မန်စီးတီးပစ်မှတ် ဟိုးလ်ဂိတ်အား ၂၀၂၅ ခုနှစ်အထိ အဲဗာတန်အသင်း စာချုပ်သစ် ချုပ်ဆို

မန်စီးတီးပစ်မှတ် ဟိုးလ်ဂိတ်အား ၂၀၂၅ ခုနှစ်အထိ အဲဗာတန်အသင်း စာချုပ်သစ် ချုပ်ဆို
Photo: Getty Images
Photo: Getty Images
Published 4 March 2020

အဲဗာတန်အသင်းသည် မန်စီးတီးအသင်းက ခေါ်ယူရန် ပစ်မှတ်ထားနေသည့် အသင်းနောက်ခံလူ ဟိုးလ်ဂိတ်အား ၂၀၂၅ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။ 

အဲဗာတန်အသင်းသည် မန်စီးတီးအသင်းက ခေါ်ယူရန် ပစ်မှတ်ထားနေသည့် အသင်းနောက်ခံလူ ဟိုးလ်ဂိတ်အား ၂၀၂၅ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။ 

အသက် (၂၃)နှစ်အရွယ်ရှိ အင်္ဂလန်နောက်ခံလူ ဟိုးလ်ဂိတ်သည် နည်းပြ အန်ဆယ်လော့တီလက်ထက်တွင် အဲဗာတန်အသင်း၌ ခြေစွမ်းပြနေပြီး မန်စီးတီးအသင်း၏ ပစ်မှတ်ထားခြင်းကို ခံနေရသူဖြစ်သည်။  ထို့ကြောင့် အဲဗာတန်အသင်းသည် ဟိုးလ်ဂိတ်အား နှစ်ရှည်စာချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ 

ဟိုးလ်ဂိတ်က မိမိအနေဖြင့် အဲဗာတန်အသင်းတွင် ပျော်ရွှင်ကြောင်းနှင့် အနာဂတ်တွင် အသင်းနှင့်အတူ အောင်မြင်မှုရရှိရန် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဟိုးလ်ဂိတ်က "ကျွန်တော့်အနေနဲ့ အဲဗာတန်အသင်းမှာ ကစားခဲ့တဲ့ (၅)နှစ်အတွင်း ကစားသမားတစ်ဦးအနေနဲ့ရော၊ လူပုဂ္ဂိုလ်တစ်ဦးအနေနဲ့ပါ တိုးတက်မှုတွေ အများကြီး ရှိခဲ့ပါတယ်။ အသင်းရဲ့ ဦးတည်ချက်နဲ့ ရည်မှန်းချက်တွေကို သဘောကျတာကြောင့် ကျွန်တော် စာချုပ်သစ်ချုပ်ဆိုခဲ့တာပါ။ ကျွန်တော်တို့အနေနဲ့ အနာဂတ်မှာ ဆုဖလားတွေ ရယူနိုင်ဖို့အတွက် ကြိုးစားသွားမှာပါ။ အဲဗာတန်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ကျွန်တော် အရမ်းဝမ်းသာပါတယ်"ဟု ပြောကြားခဲ့သည်။ 

ဟိုးလ်ဂိတ်သည် ၂၀၁၅ ခုနှစ်တွင် ဘန်စလေအသင်းမှ အဲဗာတန်အသင်းသို့ ပေါင် (၂)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး (၅)ရာသီအတွင်း ပြိုင်ပွဲစုံ (၇၂)ပွဲ ပါဝင်ကစားထားသည်။

 

Most Read

Most Recent