ပတ်စ်ပို့တ်အတုကိုင်ဆောင်မှုဖြင့် ရော်နယ်လ်ဒင်ဟို ဖမ်းဆီးခံခဲ့ရသော်လည်း အရေးယူခံရမည်မဟုတ်

ပတ်စ်ပို့တ်အတုကိုင်ဆောင်မှုဖြင့် ရော်နယ်လ်ဒင်ဟို ဖမ်းဆီးခံခဲ့ရသော်လည်း အရေးယူခံရမည်မဟုတ်
Photo: Getty Images
Photo: Getty Images
Published 6 March 2020

ဘရာဇီးလ်ဂန္ထဝင်ကစားသမား ရော် နယ်လ်ဒင်ဟိုနှင့် သူ၏အစ်ကိုဖြစ်သူ ရောဘတ်တိုသည် ပတ်စ်ပို့တ်အတုကိုင်ဆောင်မှုဖြင့် ပါရာဂွေးနိုင်ငံ၌ ဖမ်းဆီးခံခဲ့ရသော်လည်း အရေးယူခံရမည်မဟုတ်ကြောင်း သိရသည်။

ဘရာဇီးလ်ဂန္ထဝင်ကစားသမား ရော် နယ်လ်ဒင်ဟိုနှင့် သူ၏အစ်ကိုဖြစ်သူ ရောဘတ်တိုသည် ပတ်စ်ပို့တ်အတုကိုင်ဆောင်မှုဖြင့် ပါရာဂွေးနိုင်ငံ၌ ဖမ်းဆီးခံခဲ့ရသော်လည်း အရေးယူခံရမည်မဟုတ်ကြောင်း သိရသည်။

    

ရော်နယ်လ်ဒင်ဟိုသည် ၎င်းနောက်ဆုံးထွက်ရှိထားသည့်စာအုပ် ဈေးကွက်မြှင့်တင်ရန်နှင့် ဆင်းရဲချို့တဲ့သည့်ကလေးငယ်များအတွက် တည်ထောင်ထားသော ဖောင်ဒေးရှင်းအတွက် ကူညီပေးရန် မတ် (၄)ရက်တွင်

ဆော်ပေါ်လိုမှတစ်ဆင့် ပါရာဂွေးနိုင်ငံရှိ Asuncion မြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။ 

သို့သော် ယင်းနေ့ ညမှာပင် ပါရာဂွေးရဲတပ်ဖွဲ့က ၎င်းတို့တည်းခိုနေသည့်ဟိုတယ်သို့ ဝင်ရောက်ဖမ်းဆီးရာ ပါရာဂွေးနိုင်ငံသားအဖြစ် ဖော်ပြထားသော ပတ်စ်ပို့တ်နှစ်ခုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မတ် (၅)ရက် နံနက်ပိုင်းတွင် ၎င်းတို့ကို စစ်ဆေးမေးမြန်းပြီးနောက် ပါရာဂွေးအစိုးရရှေ့နေ ဒယ်လ်ဖီနိုက "သူတို့နှစ်ဦးကို ဆက်ပြီး အရေးမယူဖို့ ထောက်ခံချက်ပေးထားပါတယ်။ ကျွန်တော်တို့အနေနဲ့ တခြားပါဝင်ပတ်သက်သူတွေကိုတော့ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ။ ရော်နယ်လ်ဒင်ဟိုနဲ့ သူ့ရဲ့အစ်ကို ရောဘတ်တိုက စုံစမ်းစစ်ဆေးမှုအတွက် သက်ဆိုင်တဲ့ အချက်အလက်တွေ ပေးခဲ့ပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်က ပါရာဂွေးနိုင်ငံသားအဖြစ် အတုပြုလုပ်ထားတဲ့ အချက်အလက်တွေကို တခြားသူဆီက လက်ခံရရှိခဲ့တာပါ။ သူတို့ဆီကရတဲ့အချက်အလက်တွေက အတုအပပြုလုပ်နေတဲ့ ရာဇဝတ်အဖွဲ့တွေကိုဖော်ထုတ်ဖို့ အရမ်းအသုံးဝင်ပါတယ်"ဟု ပြောကြားသည်။

၎င်းတို့(၂)ဦးကို ဆိုဆာလီရာဟု အမည်ရသည့် ဘရာဇီးလ်စီးပွားရေးသမားတစ်ဦးက ပတ်စ်ပို့တ်အတုများ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းအား ဖမ်းဆီးထားပြီဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent