နေမာအား ပြန်လည်ခေါ်ယူပေးရန် အသင်းဥက္ကဋ္ဌ ဘာတိုမူကို ဘာစီလိုနာကစားသမားများ တောင်းဆို

နေမာအား ပြန်လည်ခေါ်ယူပေးရန် အသင်းဥက္ကဋ္ဌ ဘာတိုမူကို ဘာစီလိုနာကစားသမားများ တောင်းဆို
Photos: Reuters & Getty Images
Photos: Reuters & Getty Images
Published 6 March 2020

ဘာစီလိုနာကစားသမားများသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် PSG တိုက်စစ်မှူး နေမာအား ခေါ်ယူပေးရန် အသင်းဥက္ကဋ္ဌ ဘာတိုမူကို တောင်းဆိုခဲ့ကြကြောင်း သိရသည်။ 

ဘာစီလိုနာကစားသမားများသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် PSG တိုက်စစ်မှူး နေမာအား ခေါ်ယူပေးရန် အသင်းဥက္ကဋ္ဌ ဘာတိုမူကို တောင်းဆိုခဲ့ကြကြောင်း သိရသည်။ 

အသက် (၂၈)နှစ်အရွယ်ရှိ ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် ၂၀၁၇ ခုနှစ်တွင် ဘာစီလိုနာအသင်းမှ PSG အသင်းသို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို (၂၂၂)ဖြင့် ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။ 

သို့သော် နေမာသည် PSG အသင်းတွင် မပျော်ပိုက်ဘဲ ဘာစီလိုနာအသင်းသို့ ပြန်လာရန် ဆန္ဒရှိနေပြီး ပြီးခဲ့သည့် ၂၀၁၉ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းဟောင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် ကြိုးစားခဲ့ကြောင်း သိရသည်။ 

စပိန်အားကစားသတင်းစာများဖြစ်သည့် Diario Sport နှင့် El Mundo Deportivo ၏ ဖော်ပြချက်အရ ဘာစီလိုနာအသင်း၏ အဓိက ကစားသမားများဖြစ်သည့် မက်ဆီ၊ ဆွာရက်ဇ်နှင့် ပီကေးတို့သည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် နေမာအား ပြန်လည်ခေါ်ယူပေးရန် အသင်းဥက္ကဋ္ဌ ဘာတိုမူကို တောင်းဆိုခဲ့ကြကြောင်း သိရသည်။ 

ဘာစီလိုနာကစားသမားများသည် နေမာအား ပြန်လည်ခေါ်ယူရန် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလကတည်းက တောင်းဆိုခဲ့ကြသော်လည်း PSG အသင်းက ရောင်းချလိုခြင်းမရှိသည့်အတွက် အပြောင်းအရွှေ့မှာ ဖြစ်မြောက်ခဲ့ခြင်း မရှိပေ။ 

နေမာသည် ဘာစီလိုနာအသင်းတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ (၄)ရာသီ ကစားခဲ့ပြီး အသင်းတိုက်စစ်တွင် မက်ဆီ၊ ဆွာရက်ဇ်တို့နှင့်အတူ တွဲဖက်ညီညီကစားနိုင်ခဲ့သလို၊ ပြိုင်ပွဲစုံ (၁၈၆)ပွဲတွင် (၁၀၅)ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။ 

 

Most Read

Most Recent