ဒီဟေးယားကို မန်ယူဂန္ထဝင်များ ဝေဖန်ခဲ့ကြပြီး မိမိသာအသင်း၌ရှိနေလျှင် ၎င်းကို သတ်မိလိမ့်မည်ဟု ရွိုင်ကင်း ပြင်းပြင်းထန်ထန်ပြောကြား

ဒီဟေးယားကို မန်ယူဂန္ထဝင်များ ဝေဖန်ခဲ့ကြပြီး မိမိသာအသင်း၌ရှိနေလျှင် ၎င်းကို သတ်မိလိမ့်မည်ဟု ရွိုင်ကင်း ပြင်းပြင်းထန်ထန်ပြောကြား
Photos: Getty Images
Photos: Getty Images
Published 4 March 2020

ယင်းပွဲတွင် ပွဲချိန် (၃)မိနစ်၌ ဒီဟေးယားရှေ့သို့ကန်သောဘောလုံးကို အဲဗာတန်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင်က ပြေးဝင်ဟန့်တားပြီး အသင်းအတွက်အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့သည်။ ဘောလုံးအားစောစောစီးစီးရှေ့သို့ မကန်ထုတ်ဘဲ ပြိုင်ဘက်ကစားသမား ဝင်လာချိန်မှ စွန့်စားကန်တင်ခဲ့သော ဒီဟေးယားမှာ ယင်းဂိုးအတွက် ဝေဖန်ပြစ်တင်မှုများကို ခံခဲ့ရသည်။

 

ပြီးခဲ့သည့်တစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်(၂၈) အဲဗာတန် (၁-၁) မန်ယူပွဲတွင် အဲဗာတန်အသင်း၏ အဖွင့်ဂိုးကို အလွယ်တကူခွင့်ပြုခဲ့ရသည့် မန်ယူဂိုးသမားဒီဟေးယားအား မန်ယူဂန္ထဝင်ကစားသမားများက ပြင်းပြင်းထန်ထန်ပြစ်တင်ဝေဖန်ခဲ့ကြသည်။

ယင်းပွဲတွင် ပွဲချိန် (၃)မိနစ်၌ ဒီဟေးယားရှေ့သို့ကန်သောဘောလုံးကို အဲဗာတန်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင်က ပြေးဝင်ဟန့်တားပြီး အသင်းအတွက်အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့သည်။ ဘောလုံးအားစောစောစီးစီးရှေ့သို့ မကန်ထုတ်ဘဲ ပြိုင်ဘက်ကစားသမား ဝင်လာချိန်မှ စွန့်စားကန်တင်ခဲ့သော ဒီဟေးယားမှာ ယင်းဂိုးအတွက် ဝေဖန်ပြစ်တင်မှုများကို ခံခဲ့ရသည်။

မန်ယူအသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ရွိုင်ကင်းက မိမိအနေဖြင့်အသင်းတွင်ရှိနေလျှင် ဒီဟေးယားကို သတ်မိလိမ့်မည်ဟု Sky Sports ရုပ်သံတွင် ပြောကြားခဲ့သည်။ "ကျွန်တော် ဒီအသင်းမှာ ကစားသမားတစ်ဦး(သို့မဟုတ်) နည်းပြ တစ်ဦးအဖြစ် ရှိနေမယ်ဆိုရင်တော့ သူ့(ဒီဟေးယား)ကို သတ်မိပါလိမ့်မယ်။ သူဘာကို စောင့်နေတာလဲ။ ကျွန်တော်မြင်တာတော့ သူဟာ နည်းနည်းစိတ်ကြီးဝင်နေပုံပါပဲ။ ကျွန်တော်သာရှိနေရင် ပထမပိုင်းအပြီးမှာ သူ့ကို အမဲဖျက်သလိုလုပ်မိမှာပါ။ ဒါဟာခွင့်လွှတ် စရာမဟုတ်ပါဘူး" ဟု ရွိုင်ကင်းက ပြောကြားခဲ့သည်။

မန်ယူအသင်း၏ ဂန္ထဝင်ဂိုးသမားဖြစ်သူ ပီတာရှမိုက်ကယ်ကလည်း ဒီဟေးယားသည် စပိန်ကလပ်ရီးယဲလ်မက်ဒရစ်အသင်း၏ စိတ်ဝင်စားမှုကို ခံနေရခြင်းကြောင့် မန်ယူအသင်းအပေါ် အာရုံလျော့ပါးလာကြောင်း ဝေဖန်ပြောကြားခဲ့သည်။

 

Most Read

Most Recent