လီဗာပူးလ်တိုက်စစ်မှူးဟောင်း စတာရစ်ချ် ဇွန်လအထိ ဘောလုံးလောကနှင့် ပတ်သက်ခွင့် ပိတ်ပင်ခံရ

လီဗာပူးလ်တိုက်စစ်မှူးဟောင်း စတာရစ်ချ် ဇွန်လအထိ ဘောလုံးလောကနှင့် ပတ်သက်ခွင့် ပိတ်ပင်ခံရ
Photo: Getty Images
Photo: Getty Images
Published 3 March 2020

လီဗာပူးလ်တိုက်စစ်မှူးဟောင်း စတာရစ်ချ်သည် လောင်းကစားစည်းမျဉ်းချိုးဖောက်မှုကြောင့် ဇွန်လ(၁၇)ရက်နေ့အထိ ဘောလုံးလောကနှင့်ပတ်သက်ခွင့် ပိတ်ပင်သည့်ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရသည်။ 

လီဗာပူးလ်တိုက်စစ်မှူးဟောင်း စတာရစ်ချ်သည် လောင်းကစားစည်းမျဉ်းချိုးဖောက်မှုကြောင့် ဇွန်လ(၁၇)ရက်နေ့အထိ ဘောလုံးလောကနှင့်ပတ်သက်ခွင့် ပိတ်ပင်သည့်ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရသည်။ 

စတာရစ်ချ်သည် ပြီးခဲ့သည့်နှစ်က ၎င်း၏ အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး လောင်းကြေးထပ်ရန် မိသားစုဝင်များကို အကြံပေးစေခိုင်းခဲ့ခြင်းကြောင့် မူလက ပွဲပယ်ပြစ်ဒဏ်(၆)ပတ်နှင့် ဒဏ်ငွေပေါင်(၇၅ဝဝဝ) ချမှတ်ခံခဲ့ရသည်။ 

ယင်းပြစ်ဒဏ်ကို တိုးမြှင့်သင့်ကြောင်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)က အယူခံဝင်ခဲ့ပြီး ယခုအခါ အနိုင်ရရှိသွားသည့်အတွက် စတာရစ်ချ်အနေဖြင့် ဇွန် (၁၇)ရက်နေ့အထိ ပိတ်ပင်ခံခဲ့ရခြင်းဖြစ်သလို၊ ဒဏ်ငွေလည်း ပေါင်(၁၅ဝဝဝဝ) ပေးဆောင်သွားရတော့မည်ဟု သိရသည်။ 

ယခုဖြစ်ရပ်ကြောင့် တူရကီကလပ် ထရက်ဇွန်စပေါ်အသင်းက စတာရစ်ချ်ကို စာချုပ်ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

အသက် (၃၀)နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူး စတာရစ်ချ်က ယခုပြစ်ဒဏ်အတွက် စိတ်ပျက်ရကြောင်းနှင့် လွန်စွာဝမ်းနည်းရကြောင်း ပြောကြားခဲ့သည်။

 

 

Most Read

Most Recent