ကြွက်သားဒဏ်ရာကြောင့် အက်သလက်တီကိုနှင့်ပွဲကို အယ်လစ်ဆန် လွဲချော်ဖွယ်ရှိ

ကြွက်သားဒဏ်ရာကြောင့် အက်သလက်တီကိုနှင့်ပွဲကို အယ်လစ်ဆန် လွဲချော်ဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 7 March 2020

လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်သည် ကြွက်သားဒဏ်ရာကြောင့် အက်သလက်တီကိုအသင်းနှင့် ကစားမည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။ 

လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်သည် ကြွက်သားဒဏ်ရာကြောင့် အက်သလက်တီကိုအသင်းနှင့် ကစားမည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။ 

အယ်လစ်ဆန်သည် အသင်းလေ့ကျင့်ရေးအစီအစဉ်တွင် ကြွက်သားဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ချယ်လ်ဆီးအသင်းအား (၀-၂)ဂိုးဖြင့် ရှုံးနိမ့်သည့် FA ဖလား ပဥ္စမအဆင့်ပွဲစဉ်ကို လွဲချော်ခဲ့သလို၊ အနည်းဆုံး (၁)ပတ်ခန့် အနားယူရဖွယ်ရှိနေကြောင်း လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားခဲ့သည်။ 

ကလော့ပ်က "ကံမကောင်းစွာနဲ့ပဲ ဘုန်းမောက်နဲ့ပွဲမှာ အယ်လစ်ဆန် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ သူဟာ ချယ်လ်ဆီးပွဲမတိုင်ခင် ပြုလုပ်တဲ့ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ဒဏ်ရာရခဲ့ပါတယ်။ ဒါကြောင့် ချယ်လ်ဆီးပွဲမှာ သူ့ကို လူစာရင်းမှာ မထည့်ခဲ့တာပါ။ နောက်တစ်ရက် သူ့ရဲ့ဒဏ်ရာကို စစ်ကြည့်တော့မှ တင်ပါးမှာ ကြွက်သားဒဏ်ရာရနေတာကို တွေ့ရှိခဲ့ပါတယ်။ အယ်လစ်ဆန်အနေနဲ့  ဘုန်းမောက်နဲ့ပွဲမှာ ပါဝင်မှာ မဟုတ်သလို၊ နောက်တစ်ပတ်လည်း ကစားနိုင်မယ် မထင်ပါဘူး။ အဲဗာတန်နဲ့ပွဲမှာတော့ သူ ပြန်ပါနိုင်မလား မသိပါဘူး။ ဒါပေမဲ့ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာတော့ အယ်လစ်ဆန် ပြန်ကစားနိုင်မှာ သေချာပါတယ်"ဟု ပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်းသည် ချယ်လ်ဆီးအား ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ဂိုးသမား အက်ဒရီယန်၏ အမှားမှတစ်ဆင့် ဂိုးပေးခဲ့ရရာ အယ်လစ်ဆန်၏ ဒဏ်ရာသတင်းမှာ လီဗာပူးလ်အတွက် ထိုးနှက်ချက်ဖြစ်ခဲ့သည်။ 

လီဗာပူးလ်အသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင် အက်သလက်တီကိုအသင်းကို အဝေးကွင်း၌ (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ထားပြီး မတ်လ (၁၁)ရက်နေ့တွင် အိမ်ကွင်း အန်ဖီးလ်၌ ဒုတိယအကျော့ပွဲစဉ်ကို ကစားရမည်ဖြစ်သည်။ 

 

Most Read

Most Recent