ရှိ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးရီးအေပွဲစဉ်များကို ဧပြီ ၃ ရက်အထိ ကွင်းပိတ်ကစားရမည်ဖြစ်ပြီး ကွင်းဝင်ကြေး ယူရို ၂၈ သန်းကျော် နစ်နာဆုံးရှုံးဖွယ်ရှိ
Photos: Getty Images
Photos: Getty Images
Published 8 March 2020

အီတလီနိုင်ငံမှာ ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အပြင်းထန်ဆုံးဖြစ်ပြီး မတ် ၇ ရက်အထိ စာရင်းများအရ ကူးစက်ခံရကြောင်း အတည်ပြုလူနာ ၅၈၈၃ ဦးနှင့် သေဆုံးသူ ၂၃၃ ဦးအထိရှိကြောင်း သိရသည်။ သို့ဖြစ်ရာ အီတလီအစိုးရက နိုင်ငံတစ်ဝန်းရှိ အားကစားပြိုင်ပွဲ အားလုံးကို ဧပြီ ၃ ရက်အထိ ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရန်  ညွှန်ကြားချက်ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။ 

 

ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကြောင့် အီတလီစီးရီးအေအပါ အဝင် အားကစားပြိုင်ပွဲများကို ဧပြီ ၃ ရက်အထိ ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရမည်ဖြစ်ပြီး ကလပ်အသင်းများအနေဖြင့် ကွင်းဝင်ကြေး ယူရို ၂၈ သန်းကျော်အထိ နစ်နာဆုံး ရှုံးဖွယ်ရှိကြောင်း သိရသည်။

အီတလီနိုင်ငံမှာ ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အပြင်းထန်ဆုံးဖြစ်ပြီး မတ် ၇ ရက်အထိ စာရင်းများအရ ကူးစက်ခံရကြောင်း အတည်ပြုလူနာ ၅၈၈၃ ဦးနှင့် သေဆုံးသူ ၂၃၃ ဦးအထိရှိကြောင်း သိရသည်။ သို့ဖြစ်ရာ အီတလီအစိုးရက နိုင်ငံတစ်ဝန်းရှိ အားကစားပြိုင်ပွဲ အားလုံးကို ဧပြီ ၃ ရက်အထိ ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရန်  ညွှန်ကြားချက်ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။ 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးရီးအေပွဲများကို အပြောင်းအလဲများစွာပြုလုပ်ခဲ့ရပြီး ပွဲစဉ် ၂၅ မှ လေးပွဲ၊ ပွဲစဉ် ၂၆ မှ ခြောက်ပွဲနှင့် ကိုပါအီတာလီယာဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ နှစ်ပွဲကို ရွှေ့ ဆိုင်းခဲ့ရသည်။ ယင်းကဲ့သို့ ပွဲစဉ်ရွှေ့ ဆိုင်းရသည့်အပြင် ပြန်လည်ကစားမည့်ပွဲများကိုလည်း ကွင်းပိတ်ရမည် ဖြစ်သောကြောင့် ကလပ်အသင်း ၂၀ ၏ ကွင်းဝင်ကြေး ဝင်ငွေစုစု ပေါင်းမှာ ယူရို ၂၈ ဒသမ ၆ သန်း အထိ နစ်နာဆုံးရှုံးနိုင်ကြောင်း Calcio e Finanza ဝက်ဘ်ဆိုက်က ခန့်မှန်းဖော်ပြခဲ့ခြင်းဖြစ်သည်။

ယင်းကလပ်များအနက် ချန်ပီယံ ဂျူဗင်တပ်စ်အသင်းမှာ နစ်နာမှုအများဆုံးဖြစ်နိုင်ပြီး ယနေ့ကစားရမည့် အင်တာမီလန်နှင့်ပွဲကို ကွင်းပိတ်ကစားရမည်ဖြစ်သလို လိုင်ယွန်နှင့် ချန်ပီယံလိဂ်ပွဲ၊ လက်ချီနှင့် စီးရီးအေပွဲများကိုလည်း ပရိသတ်မပါဘဲကစားရမည် ဖြစ်သောကြောင့် ယူရို ၁၂ ဒသမ ၃ သန်းခန့် ဆုံးရှုံးဖွယ်ရှိနေသည်။ ထို့ ပြင် အေစီမီလန်အသင်းက ယူရို ၃ ဒသမ ၄ သန်း၊ အင်တာမီလန်အသင်းက ယူရို ၂ ဒသမ ၇ သန်းနှင့် ရိုးမား အသင်းက ယူရို ဒသမ ၃ သန်း ဆုံးရှုံး နိုင်ကြောင်း ခန့်မှန်းထားသည်။

 

Most Read

Most Recent