ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ပထမဆုံးအကြိမ် ဆောင်းရာသီအနားပေးမှုတွင် ချယ်လ်ဆီးနှင့် မန်ယူအသင်းတို့ နားရက်အများဆုံးရရှိခဲ့

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ပထမဆုံးအကြိမ် ဆောင်းရာသီအနားပေးမှုတွင် ချယ်လ်ဆီးနှင့် မန်ယူအသင်းတို့ နားရက်အများဆုံးရရှိခဲ့
Photos: BBC, PA, Squawka
Photos: BBC, PA, Squawka
Published 4 February 2020

 

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကစားသမားများအတွက် ဆောင်းရာသီအနားပေးမှုကို ယခုရာသီ၌ ပထမဆုံးအကြိမ်အဖြစ် စတင်ကျင့်သုံးခဲ့ရာ ချယ်လ်ဆီးနှင့် မန်ယူတို့ နားရက်အ များဆုံးရရှိသည့်အသင်းများဖြစ်ခဲ့ကြောင်း သိရသည်။

ပြိုင်ဘက်လိဂ်များတွင် ဆောင်းရာသီအနားပေးချိန်များကို အသီးသီးသတ်မှတ်ထားကြသော်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ယခင်က ဆောင်းရာသီအနားပေးချိန် သတ်မှတ်ခြင်း မရှိခဲ့ဘဲ ယခုမှ စတင်ခြင်းဖြစ်သည်။ 

တောင်းဆိုမှုများ မြင့် တက်လာသည့်နောက် ၂၀၁၈ ခုနှစ်တွင် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်၊ ပရီးမီးယားလိဂ်အဖွဲ့ချုပ်နှင့် အင်္ဂလန်လိဂ်အဖွဲ့ချုပ် တို့ ညှိနှိုင်းမှုများပြုလုပ်ကာ ၂၀၁၉-၂၀ ရာသီ၌ ဆောင်းရာသီ အနားပေးမှုစတင်ရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

သို့သော် အခြားလိဂ်များကဲ့သို့ အသင်းများအားလုံးကို တစ်ပြိုင်နက်အနားပေးခြင်းမဟုတ်ဘဲ နှစ်သုတ်ခွဲ၍ အနားပေးခဲ့သည်။ 

ထို့ကြောင့် လာမည့် ပရီးမီးယားလိဂ်ပွဲစဉ်(၂၆) ကို နှစ်ပတ်ခွဲ၍ ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။ 

လာမည့် ဖေဖော်ဝါရီ(၈၊ ၉)ရက်တွင် (၄)ပွဲသာ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး နောက်တစ်ပတ် ဖေဖော်ဝါရီ(၁၄၊ ၁၅၊ ၁၆၊ ၁၇)တွင် ကျန်(၆) ပွဲကို ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ 

ပရီးမီးယားလိဂ်အဖွဲ့ချုပ်က အသင်းအားလုံးကို တစ် ပြိုင်နက်အနားပေးပါက ပွဲစဉ်များ လုံးဝပြတ်တောက်သွားနိုင်သဖြင့် နှစ်သုတ်ခွဲ၍ အနားပေးခဲ့ခြင်းဖြစ်သော်လည်း အသင်း တစ်သင်းလျှင် အနည်းဆုံး(၁၃)ရက် အနားယူချိန်ရရှိရန် စီ စဉ်ထားခဲ့ကြောင်းလည်း သိရသည်။ 

သို့သော် အဆိုပါအနား ပေးချိန်ကာလအတွင်းတွင် FA ဖလားပြန်ကန်ပွဲစဉ်များ ယှဉ် ပြိုင်သွားရမည်ဖြစ်၍ အသင်းအချို့မှာ နားရက်အပြည့်အဝ ခံစားခွင့်ရမည်မဟုတ်ပေ။ 

ယင်းအသင်းများထဲတွင် လီဗာပူးလ်အသင်း ပါဝင်နေသော်လည်း နည်းပြ ယာဂန်ကလော့ပ် က FA ဖလားပြန်ကန်ပွဲ၌ ယူ-၂၃ အသင်းနှင့် ယူ-၂၃ နည်းပြ ဖြင့်သာ ယှဉ်ပြိုင်ကစားရန်ဆုံးဖြတ်ခဲ့ပြီး အသင်းကြီးမှ ကစားသမားများကို အနားပေးခဲ့သည်။ 

ထို့ကြောင့် လီဗာပူးလ်ကစားသမားများသည် လက်ရှိအချိန်တွင် အပန်းဖြေအလည်အပတ် ခရီးများ ထွက်ခွာနေပြီဖြစ်ကြောင်းလည်း သိရသည်။

ပရီးမီးယားလိဂ်အသင်းများ၏ ဆောင်းရာသီနားရက်ရရှိမှု

အသင်း        နားရက်

ချယ်လ်ဆီး    ၁၆ ရက်

မန်ယူ        ၁၆ ရက်

အဲဗာတန်        ၁၅ ရက်

နယူးကာဆယ်    ၁၅ ရက်

အက်စတွန်ဗီလာ    ၁၅ ရက်

ဝက်စ်ဟမ်း    ၁၅ ရက်

ဝက်ဖို့ဒ်        ၁၅ ရက်

လီဗာပူးလ်    ၁၄ ရက်

စပါး        ၁၄ ရက်

ဆောက်သမ်တန်    ၁၄ ရက်

အာဆင်နယ်    ၁၄ ရက်

ခရစ္စတယ်ပဲလေ့စ်    ၁၄ ရက်

ဘရိုက်တန်    ၁၄ ရက်

နောဝစ်ချ်        ၁၄ ရက်

မန်စီးတီး        ၁၃ ရက်

လက်စတာ    ၁၃ ရက်

ဝုလ်ဗ်        ၁၃ ရက်

ရှက်ဖီးယူနိုက်တက်    ၁၃ ရက်

ဘန်လေ        ၁၃ ရက်

ဘုန်းမောက်    ၁၃ ရက်

 

Most Read

Most Recent