ပြည်ခိုင်ဖြိုးပါတီ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် ဦးဆောင်မှုအခန်းကဏ္ဍ ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးခင်ရီနှင့် ဦးလှထွန်းအား ပါတီဒုတိယဥက္ကဋ္ဌများအဖြစ် ရွေးချယ်ခန့်အပ်

ပြည်ခိုင်ဖြိုးပါတီ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် ဦးဆောင်မှုအခန်းကဏ္ဍ ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးခင်ရီနှင့် ဦးလှထွန်းအား ပါတီဒုတိယဥက္ကဋ္ဌများအဖြစ် ရွေးချယ်ခန့်အပ်
Published 22 February 2020
နေရိုင်း၊ ဇေယျာထွန်း

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ၂၀၂၀ ရွေး ကောက်ပွဲအောင်နိုင်ရေးနှင့် ဦးဆောင်မှု အခန်းကကဏ္ဍ ပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဟောင်းများဖြစ်သည့် ဦးခင်ရီနှင့် ဦးလှထွန်းအား  ပါတီ ဒုတိယဥက္ကဋ္ဌများအဖြစ် ခန့်အပ်ခဲ့ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက် တာနန္ဒာလှမြင့်က ပြောကြားသည်။

နေပြည်တော်ရှိ ရတနာသိင်္ဃဟိုတယ်တွင် ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက် တာနန္ဒာလှမြင့်က အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက ဒုတိယဥက္ကဋ္ဌ (၂)အဖြစ်ခန့်အပ်ခဲ့သည့် ဦးခင်ရီမှာ ယခင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင် ခဲ့ သူဖြစ်ပြီး ဒုတိယဥက္ကဋ္ဌ (၃)အဖြစ် ခန့်အပ်ခဲ့ သည့် ဦးလှထွန်းမှာ နိုင်ငံတော်သမ္မတရုံးပြည် ထောင်စုဝန်ကြီး ထမ်းဆောင်ခဲ့သူဖြစ်သည်။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းနှင့် မိုင်းပြင်မဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန်တို့အား ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ အဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ကို ဦးရေ ၆၀ ဖြင့် ဖွဲ့စည်းရန် သတ်မှတ်ထားပြီး ၎င်းင်းတို့မှာ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ သုံးဦး၊ အထွေထွေအတွင်းရေးမှူး တစ်ဦး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး တစ်ဦး၊ အတွင်းရေးမှူးအဖွဲ့ ငါးဦးနှင့် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ၄၉ ဦးတို့ဖြစ် သော်လည်း လက်ရှိတွင် ဖွဲ့စည်းပုံပြည့်ခန့် ထားနိုင်ခြင်း မရှိသေးဘဲ ယခုဒုတိယဥက္ကဋ္ဌ နှစ်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်သုံးဦးထပ်မံ ဖြည့်စွက်ခြင်းဖြစ်ကြောင်း ဒေါက်တာနန္ဒာ လှမြင့်၏ ပြောကြားချက်အရ သိရသည်။

“အခုရွေးကောက်ပွဲကာလလည်း နီး လာပြီ။ လုပ်ငန်းစဉ်တွေကလည်း ကျယ်ကျယ် ပြန့်ပြန့်လုပ်ရမှာဖြစ်တဲ့အတွက် ဒုတိယဥက္ကဋ္ဌ နှစ်ဦးကို ထပ်ပြီးအင်အားဖြည့်တာပေါ့။ နောက် ဃနဃ လည်း နောက်သုံးဦးထပ်တိုးတာပေါ့” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

လက်ရှိ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ ဦးသန်း ဌေးဖြစ်ပြီး ဒုတိယဥက္ကဋ္ဌ (၁) မှာ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူးမှာ ဦးသက်နိုင်ဝင်း တို့ဖြစ်သည်။ လက်ရှိတွင် နိုင်ငံတော်သမ္မတ ဟောင်း ဦးသိန်းစိန်သည် ပါတီဝင်အနေဖြင့် သာရှိနေပြီး ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေး အတွက် ၀ိုင်းဝန်ကြိုးစားဆောင်ရွက်သွား မည့်အနေအထားသာရှိကြောင်း ၎င်းင်းက ဆို သည်။            

 

 

 

Most Read

Most Recent