၂၀၂၀-၂၁ UEFA Nations League အုပ်စုမဲခွဲပွဲ ပြုလုပ်ခဲ့ပြီး လက်ရှိချန်ပီယံ ပေါ်တူဂီနှင့် ပြင်သစ် တစ်အုပ်စုတည်းကျရောက်

၂၀၂၀-၂၁ UEFA Nations League အုပ်စုမဲခွဲပွဲ ပြုလုပ်ခဲ့ပြီး လက်ရှိချန်ပီယံ ပေါ်တူဂီနှင့် ပြင်သစ် တစ်အုပ်စုတည်းကျရောက်
Photos: UEFA
Photos: UEFA
Published 4 March 2020

၂၀၂၀-၂၁ UEFA Nations League အုပ်မဲခွဲပွဲကို မတ်လ (၃)ရက်က နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့တွင် ပြုလုပ်ခဲ့ပြီး လက်ရှိချန်ပီယံ ပေါ်တူဂီအသင်းသည် League (A) - Group (3) တွင် ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ကြောင်း သိရသည်။ 

၂၀၂၀-၂၁ UEFA Nations League အုပ်မဲခွဲပွဲကို မတ်လ (၃)ရက်က နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့တွင် ပြုလုပ်ခဲ့ပြီး လက်ရှိချန်ပီယံ ပေါ်တူဂီအသင်းသည် League (A) - Group (3) တွင် ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ကြောင်း သိရသည်။ 

League (A) - Group (3) တွင် ပေါ်တူဂီ၊ ပြင်သစ်နှင့်အတူ  ၂၀၁၈ ကမ္ဘာ့ဖလား ဒုတိယရ ခရိုအေးရှားနှင့် ဆွီဒင်အသင်းတို့ ကျရောက်ခဲ့သည်။ နာမည်ကြီး အင်္ဂလန်အသင်းမှာ League (A) - Group (2) တွင် ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ အိုက်စလန်တို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ 

League (A) - Group (1) တွင် နယ်သာလန်၊ အီတလီ၊ ဘော့စနီးယားနှင့် ပိုလန်တို့အတူကျရောက်ခဲ့ပြီး စပိန်နှင့် ဂျာမနီအသင်းတို့မှာ ဆွစ်ဇာလန်၊ ယူကရိန်းအသင်းတို့နှင့် League (A) - Group (4)တွင် ကျရောက်ခဲ့သည်။ 

ဝေးလ်အသင်းမှာ League (B) - Group (4) တွင် ဖင်လန်၊ အိုင်ယာလန်၊ ဘူလ်ဂေးရီးယားအသင်းတို့နှင့် အတူကျရောက်ခဲ့သည်။ 

ပထမဆုံးအကြိမ် ကျင်းပသည့် ၂၀၁၈-၁၉ UEFA Nations League ပြိုင်ပွဲတွင် ပေါ်တူဂီအသင်းက နယ်သာလန်အသင်းကို (၁-၀)ဂိုးဖြင့် အနိုင်ရကာ ဗိုလ်စွဲခဲ့ပြီး တတိယနေရာလုပွဲတွင် အင်္ဂလန်အသင်းက ဆွစ်ဇာလန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့သည်။ 

၂၀၂၀-၂၁ ရာသီ UEFA Nations League ပြိုင်ပွဲတွင် League (A)၊ League (B)၊ League (C) တို့တွင် (၄)သင်း အုပ်စုဖြင့် အုပ်စု (၄)ခု ပါဝင်ခဲ့ပြီး League (D) တွင် (၄)သင်း တစ်အုပ်စုနှင့် (၃)သင်း တစ်အုပ်စု ပါဝင်ခဲ့သည်။ အုပ်စုပွဲစဉ်များကို အိမ်ကွင်း၊ အဝေးကွင်း ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယခုနှစ်၊ စက်တင်ဘာ (၃)ရက်မှ စတင်ကာ အောက်တိုဘာ (၁၇)ရက်နေ့အထိ ကစားမည်ဖြစ်သည်။ 

League (A) တွင် နံပါတ် (၁)နေရာ ရရှိသည့် (၄)သင်းက ဆီမီးဖိုင်နယ်၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲတို့ ကစားရမည်ဖြစ်ပြီး League (B)၊ League (C) နှင့် Legaue (D) တို့မှာ နံပါတ် (၁)နေရာရသည့် အသင်းများမှာ တန်းတက်မည်ဖြစ်ကာ League (A)၊ League (B) တွင် နံပါတ် (၄)ရသည့်အသင်းများမှာ တန်းဆင်းရမည် ဖြစ်သည်။

League (C) တွင် နံပါတ် (၄)နေရာရသည့် အသင်း (၄)မှာမ Play-offs ကစားရမည်ဖြစ်ပြီး ရှုံးနိမ့်သည့် (၂)သင်းက League (D)သို့  တန်းဆင်းရမည်ဖြစ်သည်။ 

■ ၂၀၂၀-၂၁ UEFA Nations League အုပ်စုခွဲဝေမှု

League (A)

Group (1) - နယ်သာလန်၊ အီတလီ၊ ဘော့စနီးယား၊ ပိုလန်

Group (2) - အင်္ဂလန်၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ အိုက်စလန်

Group (3) - ပေါ်တူဂီ၊ ပြင်သစ်၊ ဆွီဒင်၊ ခရိုအေးရှား

Group (4) - ဆွစ်ဇာလန်၊ စပိန်၊ ယူကရိန်း၊ ဂျာမနီ

League (B)

Group (1) - သြစတြီးယား၊ နော်ဝေ၊ မြောက်အိုက်ယာလန်၊ ရိုမေးနီးယား

Group (2) - ချက်၊ စကော့တလန်၊ ဆလိုဗက်ကီးယား၊ အစ္စရေး

Group (3) - ရုရှား၊ ဆားဘီးယား၊ တူရကီ၊ ဟန်ဂေရီ

Group (4) - ဝေးလ်စ်၊ ဖင်လန်၊ အိုင်ယာလန်၊ ဘူလ်ဂေးရီးယား

League (C)

Group (1) - မွန်တီနီဂရိုး၊ ဆိုက်ပရပ်စ်၊ လူဇင်ဘတ်၊ အဇာဘိုင်ဂျန်

Group (2) - ဂျော်ဂျီယာ၊ မက်ဆီဒိုးနီးယား၊ အက်စ်တိုးနီးယား၊ အာမေးနီးယား

Group (3) - ဂရိ၊ ကိုဆိုဗို၊ ဆလိုဗေးနီးယား၊ မော်လ်ဒိုဗာ

Group (4) - အယ်လ်ဘေးနီးယား၊ ဘီလာရုစ်၊ လစ်သူယေးနီးယား၊ ကာဇက်စတန်

League (D)

Group (1) - ဖာရိုးကျွန်းစုများ၊ လက်ဗီးယား၊ အန်ဒိုရာ၊ မော်လ်တာ

Group (2) - ဂျီဘရော်လ်တာ၊ လက်ချင်စတိန်း၊ ဆန်မာရီနို

 

Most Read

Most Recent