ယူရိုပါလိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

ယူရိုပါလိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
Photo: UEL
Photo: UEL
Published 22 May 2024

လေဗာကူဆင်ရဲ့ ဖလားသုံးလုံးအိပ်မက်ကို အဓိကဆုံးဖြတ်မယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲ

■ အတ္တလန်တာ - လေဗာကူဆင်

အချိန် - (ကြာသပတေးနေ့ နံနက် ၁း၃၀ နာရီ၊ ဒိုင်လူကြီး- အစ်ဗန်ကိုဗက်(အတ္တလန်တာ)

■ Current form

- အတ္တလန်တာ    W    W    W    L    W    

- လေဗာကူဆင်    W    W    D    W    W

■ Head to Head

၂၀၂၁-၂၂ (UEL)    လေဗာကူဆင်    ဝ--၁    အတ္တလန်တာ

                     အတ္တလန်တာ    ၃-၂    လေဗာကူဆင်

■ Road to Final

■ အုပ်စုအဆင့်    

အတ္တလန်တာ    ၂--ဝ    ရာကော  / လေဗာကူဆင်    ၄--ဝ    ဟက်ကန်

စပို့တင်းလစ္စဘွန်း    ၁-၂    အတ္တလန်တာ /    မိုလ်ဒီ    ၁-၂    လေဗာကူဆင်

စတမ်းဂရက်ဇ်    ၂-၂    အတ္တလန်တာ / လေဗာကူဆင်    ၅-၁    ကာရာဘတ်

အတ္တလန်တာ    ၁--ဝ    စတမ်းဂရက်ဇ်     / ကာရာဘတ်    ဝ--၁    လေဗာကူဆင်

အတ္တလန်တာ    ၁-၁    စပို့တင်းလစ္စဘွန်း / ဟက်ကန်    ဝ--၂    လေဗာကူဆင်

ရာကော    ဝ--၄    အတ္တလန်တာ     / လေဗာကူဆင် ၅-၁ မိုလ်ဒီ

■ ၁၆ သင်း    

စပို့တင်းလစ္စဘွန်း    ၁-၁    အတ္တလန်တာ   / ကာရာဘတ်    ၂-၂    လေဗာကူဆင်

အတ္တလန်တာ    ၂-၁    စပို့တင်းလစ္စဘွန်း   / လေဗာကူဆင်    ၃-၂    ကာရာဘတ်

■ ကွာတားဖိုင်နယ်     

လီဗာပူးလ်    ဝ-၃    အတ္တလန်တာ  /  လေဗာကူဆင်    ၂-ဝ    ၀က်စ်ဟမ်း

အတ္တလန်တာ    ဝ-၁    လီဗာပူးလ်   / ဝက်စ်ဟမ်း    ၁-၁    လေဗာကူဆင်

■ ဆီမီးဖိုင်နယ်    

မာဆေးလ်    ၁-၁    အတ္တလန်တာ  /  ရိုးမား    ဝ-၂    လေဗာကူဆင်

အတ္တလန်တာ    ၃-ဝ    မာဆေးလ်   / လေဗာကူဆင်    ၂-၂    ရိုးမား

    

အတ္တလန်တာအသင်းနဲ့ လေဗာကူဆင်အသင်းက ဥ ရောပကလပ်ပြိုင်ပွဲမှာ တတိယအ ကြိမ်မြောက် တွေ့ဆုံကြတာ ဖြစ်တယ်။ ၂၀၂၁-၂၂ ရာသီ ယူရိုပါလိဂ် ၁၆ သင်းအဆင့်မှာ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အတ္တလန်တာက နှစ်ကျော့စလုံး အနိုင်ယူခဲ့ဖူးတယ်။ Current အခြေ အနေအရတော့ နှစ်သင်းစလုံးက ပုံစံကောင်းရနေတဲ့ အသင်းတွေဖြစ်ပြီး လေဗာကူဆင်က အတ္တလန်တာထက် ခေါင်းတစ်လုံး ပိုသာနေတယ်။ လေဗာကူဆင်အသင်းက တစ်ရာသီလုံး ရှုံးပွဲမရှိသေးဘဲ ဘောလုံးကမ္ဘာကို မယုံနိုင်စရာတွေ လုပ်ပြထားခဲ့တယ်။ ဒီယူရိုပါလိဂ်ဖလားသာ ရယူနိုင်ခဲ့ရင် လေဗာကူဆင်အသင်းအတွက် ဖလားသုံးလုံးချန်ပီယံအဖြစ် သမိုင်းဝင်နေ့စွဲတစ်ခု ကို ပိုင်ဆိုင်ဖို့ သေချာသလောက်ရှိသွားမယ်။ အခုထိလည်း လေဗာကူဆင်က ရှုံးပွဲမရှိ  ၅၁ပွဲနဲ့ ရှေ့ဆက်နေ တုန်းပါပဲ။ အတ္တလန်တာကတော့ ကိုပါအီတာလီယာဖိုင်နယ်မှာ အရေးနိမ့်ခဲ့ပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့် အရယူထားတယ်။ အတ္တလန်တာအသင်းက ၃-၄-၁-၂နဲ့ ၃-၄-၂-၁ကစား ကွက်ကို အလျဉ်းသင့်သလိုသုံးနေပေမဲ့ နောက်ပိုင်းအရေး ကြီးတဲ့ပွဲတွေမှာ lone Striker တစ်ဦးပဲထားကစားတဲ့ပုံစံကို ဆက်တိုက်သုံးနေတယ်။ ယူရိုပါလိဂ်မှာ ဂိုးလာဘ်ရှိတဲ့ ဆကာ မာကာကိုပဲ အထောင်တင်ပြီး ကီတယ်လာရီ၊ လွတ်ခ်မန်းတို့တိုးအားကို အဓိကအားယူ ကစား လိမ့်မယ်။ လေဗာကူဆင်အသင်းက ရိုးမားနဲ့ကစားတဲ့ ဆီမီးနှစ်ကျော့လို တိုက်စစ်ပိုင်းမှာ အ ပြောင်းအလဲ သိပ်မလုပ်လောက်တော့ဘူး။ ဖိုင်နယ်ပွဲ တိုက်စစ်မှာ ပက်သရစ်ရှစ်ခ်၊ ဗက်ဇ်တို့  ဂဏန်းငြိမ်နေပြီး ကျန်တစ်နေရာကတော့ ငါးဦးလောက် အပြိုင်ဖြစ်နေတယ်။ နှစ်သင်းစလုံးရဲ့ နည်းပြပိုင်းက တိုက်စစ်ပိုင်းကို ပုံသေသုံးတဲ့သူတွေ မဟုတ်ဘဲ ပြိုင်ဘက်အပေါ် လိုက်ပြီး အ ပြောင်းအလဲလုပ်တတ်တယ်။ ယုံကြည်မှုပိုမြင့်နေတဲ့ လေဗာကူဆင်ကိုပဲ ရွေးချယ်ချင်တယ်။

 

Most Read

Most Recent