ဆောက်ဂိတ်အား ရာထူးမှချက်ချင်းထုတ်ပယ်ရန် ရစ်ချက်ကီးစ် တောင်းဆို

ဆောက်ဂိတ်အား ရာထူးမှချက်ချင်းထုတ်ပယ်ရန် ရစ်ချက်ကီးစ် တောင်းဆို
Photo: Fabrizio
Photo: Fabrizio
Published 27 June 2024

Sky Sports ရုပ်သံတင်ဆင်သူဟောင်း ရစ်ချက်ကီးစ်က အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) အား နည်းပြ ဆောက်ဂိတ်ကို ရာထူးမှချက်ချင်းထုတ်ပယ်ရန် တောင်းဆိုခဲ့သည်။

အင်္ဂလန်အသင်းသည် ရှုံးထွက် (၁၆)သင်းအဆင့် တက်ရောက်ခဲ့သော်လည်း ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

ယခုအခါ ရစ်ချက်ကီးစ်က ''ကျွန်တော်သာ ဆုံးဖြတ်ခွင့်ရှိရင် ဆောက်ဂိတ်ကို ချက်ချင်းထုတ်ပစ်မှာပါ။ အခုလိုပုံစံမျိုးနဲ့ နောက်ပွဲမှာလည်း အင်္ဂလန် နိုင်မှာမဟုတ်ပါဘူး။ ဆောက်ဂိတ်နေရာမှာ ဟယ်ရီရက်နက်ပ်ကို ကာလတို အစားထိုးသင့်ပါတယ်''ဟု ပြောကြားခဲ့သည်။